ဗဟုသုတ

အသက် ၉၂နှစ်အရွယ် မိခင်ဖြစ်သူကို အိမ်မှာတစ်ယောက်တည်းထားခဲ့ရန် စိတ်မချတာကြာင့် နေ့စဉ်အလုပ်ထဲခေါ်သွားခဲ့သည့် သားလိမ္မာလေး

ဗီယက်နမ်နိုင်ငံမှ အသက် ၅၂နှစ်အရွယ် အမျိုးသားတစ်ဦးသည် အမေတစ်ခုသားတစ်ခု ဘဝနှင့် နေထိုင်လာခဲ့ရသည်မှာ နှစ်အတော်ကြာပြီဖြစ်ပြီး မိန်းမလည်းမယူပဲ ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ကာ အသက်မွေး၀မ်းကျောင်းပြုခဲ့သည်။

အမျိုးသားသည် အယ်ဇိုင်းမားရောဂါဝေဒနာကို ခံစားနေရသော မိခင်ဖြစ်သူကို အိမ်မှာကြည့်ရှုပေးမည့်သူမရှိပဲတစ်ယောက်တည်းထားဖို့ရာ စိတ်မချနိုင်ဖြစ်၍ အလုပ်ရှင်အား မိခင်ဖြစ်သူကို ခေါ်လာရန်တောင်းဆိုခဲ့သည်။

ခွင့်ပြုချက်ရပြီးနောက် အမျိုးသားသည် လျှပ်စစ်စက်ဘီးစုတ်လေးကို ပြန်လည်ပြုပြင်ခဲ့ပြီး မိခင်ဖြစ်သူကို အပြည့်အဝဂရုစိုက်နိုင်ရန် စက်ဘီးနောက်တွင်တင်ကာ ၇နှစ်တာကာလအတွင်း မငြီးမငြူ ကုန်ပစ္စည်းများ လိုက်ပို့ခဲ့သည့်အတွက် အများ၏ ချီးမွမ်းခြင်းများစွာကို ခံနေရပါတယ်။