ဗဟုသုတ

ရေကျချိန်မှာ အလွမ်းပြေသွားရောက်ဖူးမျှော်ရင်း ဒေသခံတွေ မျက်ရည်စို့ရတဲ့ သဖန်းဆိပ်ဆည်ထဲက ဘုရားကြီး

ရေကျချိန်မှာ အလွမ်းပြေသွားရောက်ဖူးမျှော်ရင်း ဒေသခံတွေ မျက်ရည်စို့ရတဲ့ သဖန်းဆိပ်ဆည်ထဲက ဘုရားကြီး

မိုးရာသီ ရေပြည့်ချိန်မှာ ရေအောက်မှာ စံနေေတာ်မှုပြီး နွေရာသီ ရေကျမှ ခုလို ပြန်ပေါ်လာတာဖြစ်ပါတယ်။ ၁၉၉၈ခုနှစ်က ဆည်တည်တော့ ရွာတွေရွှေ့ပြောင်းကြရတယ် တချို့မရွေ့ပြောင်းနိုင်တဲ့ အရာတွေ ရေအောက်ရောက်သွား တယ်။

ဆည်ရေလျော့တဲ့အခါ မွေးရပ်ရွာက ဘုရားကြီးကို သွားဖူးကြတယ် လှေပေါ်ကနေ ဘုရားဖူးနေတဲ့သူတွေ ကြည့်ပြီး မျက်ရည်စို့ရတယ်။ သဖန်းဆိပ်ဆည်ကြီးကနေ ပေးဝေတဲ့ ရေတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းက တောင်သူတွေ လယ်ယာစိုက်ပျိုးရေးအတွက် များစွာအဆင်ပြေကြပါတယ်။

သဖန်းဆိပ်ဆည်ကြီးကနေထုတ်လုပ်ပြီးပေးဝေတဲ့ လျှပ်စစ်မီးတွေကြောင့် ဒေသတော်တော်များများ မီးတွေလင်းနေပါပြီ။

အများကောင်း ကျိုးအတွက် ပေးဆပ်ခဲ့ကြရတဲ့ သဖန်းဆိပ်ဆည် ဧရိယာထဲက ဒေသခံတွေရဲ့ ရင်ထဲက နာကျင်မှုတွေကတော့ ခုထိရှိနေဆဲပါ။ အများအကျိုးအတွက် ပေးဆပ်ခဲ့ကြတာပဲဆိုပြီး ဂုဏ်ယူခဲ့ကြပေမယ့်လည်း ခုလို ဆည်ရေတွေကျချိန် နေရာဟောင်းလေးကို အလွမ်းပြေလာကြည့် မိတိုင်း သူတို့တတွေ မျက်ရည်ဝဲနေဆဲပါပဲ။

သဖန်းဆိပ်ဆည်ဟာ အရှေ့တောင်အာရှရဲ့ အကြီးဆုံးဆည်ဖြစ်ပြီး၊အမြင့် ၁၀၈ပေ၊ တမံအလျား ၂၂၅၈၇ ပေ၊ ကန်ရေအပြည့်သိုလှောင်နိုင်သည့် ပမာဏ ၂၈၈၀၀၀၀ ဧကပေ၊ လျှပ်စစ်ဓာတ် အားထုတ် လုပ်နိုင်မှု ပမာဏ ၃၀ မဂ္ဂါဝပ် ဖြစ်ပါတယ်။

UNICODE

ရေကျချိန်မှာ အလွမ်းပြေသွားရောက်ဖူးမျှော်ရင်း ဒေသခံတွေ မျက်ရည်စို့ရတဲ့ သဖန်းဆိပ်ဆည်ထဲက ဘုရားကြီး

မိုးရာသီ ရေပြည့် ချိန်မှာ ရေအောက်မှာ စံနေေ တာ်မှုပြီး နွေရာသီ ရေကျမှ ခုလို ပြန်ပေါ်လာတာဖြစ်ပါတယ်။ ၁၉၉၈ခုနှစ်ကဆည် တည်တော့ ရွာတွေရွှေ့ပြောင်းကြရတယ် တချို့မရွေ့ပြောင်းနိုင်တဲ့အရာတွေ ရေအောက်ရောက်သွားတယ်။

ဆည်ရေလျော့ တဲ့အခါ မွေးရပ် ရွာက ဘုရားကြီးကို သွားဖူးကြတယ် လှေပေါ်ကနေ ဘုရားဖူးနေတဲ့သူတွေ ကြည့်ပြီး မျက်ရည် စို့ ရတယ်။သဖန်းဆိပ်ဆည် ကြီးကနေ ပေးဝေတဲ့ ရေတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းက တောင်သူတွေ လယ်ယာစိုက်ပျိုးရေးအတွက် များစွာအဆင်ပြေကြပါတယ်။သဖန်းဆိပ် ဆည်ကြီးကနေ ထုတ်လုပ်ပြီး ပေးဝေတဲ့ လျှပ်စစ် မီးတွေကြောင့် ဒေသတော်တော်များများ မီးတွေလင်းနေပါပြီ။

အများကောင်းကျိုးအတွက် ပေးဆပ်ခဲ့ကြရတဲ့ သဖန်းဆိပ်ဆည် ဧရိယာထဲက ဒေသခံတွေရဲ့ ရင်ထဲက နာကျင်မှုတွေကတော့ ခုထိရှိနေဆဲပါ။အများအကျိုးအတွက် ပေးဆပ်ခဲ့ကြတာပဲ ဆိုပြီး ဂုဏ်ယူခဲ့ကြပေမယ့်လည်း ခုလို ဆည်ရေတွေကျချိန် နေရာဟောင်းလေးကို အလွမ်းပြေ လာကြည့ မိတိုင်း သူတို့တတွေ မျက်ရည်ဝဲနေဆဲပါပဲ။

သဖန်းဆိပ်ဆည်ဟာ အရှေ့တောင်အာရှရဲ့ အကြီးဆုံးဆည်ဖြစ်ပြီး၊အမြင့် ၁၀၈ ပေ၊တမံအလျား ၂၂၅၈၇ ပေ၊ ကန်ရေအပြည့် သိုလှောင်နိုင်သည့်ပမာဏ ၂၈၈၀၀၀၀ ဧကပေ၊ လျှပ်စစ်ဓာတ်အားထုတ် လုပ်နိုင်မှု ပမာဏ ၃၀ မဂ္ဂါဝပ် ဖြစ်ပါတယ်။