September 12, 2021
ခြေတုလိုအပ်သူတွေကို မကြာခဏဆိုသလို ခြေတုလေးတွေ လှူဒါန်းပေးခဲ့တဲ့ ကလေးတို့မေမေ ခိုင်နှင်းဝေ ဟာဒီနေ့မှာတော့ ခြေတု လက်တုတွေ ထုတ်လုပ်ပေးမယ့် စက်ရုံကြီးတည်ဆောက်ဖို့ပါ စာချုပ်ချုပ်ဆို လိုက်ပြီဖြစ်ပါတယ်။
တစ်စကနေ အများကြီးဖြစ်လာအောင် စွမ်းဆောင်နိုင်တဲ့ ခွန်အားနဲ့ ကူညီချင်စိတ်ရှိတဲ့ စိတ်ထားလေးကတော့လေးစားစရာပါပဲ။
ခြေတု လက်တု စက်ရုံအပြင် ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် အဆောက်အဦးတစ်ခုကိုတောင်ဒဂုံမြို့နယ်မှာ ဆောက်လုပ်ဖို့ စာချုပ်ချုပ်ဆိုခဲ့တာပဲဖြစ်ပါတယ်။
သူမဟာ အများကောင်းကျိုး ဆောင်ရွက်နေတာဖြစ်လို့ ဆောက်လုပ်ပေးမယ့်လုပ်ငန်းရှင်ဟာလည်း အကျိုးအမြတ်ကိုလိုတာထက်ပိုပြီးလျော့ချပေးကာ သူမရဲ့စေတနာတွေကို ပံ့ပိုးပေးခဲ့ပါတယ်။
ကောင်းတာလုပ်ရင် ကောင်းကျိုးဖြစ်လာတယ်ဆိုတဲ့ စကားအတိုင်း အများအတွက်ကူညီပေးလိုစိတ်ရှိသူ ဖြစ်တာကြောင့် သူမအပေါ်မှာလည်း စေတနာထားသူတွေ ပိုပြီးများလာခဲ့တာပါ။
ရင်ခွင်မဲ့ ကလေးငယ်တိုင်းကို လက်လှမ်းမီသလောက်ကူညီပေးခဲ့ပြီး ကလေးတို့ရဲ့မေမေအဖြစ်နဲ့သူမရဲ့ဘဝအချိန်တွေကို ပျော်ပျော်ကြီး ဖြတ်သန်းနေခဲ့ပါတယ်။
စိတ်ထားလှသူဖြစ်တာကြောင့် သူမကိုချစ်ခင်သူတွေပေါများပြီး သူမရဲ့လုပ်ရပ်နဲ့ သဒ္ဓါတရားကိုလက်တွေ့မြင်ရတဲ့ ပြည်သူတွေဟာ သူမကိုပိုမိုလှူဒါန်းပေးခဲ့ကြပြီး သူမကိုယ်တိုင်ကလည်း လိုအပ်တဲ့ နေရာဆီကိုအရောက်သွားပြီး အလှူရှင်တွေရဲ့မေတ္တာငွေကြေးတွေကို အကျိုးရှိအောင် ထောက်ပံ့ပေးခဲ့ပါတယ်။
တနယ်တကျေးကနေ သူမဆီအရောက်လာပြီး ခြေတု လက်တု အကူအညီတောင်းသူတွေအပြင်နောက်ထပ်လူတွေအများကြီးလည်း ထပ်မံလှူဒါန်းနိုင်အောင် ခြေတု လက်တု စက်ရုံကြီးအထိပါ
တည်ဆောက်ခဲ့တဲ့ မေမေခိုင်ရဲ့စေတနာကတော့ အံ့မခန်းပါပဲ။
Photo Credit – Khine Hnin Wai’s FB Acc
သတင်းအရင်းမြစ်: Khine Hnin Wai’s FB Acc
September 12, 2021
ခြေတုလိုအပ်သူတွေကို မကြာခဏဆိုသလို ခြေတုလေးတွေ လှူဒါန်းပေးခဲ့တဲ့ ကလေးတို့မေမေ ခိုင်နှင်းဝေ ဟာဒီနေ့မှာတော့ ခြေတု လက်တုတွေ ထုတ်လုပ်ပေးမယ့် စက်ရုံကြီးတည်ဆောက်ဖို့ပါ စာချုပ်ချုပ်ဆို လိုက်ပြီဖြစ်ပါတယ်။
တစ်စကနေ အများကြီးဖြစ်လာအောင် စွမ်းဆောင်နိုင်တဲ့ ခွန်အားနဲ့ ကူညီချင်စိတ်ရှိတဲ့ စိတ်ထားလေးကတော့လေးစားစရာပါပဲ။ခြေတု လက်တု စက်ရုံအပြင် ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် အဆောက်အဦးတစ်ခုကိုတောင်ဒဂုံမြို့နယ်မှာ ဆောက်လုပ်ဖို့ စာချုပ်ချုပ်ဆိုခဲ့တာပဲဖြစ်ပါတယ်။
သူမဟာ အများကောင်းကျိုး ဆောင်ရွက်နေတာဖြစ်လို့ ဆောက်လုပ်ပေးမယ့်လုပ်ငန်းရှင်ဟာလည်း အကျိုးအမြတ်ကိုလိုတာထက်ပိုပြီးလျော့ချပေးကာ သူမရဲ့စေတနာတွေကို ပံ့ပိုးပေးခဲ့ပါတယ်။
ကောင်းတာလုပ်ရင် ကောင်းကျိုးဖြစ်လာတယ်ဆိုတဲ့ စကားအတိုင်း အများအတွက်ကူညီပေးလိုစိတ်ရှိသူ ဖြစ်တာကြောင့် သူမအပေါ်မှာလည်း စေတနာထားသူတွေ ပိုပြီးများလာခဲ့တာပါ။
ရင်ခွင်မဲ့ ကလေးငယ်တိုင်းကို လက်လှမ်းမီသလောက်ကူညီပေးခဲ့ပြီး ကလေးတို့ရဲ့မေမေအဖြစ်နဲ့သူမရဲ့ဘဝအချိန်တွေကို ပျော်ပျော်ကြီး ဖြတ်သန်းနေခဲ့ပါတယ်။
စိတ်ထားလှသူဖြစ်တာကြောင့် သူမကိုချစ်ခင်သူတွေပေါများပြီး သူမရဲ့လုပ်ရပ်နဲ့ သဒ္ဓါတရားကိုလက်တွေ့မြင်ရတဲ့ ပြည်သူတွေဟာ သူမကိုပိုမိုလှူဒါန်းပေးခဲ့ကြပြီး သူမကိုယ်တိုင်ကလည်း လိုအပ်တဲ့ နေရာဆီကိုအရောက်သွားပြီး အလှူရှင်တွေရဲ့မေတ္တာငွေကြေးတွေကို အကျိုးရှိအောင် ထောက်ပံ့ပေးခဲ့ပါတယ်။
တနယ်တကျေးကနေ သူမဆီအရောက်လာပြီး ခြေတု လက်တု အကူအညီတောင်းသူတွေအပြင်နောက်ထပ်လူတွေအများကြီးလည်း ထပ်မံလှူဒါန်းနိုင်အောင် ခြေတု လက်တု စက်ရုံကြီးအထိပါတည်ဆောက်ခဲ့တဲ့ မေမေခိုင်ရဲ့စေတနာကတော့ အံ့မခန်းပါပဲ။
Photo Credit – Khine Hnin Wai’s FB Acc
သတင်းအရင်းမြစ်: Khine Hnin Wai’s FB Acc