ဗဟုသုတ

မိခင်ပျော်စေဖို့ သေသွားတဲ့အစ်မရဲ့ အဝတ်တွေကို အနှစ် 20 ကျော် ဝတ်ပြခဲ့ရတဲ့ အမျိုးသား

လက်ရှိအချိန်မှာ အသက် (၅၀) အရွယ်ကို ရောက်နေပြီဖြစ်တဲ့ တရုတ်နိုင်ငံ တောင်ပိုင်းသားတစ်ဦးဟာ မိခင်ရဲ့ရှေ့မှာဆိုရင် လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်က သေခဲ့တဲ့ အစ်မရဲ့အဝတ်အစားတွေကို ဝတ်ဆင်ပြီး (သူ့ရဲ့အစ်မလိုပင်) မိန်းကလေးတစ်ယောက်လို နေထိုင်ရကြောင်း ဆိုပါတယ်။ ဒီအတွက် သူ့ကို အများက ကဲ့ရယ်ကြပေမယ့်၊ သူကတော့ ဂရုမစိုက်ပါဘူးတဲ့။

သတင်းဌာတစ်ခုနဲ့တွေ့ဆုံစဉ် သူရဲ့ပြောပြချက်အရ သူရဲ့ မိခင်ဟာ သမီးသေဆုံးသွားတဲ့နောက်ပိုင်းမှာ မအိပ်နိုင်၊ မစားနိုင်တမှိုင်မှိုင်နဲ့ ကျန်းမာရေး ထိခိုက်လာကြောင်း၊ နောက်ပိုင်းမှာတော့ ကြံရာမရတဲ့အဆုံးမ အစ်မရဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပြီး၊ မိခင်ရဲ့စိတ် အပြောင်းအလဲဖြစ်လေမလား စမ်းသပ်ခဲ့ကြောင်း၊ မိခင်ရဲ့ကျန်းမာရေးဟာ ထူးခြားစွာ ကောင်းမွန်လာခဲ့လို့ အခုဆိုရင် အသက် (၈၅) ကျော်ပြီ ဖြစ်ကြောင်း ဆိုပါတယ်။

သတင်းဌာနရဲ့အမေးကို အဆိုပါ အမျိုးသားက ” ကျနော် အဲဒီလိုဝတ်လိုက်တော့ အမေက အရမ်းပျော်သွားတယ်… ဒီတော့ အမေပျော်နေတာလေးကို ကျွန်တော်မဖျက်ဆီးရက်ပါဘူး။ ကျနော်က များသောအားဖြင့်တော့ အမျိုးသမီးတစ်ယောက်လိုပဲ နေထိုင်ဖြစ်သွားတော့တယ်။ ကျနော့်ရဲ့ အမျိုးသားအဝတ်တွေကို ကျနော်မပိုင်သလို ခံစားရပါတယ် “ လို့ ဆိုပါတယ်။

သူက ဆက်လက်ပြီး “ လူတွေ ဘယ်လောက်ပဲ ကဲ့ရယ်ကြပါစေ ကျွန်တော်ကတော့ လုံး၀ ဂရုမစိုက်ပါဘူး။ ဘယ်သားသမီးပဲဖြစ်ဖြစ် မိဘစိတ်ချမ်းသာတာကိုပဲ မြင်ချင်ကြတာပဲလေ။ ဒီတော့ ကျနော့်လုပ်ရပ်အတွက် ကျနော် ဘယ်တုန်းကမှ နောင်တမရခဲ့ပါဘူး ” လို့ ပြောခဲ့ပါတယ်။

ဗွီဒီယိုထဲမှာ သူရဲ့မိခင်ဟာ သမီးသေသွားတာကိုလည်း ကောင်းကောင်းမှတ်မိနေပြီး၊ သူမရဲ့သားကို သူမ နောက်ထပ်ဝမ်းနဲ့လွယ်မွေးခဲ့ရတဲ့ သမီးလို့လည်း အထင်ရှိနေပါတယ်။ အဖွားက ” သူက ကျုပ်သမီးပေါ့။ ကျုပ်ရဲ့ ပထမသမီး သေသွားတော့ သူက ကျုပ်ရဲ့ နောက်ထပ် သမီးဖြစ်လာတာပေါ့ “ လို့ ပြောခဲ့ပါတယ်။

