ဗဟုသုတ

နောက်ဆုံးအချိန်ရောက်နေတာတောင်လက်သုံးချောင်းထောင်ပြီး အသက်ပေးသွားခဲ့တဲ့လူငယ်လေးတွေကိုကြည့်ကာ ရင်နာနာနဲ့ဖွင့်ဟလာတဲ့ CDM ဗိုလ်ကြီး

နောက်ဆုံးအချိန်ရောက်နေတာတောင်လက်သုံးချောင်းထောင်ပြီး အသက်ပေးသွားခဲ့တဲ့လူငယ်လေးတွေကိုကြည့်ကာ ရင်နာနာနဲ့ဖွင့်ဟလာတဲ့ CDM ဗိုလ်ကြီး

နိုင်ငံရေးအခြေအနေ‌အရပ်ရပ်နဲ့ အာဏာရှင်လူတစ်စုရဲ့လုပ်ရပ်တွေကြောင့် လူငယ်တွေအတော်များများ လွတ်မြောက်နယ်မြေကိုရောက်ရှိနေကြပြီး စစ်ရေးအတွက်ပြင်ဆင်နေကြတာဖြစ်ပါတယ်။

ပြည်သူချစ်အနုပညာရှင်အတော်များများကလည်း လွတ်မြောက်နယ်မြေတွေမှာရောက်ရှိနေပြီး တပ်တွင်းကရဲဘော်တွေနဲ့ ဗိုလ်ကြီးတွေပါ CDMလုပ်လာကြတာကို တွေ့ရပါတယ်။

ဒီဒေးကြော်ငြာပြီးတဲ့ရက်တည်းကစကာ တိုက်ပွဲတွေလည်း ပြင်းထန်လာနေသလို နေရာအနှံ့မှာလည်း ဖိနှိပ်ဖမ်းဆီးမှုတွေ အများအပြားဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။

ယမန်နေ့ကလည်း PDF ရဲဘော်ကလေးတွေ အများအပြားဖမ်းဆီးခဲ့ခံရပြီး ပစ်ခတ်မှုတွေအထိပါခံခဲ့ရတာကြောင့် သေဆုံးသွားရတဲ့ လူငယ်လေးတွေလည်း အများအပြားရှိခဲ့ပါတယ်။

ဒီလိုအခြေအနေမှာတောင် လူငယ်လေးတွေဟာ နောက်ဆုံးအချိန်ထိ လက်သုံးချောင်းထောင်ကာ အရေးတော်ပုံအောင်ရမည်လို့ ကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး CDMဗိုလ်ကြီး လင်းထက်အောင်က ခံပြင်းဒေါသထွက်မှုတွေနဲ့အတူ သွေးကြွေးမှာ ဆွေးနွေးစရာမရှိကြောင်း၊နောက်ဆုံးချိန်ရောက်တာတောင် အာဏာရှင်လက်အောက် အကျမခံခဲ့တဲ့လူငယ်လေးတွေရဲ့ သတ္တိကို လေးစားချီးကျူးမိကြောင်း ဖွင့်ဟလာပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Zawgyi

နောက်ဆုံးအချိန်ရောက်နေတာတောင် လက်သုံးချောင်းထောင်ပြီး အသက်ပေးသွားခဲ့ကြတဲ့လူငယ်လေးတွေရဲ့အဖြစ်ကိုကြည့်ကာ ရင်နာနာနဲ့ဖွင့်ဟလာတဲ့ CDM ဗိုလ်ကြီး





