ဗဟုသုတ

ကလေးတွေ ကစားဖို့ အရုပ်လေးတွေ များများဝယ်ပေးရန် လိုအပ်ကြောင်း ပြောကြားလာတဲ့ ရဲဘော်တစ်ဦးဖြစ်သူ မော်ဒယ် ဝေယံအောင်








Source -wai yan aung

ယူနီကုဒ်

ကလေးတွေ ကစားဖို့ အရုပ်လေးတွေများများ ဝယ်ပေးရန် လိုအပ်ကြောင်း ပြောကြားလာတယ် ရဲဘော်တစ်ဦးဖြစ်သူ မော်ဒယ် ဝေယံအောင်

ပရိသတ်ကြီးရေ မော်ဒယ် boy ချောချောလေးတွေကို သင်ကြားပြသမွေးထုတ်ပေးနေတဲ့ ကိုဝေယံအောင်ကတော့ တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေမှာ လေ့ကျင့်နေတဲ့ ရဲဘော်တစ်ဦးပါ။

သူဟာ မြို့ပြမှာရှိတဲ့ သူရဲ့အနုပညာအလုပ်နဲ့စီးပွားရေးလုပ်ငန်းတွေအားလုံးကို စွန့်လွှတ်ပြီး ပြည်သူတွေအတွက် အသက်ကိုပဲ မနှမျှောဘဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

အခုချိန်ဟာ တစ်နိုင်ငံလုံးအတွက် အရမ်းအရေးကြီးတဲ့အချိန်ကို ရောက်ရှိနေပါပြီ ဒါကြောင့် ရဲဘော်တွေအတွက် စားနပ်ရိက္ခာနဲ့ လက်နက်တွေဝယ်ယူဖို့လိုအပ်နေတာကြောင့် ပြည်သူတွေကိုအားကိုတစ်ကြီးနဲ့ အခုလိုပဲ ပြောပြလာပါတယ်။

” ပြည်သူအားလုံး ပြည်သူ့သူရဲကောင်းများနဲ့အတူ အသိ၊သတိကြီးကြီးနဲ့ တစ်ညီတစ်ညွတ်တည်းပါဝင်ဆင်နွှဲပေးကြပါ…💪🏻 အားလုံး ဘေးကင်းကြပါစေခင်ဗျာ… 🙏🏻အားဖြည့်ပံ့ပိုးပေးသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ပါတယ်ဗျ… 🥰

ခုအချိန်မှာ ကျနော်တို့ရဲ့ကလေးလေးတွေအတွက်ချစ်စရာကောင်းတဲ့ ဆော့စရာ အရုပ်လေးတွေ 💥အရေးပေါ် လိုအပ်နေသေးတာကြောင့်ဝယ်ပေးချင်တယ်ဆိုရင် messenger ကို လာခဲ့ပေးဖို့ မေတ္တာရပ်ခံပါရစေခင်ဗျ… 😔🙏🏻မျှော်နေမယ်ဗျ… ”

PDF ရဲဘော်တွေက ပြည်သူကိုကာကွယ်စောင့်ရှောက်သလို ပြည်သူကလဲ PDF တွေကို တတ်နိုင်သ၍ ပြန်လည်ထောက်ပံ့ကြရမှာဖြစ်ပါတယ်နော်

Source -wai yan aung