September 12, 2021
တောတောင်တွေထဲမှာ ပင်ပင်ပန်းပန်းနဲ့ စစ်ရေးလေ့ကျင့်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အခက်အခဲတွေမျိုးစုံကို ရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အဆိုတော်ဒေးဗစ်လိုင် တစ်ယောက် တောတောင်တွေထဲမှာ ပြင်းပြင်းထန်ထန်စစ်ရေးလေ့ကျင့်နေကြတဲ့ CDF-Mara တပ်ဖွဲ့ဆီကို ရောက်ရှိသွားခဲ့ပါတယ်။CDF-Mara တပ်ဖွဲ့ဝင်တွေဟာ ဖိနပ်တောင်မရှိဘဲ ပင်ပင်ပန်းပန်းနဲ့ တစ်လလုံး လေ့ကျင့်နေကြရတာ ဖြစ်ပါတယ် ။
CDF-Mara တပ်ဖွဲ့ဟာ နေရာထိုင်ခင်းနဲ့ အစားအသောက် လိုအပ်ချက်တွေ အများကြီးရှိနေတာဖြစ်ပြီးအဆိုတော်ဒေးဗစ်လိုင်က အဆိုပါလိုအပ်ချက်ကို ဖြည့်စည်းပေးဖို့ သူတတ်နိုင်သလောက် ကူညီပေးနေခဲ့ပါတယ်။ယခုမှာတော့ အဆိုတော်ဒေးဗစ်လိုင်တစ်ယောက် CDF-Mara တပ်ဖွဲ့ထံကိုရူပီးငွေ ၂၅၁,၀၀၀ ( မြန်မာငွေ ၅၅သိန်းကျော်)ကို လှူဒါန်းလိုက်ပါတယ်။
အဆိုတော်ဒေးဗစ်လိုင်ကတော့ အဆိုပါလှူဒါန်းမှုကို ပြုလုပ်ခဲ့တဲ့အပြင် အခက်အခဲတွေရင်ဆိုင်နေရတဲ့CDF-Mara တပ်ဖွဲ့ကိုယ်စား အလှူငွေတွေကို ကိုယ်စား ကောက်ခံပေးနေခဲ့ပါတယ်။
CDF-Mara တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းကလူတွေဟာ လာလေ့ကျင့်ကြမယ့်နောက်သင်တန်းသားတွေစားသောက်ဖို့အတွက် စားစရာတွေ မရှိတော့တာကြောင့် ခေါင်းခဲနေရပြီး အဆိုပါအခက်အခဲပြေလည်ဖို့အတွက် ပြည်သူတွေအနေနဲ့တတ်နိုင်သလောက် လှူဒါန်းပေးကြဖို့ အဆိုတော်ဒေးဗစ်လိုင်က တိုက်တွန်းပြောဆိုထားပါတယ်။
အဆိုတော်ဒေးဗစ်လိုင်ကတော့ မိမိဒေသကိုကာကွယ်ဖို့၊ အာဏာရှင်ကိုတိုက်ထုတ်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက်တော်လှန်ရေးလုပ်နေကြတဲ့ ညီအစ်ကိုတွေကို သူတို့နဲ့ထိုက်တန်တဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ပေးကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။
Source : David Lai ‘ s Facebook Page
September 12, 2021
တောတောင်တွေထဲမှာ ပင်ပင်ပန်းပန်းနဲ့ စစ်ရေးလေ့ကျင့်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အခက်အခဲတွေမျိုးစုံကို ရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အဆိုတော်ဒေးဗစ်လိုင် တစ်ယောက် တောတောင်တွေထဲမှာ ပြင်းပြင်းထန်ထန်စစ်ရေးလေ့ကျင့်နေကြတဲ့ CDF-Mara တပ်ဖွဲ့ဆီကို ရောက်ရှိသွားခဲ့ပါတယ်။
CDF-Mara တပ်ဖွဲ့ဝင်တွေဟာ ဖိနပ်တောင်မရှိဘဲ ပင်ပင်ပန်းပန်းနဲ့ တစ်လလုံး လေ့ကျင့်နေကြရတာ ဖြစ်ပါတယ် ။
CDF-Mara တပ်ဖွဲ့ဟာ နေရာထိုင်ခင်းနဲ့ အစားအသောက်လိုအပ်ချက်တွေအများကြီးရှိနေတာဖြစ်ပြီးအဆိုတော်ဒေးဗစ်လိုင်က အဆိုပါလိုအပ်ချက်ကိုဖြည့်စည်းပေးဖို့သူတတ်နိုင်သလောက် ကူညီပေးနေခဲ့ပါတယ်။
ယခုမှာတော့ အဆိုတော်ဒေးဗစ်လိုင်တစ်ယောက် CDF-Mara တပ်ဖွဲ့ထံကိုရူပီးငွေ ၂၅၁,၀၀၀( မြန်မာငွေ ၅၅သိန်းကျော်)ကို လှူဒါန်းလိုက်ပါတယ်။ အဆိုတော်ဒေးဗစ်လိုင်ကတော့ အဆိုပါလှူဒါန်းမှုကို ပြုလုပ်ခဲ့တဲ့အပြင် အခက်အခဲတွေရင်ဆိုင်နေရတဲ့CDF-Mara တပ်ဖွဲ့ကိုယ်စား အလှူငွေတွေကို ကိုယ်စား ကောက်ခံပေးနေခဲ့ပါတယ်။