ဗဟုသုတ

ကမ္ဘာ့ငွေကြေးအဖောင်းပွဆုံး (၁၀) နိုင်ငံ စာရင်းထဲ မြန်မာရောက်ရှိ

ဩဂုတ်လ နောက်ဆုံးသီတင်းပတ်က ထုတ်ပြန်သည့် ဂျွန်စ်ဟော့ပ်ကင်းတက္ကသိုလ် Hanke ငွေကြေးဖောင်းပွမှုအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃၁ ရာခိုင်းနှုန်းရှိကာ အီရန်ကို ကျော်လွန်ပြီး ကမ္ဘာ့အဆင့် ၉သို့ ရောက်ရှိသွားသည်။

ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းတွင် ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်းမှာ ၂ ဒဿမ ၆၁ ရာခိုင်နှုန်းသာ ရှိရာမှ ၃၁ရာခိုင်းနှုန်းသို့ တဟုတ်ထိုး ထိုးတက်သွားခြင်းဖြစ်ပြီး ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ်၁၃၀၀ ကျော်မှ ကျပ် ၁၈၀၀ ကျော်သို့ ထိုးတက်သွားသည်။

ရွှေဈေးမှာလည်း ကျပ် ၁၇သိန်းခွဲခန့်သို့ တက်လာပြီး ပြည်ပမှတင်သွင်းသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများမှာ ၃၀ ရာခိုင်နှုန်းခန့် ဈေးတက်သွားကြောင်း အီလက်ထရောနစ်ပစ္စည်း တင်သွင်းရောင်းချသူ တစ်ဦးက ပြောသည်။