သူဌေးတွေဟာ ဆင်းရဲသားတွေကို မုန်းတယ်
ဆင်းရဲသားတွေ…ဂိမ်းဆော့နေချိန်မှာ..သူဌေးတွေ..အလုပ်လုပ်ခဲ့ရတယ်
ဆင်းရဲသားတွေ….ဖုန်းသုံးနေချိန်မှာ..သူဌေးတွေ…အလုပ်လုပ်ခဲ့ရတယ်
ဆင်းရဲသားတွေ…အိပ်နေချိန်မှာ..သူဌေးတွေ..အလုပ်လုပ်ခဲ့ရတယ်.
ဆင်းရဲသားတွေ…ချစ်သူနဲ့ပျော်ရွှင်နေချိန်မှာ..သူဌေးတွေ…အချိန်မပေးနိုင်ခဲ့ကြဘူး
ဆင်းရဲသားတွေ….မဖြစ်နိုင်ဘူးလို့…ငြီးငြူနေတဲ့အရာတွေကို..သူဌေးတွေက.မဖြစ်ဖြစ်တဲ့နည်းရှာကြံပြီး… ကြိုးစားခဲ့ရတယ်..
ဆင်းရဲသားတွေ…တစ်ရက်စာ၊တစ်လစာအတွက်ပဲပူတဲ့အချိန်မှာ…သူဌေးတွေဟာ..၅နှစ်စာကနေ နှစ် ၁၀၀ စာလောက်ထိပူခဲ့ရတယ်…
.ဒ့ါကြောင့်….သူဌေးတွေဟာ…ဘာမှမလုပ်ပဲ..ဇိမ်ကျနေတဲ့…ဆင်းရဲသားတွေမုန်းကြတာဖြစ်တယ်..
ဒီလိုနဲ့..အချိန်တစ်ခုရောက်တဲ့အချိန်မှာ…သူဌေးတွေကို..ဆင်းရဲသားတွေက.ပြန်.မုန်းလာကြတယ်
ဆင်းရဲသားတွေကထင်တယ်…သူဌေးတွေဆိုတာ..အချိန်ပြည့်..ဇိမ်နဲ့နေရတယ်..
ဆင်းရဲသားကထင်တယ်…သူဌေးဆိုတာ..ရေကန်အသင့်ကြာအသင့်..ချမ်းသာလာတာဖြစ်တယ်
ဆင်းရဲသားကထင်တယ်…သူဌေးတွေဟာ..ဆင်းရဲတဲ့ဘဝ…အကြောင်းနားမလည်ကြဘူး
ဆင်းရဲသားကထင်တယ်..သူဌေးတွေချမ်းသာခြင်းဟာ..အထောက်ပံ့ကောင်းတွေရှိလို့ပါ
ဆင်းရဲသားကထင်တယ်..သူဌေးတွေဟာ…ခေါင်းပုံဖြတ်ကြတယ်
ဆင်းရဲသားကထင်တယ်…သူတို့ဘယ်လောက်ကြိုးစားကြိုး စား. .သူဌေးတွေလို..မချမ်းသာနိုင်ဘူး
ဆင်းရဲသားတွေကထင်တယ်…သူဌေးဆိုတာ..မဟုတ်တာတွေလုပ်လို့..ချမ်းသာလာတာ
ဆင်းရဲသားတွေကထင်တယ်…ရောင့်ရဲတင်းတိမ်ခြင်းဟာ..ဘဝကိုအေးချမ်းစေတယ်
ဆင်းရဲသားတွေကထင်တယ်…ချမ်းသာခြင်းဆိုတာ..ဖန်ဆင်းရှင်တစ်ယောက်ယောက်ဆီကလာတယ်.
ဆင်းရဲသားတွေကထင်တယ်…အခွင့်ရေးဆိုတာ ..သူ့အလိုလိုရောက်လာတတ်တယ်..
ဆင်းရဲသားကထင်တယ်..ဆင်းရဲသားဘဝကနေ..ချမ်းသာသွားသူတွေဟာ…ကံကောင်းလိုသာဖြစ်တယ်
ဆင်းရဲသားကထင်တယ်..သူဌေးတွေဟာ..ဆင်းရဲသားတွေဆိုမကူညီချင်ဘူး
ဒ့ါကြောင့် ဆင်းရဲသားတွေဟာ..သူဌေးတွေကို မုန်းလာကြတာဖြစ်တယ်
တကယ်တော့…ကိုယ်တိုင်.ရိုးသားကြိုးစားပြီးတိုးတက်အောင်မြင်လာတဲ့ သူဌေးတွေဟာ..
ဘဝကိုဖြစ်သလိုနေတတ်တဲ့..ကံကိုပဲပုံချတတ်တဲ့.. ဆင်းရဲ ..သားတွေကို..ကူညီလေ့မရှိဘူး
သူတို့လို..ရိုးသားကြိုးစားလာတဲ့..ဆင်းရဲသားကိုတော့ ..လက်တွဲကူညီတတ်ကြတယ်…
ကိုယ်တိုင်..နေ့မအိပ်ညမအိပ်..အားထုတ်ကြိုးစားခဲ့လို့..ရလာတဲ့…စည်းစိမ်ချမ်းသာ တွေနဲ့..ဂိမ်းဆော့လိုက် ရည်းစားထားလိုက်..အိပ်လိုက်နဲ့အချိန်ကုန်တတ်တဲ့..ဆင်းရဲသားတွေကို..ဘယ်တော့မှ..ကူညီမှာမဟုတ်ပါဘူး
မှတ်ထားပါ..လူငယ်တစ်ယောက်..မဆုတ်မနစ်..ကြိုးစားနေပြီ…ဆိုရင်..သူဌေးလို့ခေါ်နိုင်ပါတယ်.
လူငယ်တစ်ယောက်..ဖြစ်သလိုနေနေပြီဆိုရင်..မိဘကချမ်းသာလဲ..ဆင်းရဲသားလို့ခေါ်ပါတယ်..
မှတ်ထားပါ..ချမ်းသာဖို့..အောင်မြင်ဖို့…ဆန္ဒပြင်းပြလွန်းတဲ့…လူငယ်အတွက်..မဖြစ်နိုင်ဘူးဆိုတဲ့အခက်ခဲ့ဟာ..အခွင့်ရေးအဖြစ်ပြောင်းသွားပါတယ်.
ဒါ့ကြောင့်..ဂိမ်းဆော့ရင်း..ဖုန်းကိုင်ရင်း..ရည်းစားလေးနဲ့အချိန်ကုန်ရင်း..ကပ်ကြီးသုံးပါးကို…ထိုင်အပစ်ပြောရင်း..အချိန်ကုန်နေသ၍..လူငယ်ဆင်းရဲနေဦးမှာပါပဲ
ချစ်လို့ပြောတယ်မှတ်ပါ..လူငယ်
မှတ်ချက်။ ။ မူမမှန်တဲ့နည်းနဲ့ ချမ်းသာလာတဲ့သူဌေး နဲ့ ကြိုးစားရဲ့သားနဲ့ ရည်ရွယ်ချက်ရှိရှိ အတိုက်ခိုက်ခံရလို့ မွဲသွားတဲ့ ဆင်းရဲသာများကို မဆိုလိုပါ
Crd