News

“C. D. F(Mindat) တပ်သား၏သေတမ်းစာ”

ကျတော်သည် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက်အာဏာရှင်ကိုတွန်းလှန်တော်လှန်ရင်း ကျရှုံးခဲ့သည်ရှိသော် အောက်ပါအချက်အလက်များအား ပြည်သူ့အုပ်ချုပ်ရေးနှင့်ကျတော့်၏ချစ်သောရဲဘော်များအား သိရှိစေရန် ဤစာကိုရေး၍ထားခဲ့၏။

(၁)ကျွန်ုပ်၏ အသုဘပွဲအား သက်သတ်လွတ်ဖြင့်ပြီးပါစေ

ကျတော့်၏အသုဘတွင်မည်သည့်သက်ရှိသတ္တဝါကိုမျှသတ်ဖြတ်ခြင်း မပြုရ။ပြည်သူလူထုအားညှင်းပန်းနှိပ်စက်သော အာဏာရှင်မှလွဲ၍ မည်သည့်သက်ရှိကိုမျှ နာကျင်သေကြေခြင်းငှာ အလိုမရှိ။

(၂)ကျွန်ုပ်အားသဂြိုလ်ချိန်တွင်သေနတ်ပစ်ဖောက်ခြင်း မပြုရ

ကျည်ဆံဟူသမျှကိုရန်သူ့ဘက်သို့သာကျရောက်ပါစေ။ကျတော့်ကြောင့်ပစ်ဖောက်မည့်ကျည်ဆံအား ပြည်သူလူထုကိုကာကွယ်ရန်နှင့်အာဏာရှင်လူတစ်စု အတွက်သာအသုံးပြုပါ။

(၃)ကျွန်ုပ်အသုဘပွဲ၌ ငိုကြွေးခြင်းမပြုရ

ကျတော့်ကျရှုံးခြင်းသည် မွန်မြတ်သော ကျရှုံးခြင်းဖြစ်သောကြောင့် ငိုကြွေးမြည်တမ်းခြင်းမပြုရ။ကျတော့်အသုဘ၌ ဘုရားဂုဏ်တော်ချီးမွမ်းခြင်းနှင့်နောက်နေ့အတွက် မဟာဗျူဟာများကိုဆွေးနွေးတိုင်ပင်ခြင်းကိုသာပြုလုပ်ရန်။

(၄)ကျွန်ုပ်ကျရှုံးမှုအပေါ် မည်သူ၌မျှအပြစ်မရှိ

ဤတော်လှန်ရေးတွင်ပါဝင်ခြင်းသည် ကျတော့်ဆန္ဒအလျှောက်သာ ဖြစ်သောကြောင့်မည်သူ့အပေါ်တွင်မျှအပြစ်တင်ရန် မလိုအပ်ပေ။

ထို့ကြောင့် ပြည်သူ့အုပ်ချုပ်ရေးနှင့်ရဲဘော်များအပေါ်ကျွန်ုပ်၏ မိဘဆွေမျိုးများမှ အပြစ်တင်ရန်ပြုမှုများရှိလာပါက ပြန်လည်တုန့်ပြန်နိုင်သည်။

(၅)အဆုံးအထိတိုက်ပွဲဝင်ပေးရန်

စိတ်ပျက်အားလျော့ခြင်းမပြုဘဲ ရည်မှန်းချက်ပြည့်ဝသည်အထိ ဇွဲမလျှော့စတမ်း တိုက်ခိုက်ပေးရန်နှင့်ဖက်ဒရယ်ဒီမိုကရေစီပြည့်ဝသောနိုင်ငံအား ထူထောင်ပေးရန်… တို့ဖြစ်ပါသည်။

ရှိန်းမောင်း (ကီးသာ)

