အမျိုးသားညီညွတ်ရေးအစိုးရ ကနေပြီးတော့ ဒီကနေ့ စက်တင်ဘာ၇ရက်မှာ နိုင်ငံတဝန်း အရေးပေါ်အခြေအနေဆိုပြီး ယာယီသမ္မတ ဒူဝါလရှီးလရဲ့ မိန့်ခွန်းပြောဆိုမှုနဲ့အတူ ကြေညာချက်ထုတ်ပြန်လိုက်တာတွေ့ရပါတယ်။
အဲဒီကြေညာချက်မှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ပြီး စစ်ကောင်စီ အနေနဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို သိမ်းယူထားပြီး ပြည်သူလူထုကိုအကြမ်းဖက် အန္တရာယ်ပြုနေတာကြောင့် ပြည်သူများကလည်း နည်းလမ်းစုံနဲ့ စစ်အာဏာရှင်ကိုခုခံတွန်းလှန်နေကြောင်း
အခုအခါ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းပစ်ရန် လိုအပ်လာတယ်ဆိုတဲ့ အခြေအနေ အရပ်ရပ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးဟာ ဒီကနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ ၇ ရက်မှ စတင်ကာ နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်း ကြေညာတယ်ဆိုပြီး ထုတ်ပြန်ကြေညာချက်မှာဖော်ပြပါတယ်။
ရုပ်သံကြည့်ရန်
အရေးပေါ်အခြေအနေ သက်ရောက်သည့်နယ်မြေသည် ပြည်ထောင်စုနိုင်ငံတော်တစ်ဝန်းလုံး ဖြစ်ပြီး၊ အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ် တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။
Credit: ဘီဘီစီမြန်မာပိုင်း