Unicode
ကျောင်းတုန်းက သူမအား ဆူပူခဲ့သည့် ဆရာဖြစ်သူကို လက်စားချေနိုင်ရန်အတွက် ဆရာ၏သားဖြစ်သူအရွယ်ရောက်သည်အထိစောင့်ကာ လက်ထပ်ယူခဲ့သည့် ကောင်မလေး
အငြိုးအတေးထားတတ်ခြင်းဆိုသည်မှာ ကောင်းမွန်သော အလုပ်တစ်ခုတော့မဟုတ်ပေ။အကြောင်းတစ်ခုခုကြောင့် တစ်ယောက်နှင့်တစ်ယောက်စိတ်အခန့်မသင့်သည့်အချိန်မျိုးကို ကြုံတွေ့ရနိုင်ပေမယ့် နားလည်ပေးလိုက်ခြင်းသည်အကောင်းဆုံးပင်ဖြစ်သည်။
ယခုတွင်လည်း ကောင်မလေးတစ်ဦးသည် သူမကျောင်းသူဘဝအချိန်က ဆရာဖြစ်သူဟာ သူမအား ဆူပူကြိမ်းမောင်းကာ ဆုံးမမှုများပြုလုပ်ခဲ့ပါတယ်။
ဆရာဖြစ်သူဟာ တပည့်လေးကို ကောင်းစားစေချင်သောဖြင့် ဆူပူခဲ့သော်လည်း ကောင်မလေးက ဆရာဖြစ်သူကို နှစ်ပေါင်းများစွာ အငြိုးအတေးထားခဲ့တာဖြစ်ပါတယ်။သူမအားကျောင်းသူဘဝက ဆူပူခဲ့တာတွေကို လက်စားချေနိုင်ရန်အတွက် ဆရာ၏သားဖြစ်သူကို အရွယ်ရောက်သည်အထိစောင့်ကာ လက်ထပ်ယူဖို့ ကြိုးစားဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
သူမ၏ အစီအစဥ်အောင်မြင်သွားသည့်အချိန်မှာတော့ ကောင်မလေးဟာ လိုင်းပေါ်တွင် ဖွင့်ပြောလာခဲ့တာဖြစ်ပါတယ်။