လူရွှင်တော်တိုင်းကျော်အပါအဝင် ဟား(၅)ကောင်လူရွှင်တော်အဖွဲ့ကတော့ အမှန်တရားဘက်ကနေမားမားမတ်မတ်ရပ်တည်နေပြီး ယခုမှာတော့ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေပါတယ်။
လူရွှင်တော်တိုင်းကျော်ကတော့ တောတောင်ထဲမှာ ပင်ပန်းဆင်းရဲခံပြီး ရန်သူကို တိုက်ခိုက်ဖို့အတွက် စစ်ရေးလေ့ကျင့်နေပါတယ်။
ယခုမှာတော့ တိုင်းကျော်ရဲ့ ညီဖြစ်သူဟာ အသက်ကိုတောင်ပေးပြီး
ပြည်သူတွေအတွက် တိုက်ပွဲဝင်ပေးနေတဲ့ တိုင်းကျော်နဲ့ ညီအစ်ကိုဖြစ်ရတာ ဂုဏ်ယူမဆုံးဖြစ်မိကြောင်း ပြောပြလာခဲ့ပါတယ်။
အမှန်တရားအတွက် လက်နက်ကိုင်ပြီး မတရားမှုကို တွန်းလှန်နေတဲ့ အစ်ကိုဖြစ်သူရဲ့ အကြောင်းကို
တိုင်းကျော်ရဲ့ညီဖြစ်သူ ဇွန်မိုးအောင်က ဖွင့်ဟလာခဲ့ပါတယ်။
တိုင်းကျော်ဟာ ညီအစ်ကိုသုံးယောက်ထဲမှာ အေးအေးဆေးဆေးနေတတ်သူဖြစ်သလို
ဉာဏ်လည်းကောင်းသူဖြစ်ကြောင်း ညီဖြစ်သူက ပြောဆိုထားခဲ့ပါတယ်။
တိုင်းကျော်ဟာ ရန်လည်း ဘယ်သူနဲ့မှမဖြစ်ဖူးသလို ဘယ်သူနဲ့မှလည်း ပြသနာမတက်အောင်နေထိုင်တတ်သူဖြစ်ကြောင်း၊
အသက်(၁၄)နှစ်သားတည်းက လူရွှင်တော်အလုပ်၊ဇာတ်မင်းသားအလုပ်တွေနဲ့ အသက်မွေးခဲ့သူဖြစ်ကြောင်း ပြောပြထားခဲ့ပါတယ်။
ယခုမှာတော့ တိုင်းကျော်တစ်ယောက် သူယုံကြည်ရာအတွက် လက်နက်ကိုင်ပြီး မတရားမှုကိုတွန်းလှန်နေကြောင်း၊
တိုင်းကျော် နဲ့ ညီအစ်ကိုဖြစ်ရတာ ဂုဏ်ယူမဆုံးဖြစ်မိကြောင်း၊
သူလည်းတက်နိုင်တဲ့ ဘက်ကနေ အမြဲပါဝင်နေကြောင်း ၊
D day လာပြီဆိုတော့ ပြည်သူ့ပန်းတိုင်ဟာ မဝေးတော့ကြောင်း
ညီဖြစ်သူ ဇွန်မိုးအောင်က ဖွင့်ဟထားခဲ့တာပဲ ဖြစ်ပါတယ်။
တိုက်ပွဲဝင်ဖို့အတွက် လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတဲ့
တိုင်းကျော်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
(Zawgyi)