မြို့ပေါ်တပ်ရင်း

zawgyi

C. D. F(Mindat) တပ္သား၏ေသတမ္းစာ

က်ေတာ္သည္ ဖက္ဒရယ္ဒီမိုကေရစီ ရရွိေရးအတြက္အာဏာရွင္ကိုတြန္းလွန္ေတာ္လွန္ရင္း က်ရွုံးခဲ့သည္ရွိေသာ္ ေအာက္ပါအခ်က္အလက္မ်ားအား ျပည္သူ႔အုပ္ခ်ဳပ္ေရးႏွင့္က်ေတာ့္၏ခ်စ္ေသာရဲေဘာ္မ်ားအား သိရွိေစရန္ ဤစာကိုေရး၍ထားခဲ့၏။

(၁)ကၽြန္ုပ္၏ အသုဘပြဲအား သက္သတ္လြတ္ျဖင့္ၿပီးပါေစ

က်ေတာ့္၏အသုဘတြင္မည္သည့္သက္ရွိသတၱဝါကိုမၽွသတ္ျဖတ္ျခင္း မျပဳရ။ျပည္သူလူထုအားညႇင္းပန္းႏွိပ္စက္ေသာ အာဏာရွင္မွလြဲ၍ မည္သည့္သက္ရွိကိုမၽွ နာက်င္ေသေၾကျခင္းငွာ အလိုမရွိ။

(၂)ကၽြန္ုပ္အားသၿဂိဳလ္ခ်ိန္တြင္ေသနတ္ပစ္ေဖာက္ျခင္း မျပဳရ

က်ည္ဆံဟူသမၽွကိုရန္သူ႔ဘက္သို့သာက်ေရာက္ပါေစ။က်ေတာ့္ေၾကာင့္ပစ္ေဖာက္မည့္က်ည္ဆံအား ျပည္သူလူထုကိုကာကြယ္ရန္ႏွင့္အာဏာရွင္လူတစ္စု အတြက္သာအသုံးျပဳပါ။

(၃)ကၽြန္ုပ္အသုဘပြဲ၌ ငိုေႂကြးျခင္းမျပဳရ

က်ေတာ့္က်ရွုံးျခင္းသည္ မြန္ျမတ္ေသာ က်ရွုံးျခင္းျဖစ္ေသာေၾကာင့္ ငိုေႂကြးျမည္တမ္းျခင္းမျပဳရ။က်ေတာ့္အသုဘ၌ ဘုရားဂုဏ္ေတာ္ခ်ီးမြမ္းျခင္းႏွင့္ေနာက္ေန႔အတြက္ မဟာဗ်ဴဟာမ်ားကိုေဆြးေႏြးတိုင္ပင္ျခင္းကိုသာျပဳလုပ္ရန္။

(၄)ကၽြန္ုပ္က်ရွုံးမွုအေပၚ မည္သူ၌မၽွအျပစ္မရွိ

ဤေတာ္လွန္ေရးတြင္ပါဝင္ျခင္းသည္ က်ေတာ့္ဆႏၵအေလၽွာက္သာ ျဖစ္ေသာေၾကာင့္မည္သူ႔အေပၚတြင္မၽွအျပစ္တင္ရန္ မလိုအပ္ေပ။

ထို့ေၾကာင့္ ျပည္သူ႔အုပ္ခ်ဳပ္ေရးႏွင့္ရဲေဘာ္မ်ားအေပၚကၽြန္ုပ္၏ မိဘေဆြမ်ိဳးမ်ားမွ အျပစ္တင္ရန္ျပဳမွုမ်ားရွိလာပါက ျပန္လည္တုန္႔ျပန္နိုင္သည္။

(၅)အဆုံးအထိတိုက္ပြဲဝင္ေပးရန္

စိတ္ပ်က္အားေလ်ာ့ျခင္းမျပဳဘဲ ရည္မွန္းခ်က္ျပည့္ဝသည္အထိ ဇြဲမေလၽွာ့စတမ္း တိုက္ခိုက္ေပးရန္ႏွင့္ဖက္ဒရယ္ဒီမိုကေရစီျပည့္ဝေသာနိုင္ငံအား ထူေထာင္ေပးရန္… တို့ျဖစ္ပါသည္။

ရွိန္းေမာင္း (ကီးသာ)

ၿမိဳ့ေပၚတပ္ရင္း