News

“ငါတို့ကလေး(PDF) တွေကို ငါတို့ကျပြီးမှ ထိလို့ရမယ်” ဆိုတဲ့ KNUတပ်မဟာ (၄)က တပ်ခွဲမှူး ဗိုလ်ကြီးဇော်ထွန်း(ရုပ်သံ)

“ငါတို့ကလေးတွေကို ငါတို့ကျပြီးမှ ထိလို့ရမယ်။ငါကိုယ်တိုင်တိုက်နေတယ်”ဆိုတဲ့ KNUတပ်မဟာ (၄)တပ်ရင်း ၇၊တပ်ခွဲ ၂က တပ်ခွဲမှူး ဗိုလ်ကြီးဇော်ထွန်းနှင့် တိုက်ပွဲအတွင်းခနတာ(ရုပ်သံ)

ပုလော၊စက်တင်ဘာ ၇

ပုလောမြို့အတွင်းက KNU တပ်မဟာ ၄ဦးဆောင်တဲ့ မဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့တို့ တိုက်ပွဲလေးကြိမ် ဖြစ်ပွားပြီး စကစဘက် ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် ၄ဦးကျဆုံးကာ ဒဏ်ရာရရှိသူ ၃၀ဦးအထိရှိကြောင်း သိရပါတယ်။

KNU တပ်မဟာ ၄ဦးဆောင်တဲ့ မဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့ဆိုတာဟာ NUGမူဝါဒနဲ့အညီ သင်တန်းတက်ရောက်ထားသော PDFနဲ့ ပုလောဒေသခံ မဟာမိတ်အဖွဲ့တွေပါဝင်တဲ့ PRDF(Palaw Regional Defence Forces)တို့ ဖြစ်ပြီး PDFဖက်မှ စစ်သည်တစ်ဦး ဘယ်နားရွက်ကျည်ထိခဲ့ရုံမှလွဲပြီး အကျအဆုံးတစ်စုံတရာမရှိခဲ့ပါဘူး။

“ငါတို့ကလေးတွေကို ငါတို့ကျပြီးမှ ထိလို့ရမယ်။ငါကိုယ်တိုင်တိုက်နေတယ်”ဆိုတဲ့ KNUတပ်မဟာ (၄)တပ်ရင်း ၇၊တပ်ခွဲ ၂က တပ်ခွဲမှူး ဗိုလ်ကြီးဇော်ထွန်းနှင့် WAE သတင်းထောက်ချုပ် WAE 01 တို့ တိုက်ပွဲအတွင်းခနတာတွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။

ရုပ်သံ ကြည့်ရန်

WAE 01

Video – WAE 01