အသက္ကိုေတာင္ေပးၿပီး တိုက္ပြဲဝင္ေနတဲ့ အစ္ကိုျဖစ္သူနဲ႔ညီအစ္ကိုျဖစ္ရတာ ဂုဏ္ယူမဆုံးျဖစ္မိေၾကာင္း ဖြင့္ဟလာတဲ့ တိုင္းေက်ာ္ရဲ႕ညီေလး
လူ႐ႊင္ေတာ္တိုင္းေက်ာ္အပါအဝင္ ဟား(၅)ေကာင္လူ႐ႊင္ေတာ္အဖြဲ႕ကေတာ့ အမွန္တရားဘက္ကေန
မားမားမတ္မတ္ရပ္တည္ေနၿပီး ယခုမွာေတာ့ လြတ္ေျမာက္နယ္ေျမတစ္ေနရာကို ေရာက္ရွိေနပါတယ္။
လူ႐ႊင္ေတာ္တိုင္းေက်ာ္ကေတာ့ ေတာေတာင္ထဲမွာ ပင္ပန္းဆင္းရဲခံၿပီး ရန္သူကို တိုက္ခိုက္ဖို႔အတြက္ စစ္ေရးေလ့က်င့္ေနပါတယ္။
ယခုမွာေတာ့ တိုင္းေက်ာ္ရဲ႕ ညီျဖစ္သူဟာ အသက္ကိုေတာင္ေပးၿပီး
ျပည္သူေတြအတြက္ တိုက္ပြဲဝင္ေပးေနတဲ့ တိုင္းေက်ာ္နဲ႔ ညီအစ္ကိုျဖစ္ရတာ ဂုဏ္ယူမဆုံးျဖစ္မိေၾကာင္း ေျပာျပလာခဲ့ပါတယ္။
အမွန္တရားအတြက္ လက္နက္ကိုင္ၿပီး မတရားမႈကို တြန္းလွန္ေနတဲ့ အစ္ကိုျဖစ္သူရဲ႕ အေၾကာင္းကို
တိုင္းေက်ာ္ရဲ႕ညီျဖစ္သူ ဇြန္မိုးေအာင္က ဖြင့္ဟလာခဲ့ပါတယ္။
တိုင္းေက်ာ္ဟာ ညီအစ္ကိုသုံးေယာက္ထဲမွာ ေအးေအးေဆးေဆးေနတတ္သူျဖစ္သလို
ဉာဏ္လည္းေကာင္းသူျဖစ္ေၾကာင္း ညီျဖစ္သူက ေျပာဆိုထားခဲ့ပါတယ္။
တိုင္းေက်ာ္ဟာ ရန္လည္း ဘယ္သူနဲ႔မွမျဖစ္ဖူးသလို ဘယ္သူနဲ႔မွလည္း ျပသနာမတက္ေအာင္ေနထိုင္တတ္သူျဖစ္ေၾကာင္း၊
အသက္(၁၄)ႏွစ္သားတည္းက လူ႐ႊင္ေတာ္အလုပ္၊ဇာတ္မင္းသားအလုပ္ေတြနဲ႔ အသက္ေမြးခဲ့သူျဖစ္ေၾကာင္း ေျပာျပထားခဲ့ပါတယ္။
ယခုမွာေတာ့ တိုင္းေက်ာ္တစ္ေယာက္ သူယုံၾကည္ရာအတြက္ လက္နက္ကိုင္ၿပီး မတရားမႈကိုတြန္းလွန္ေနေၾကာင္း၊
တိုင္းေက်ာ္ နဲ႔ ညီအစ္ကိုျဖစ္ရတာ ဂုဏ္ယူမဆုံးျဖစ္မိေၾကာင္း၊
သူလည္းတက္ႏိုင္တဲ့ ဘက္ကေန အၿမဲပါဝင္ေနေၾကာင္း ၊
D day လာၿပီဆိုေတာ့ ျပည္သူ႔ပန္းတိုင္ဟာ မေဝးေတာ့ေၾကာင္း
ညီျဖစ္သူ ဇြန္မိုးေအာင္က ဖြင့္ဟထားခဲ့တာပဲ ျဖစ္ပါတယ္။
တိုက္ပြဲဝင္ဖို႔အတြက္ လြတ္ေျမာက္နယ္ေျမတစ္ေနရာကို ေရာက္ရွိေနတဲ့
တိုင္းေက်ာ္ရဲ႕ ပုံရိပ္ေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။
Source : Original Uploder