Unicode
သားငယ်လေးကို ကျောင်းလိုက်ပို့ပေးရန် မပျက်ကွက်ခဲ့သည့် ဝှီးချဲလ်လေးဖြင့် သွားလာနေရသောဖခင်
တစ်ခါတစ်လေတွင် ပုံရိပ်လေးတစ်ခုဟာလည်း စကားများစွာကို ပြောစရာမလိုဘဲ အရာအားလုံးကို ဖော်ပြနေတတ်ပါတယ်။
ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ Tatay Alejandroဆိုသည့် ဖခင်တစ်ဦး၏ သားလေးကို ကျောင်းပို့ပေးနေသည့် ပုံရိပ်များသည် လူအများ၏နှလုံးသားကို ရိုက်ခက်စေခဲ့ပြီဖြစ်ပါတယ်။
ထိုဖခင်ဟာ အောက်ပိုင်းခြေထောက်များကို ဆုံးရှုံးထားရသောကြောင့် ဝှီးချဲလ်ဖြင့် သွားလာနေရသူဖြစ်ပါတယ်။
သို့သော်လည်း မူလတန်းတွင် ပညာသင်ကြားနေသော အသက်၇နှစ်အရွယ်သားငယ်လေးကို ကျောင်းလိုက်ပို့ပေးနေသည့် ပုံရိပ်ကြောင့် မြင်တွေ့သူများက ဂရုဏာသက်စေခဲ့တာဖြစ်ပါတယ်။
အခြားလူများနည်းတူ မိမိ ၏သားလေးကို ကျောင်းလိုက်ပို့ပေးချင် သည့် မိဘ၏ စေတ နာများသည် စကားလုံးများဖြင့် ဖော်ကျူးရန်မည်သို့မျှ တတ်နိုင်ခဲ့တော့ မည် မဟုတ်ပေ။