အဆိုပါ ဗွီဒီယိုကို လူမှုကွန်ယက်မှာ ကြည့်ရှုသူ သန်းချီရှိခဲ့ပါတယ်။ သတင်းမီဒီယာတွေမှာတော့ ကာယကံရှင်တွေရဲ့ အမည်ကို ဖော်ပြထားခြင်း မရှိဘဲ၊ ၎င်း သားအမိဟာ Guangxi ပြည်နယ်မှာ နေထိုင်ကြတယ်လို့သာ အကြမ်းဖျဉ်း ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ အသက် (၅၀) အရွယ်ကို ရောက်နေပြီဖြစ်တဲ့ တရုတ်နိုင်ငံ တောင်ပိုင်းသားတစ်ဦးဟာ မိခင်ရဲ့ရှေ့မှာဆိုရင် လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်က သေခဲ့တဲ့အစ်မရဲ့အဝတ်အစားတွေကို ဝတ်ဆင်ပြီး (သူ့ရဲ့အစ်မလိုပင်) မိန်းကလေးတစ်ယောက်လို နေထိုင်ရကြောင်းဆိုပါတယ်။ ဒီအတွက် သူ့ကိုအများက ကဲ့ရယ်ကြပေမယ့်၊ သူကတော့ ဂရုမစိုက်ပါဘူးတဲ့။

BBC သတင်းဌာနဲ့တွေ့ဆုံစဉ် သူရဲ့ပြောပြချက်အရ သူရဲ့ မိခင်ဟာ သမီးသေဆုံးသွားတဲ့နောက်ပိုင်းမှာ မအိပ်နိုင်၊ မစားနိုင်တမှိုင်မှိုင်နဲ့ ကျန်းမာရေး ထိခိုက်လာကြောင်း၊ နောက်ပိုင်းမှာတော့ ကြံရာမရတဲ့အဆုံးမ အစ်မရဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပြီး၊ မိခင်ရဲ့စိတ် အပြောင်းအလဲဖြစ်လေမလား စမ်းသပ်ခဲ့ကြောင်း၊ မိခင်ရဲ့ ကျန်းမာရေးဟာ ထူးခြားစွာ ကောင်းမွန်လာခဲ့လို့ အခုဆိုရင် အသက် (၈၅) ကျော်ပြီ ဖြစ်ကြောင်း ဆိုပါတယ်။

BBC ရဲ့အမေးကို အဆိုပါ အမျိုးသားက ” ကျနော် အဲဒီလိုဝတ်လိုက်တော့ အမေက အရမ်းပျော်သွားတယ်… ဒီတော့ အမေပျော်နေတာလေးကို ကျွန်တော် မဖျက်ဆီးရက်ပါဘူး။ ကျနော်က များသောအားဖြင့်တော့ အမျိုးသမီးတစ်ယောက်လိုပဲ နေထိုင်ဖြစ်သွားတော့တယ်။ ကျနော့်ရဲ့အမျိုးသားအဝတ်တွေကို ကျနော်မပိုင်သလို ခံစားရပါတယ် “ လို့ ဆိုပါတယ်။

သူကဆက်လက်ပြီး “ လူတွေ ဘယ်လောက်ပဲ ကဲ့ရယ်ကြပါစေ ကျွန်တော်ကတော့ လုံးဝဂရုမစိုက်ပါဘူး … ဘယ်သားသမီးပဲဖြစ်ဖြစ် မိဘစိတ်ချမ်းသာတာကိုပဲ မြင်ချင်ကြတာပဲလေ။ ဒီတော့ ကျနော့်လုပ်ရပ်အတွက် ကျနော် ဘယ်တုန်းကမှ နောင်တမရခဲ့ပါဘူး ” လို့ ပြောခဲ့ပါတယ်။

ဗွီဒီယိုထဲမှာ သူရဲ့ မိခင်ဟာ သမီးသေသွားတာကိုလည်း ကောင်းကောင်း မှတ်မိနေပြီး၊ သူမရဲ့ သားကို သူမနောက်ထပ် ဝမ်းနဲ့လွယ်မွေးခဲ့ရတဲ့ သမီးလို့လည်း အထင်ရှိနေပါတယ်။ အဖွားက ” သူက ကျုပ်သမီးပေါ့။ ကျုပ်ရဲ့ပထမသမီး သေသွားတော့ သူကကျုပ်ရဲ့ နောက်ထပ် သမီးဖြစ်လာတာပေါ့ “လို့ ပြောခဲ့ပါတယ်။

အဆိုပါ ဗွီဒီယိုကို လူမှုကွန်ယက်မှာ ကြည့်ရှုသူ သန်းချီရှိခဲ့ပါတယ်။ သတင်းမီဒီယာတွေမှာတော့ ကာယကံရှင်တွေရဲ့ အမည်ကို ဖော်ပြထားခြင်း မရှိဘဲ၊ ၎င်း သားအမိဟာ Guangxi ပြည်နယ်မှာ နေထိုင်ကြတယ်လို့သာ အကြမ်းဖျဉ်းဖော်ပြထားပါတယ်။