ဗဟုသုတ

ပြည်သူအတွက်အကျိုးပြုရင်း တိုက်ပွဲအတွင်းမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ မီးအိမ်ရှင်ကြယ်တစ်ပွင့်

ရန်ကုန် သူနာပြုတက္ကသိုလ်ကျောင်းမှ မီးအိမ်ရှင်ကြယ်တစ်ပွင့်ဖြစ်တဲ့ ကိုတင်မိုးဟိန်းကတော့ စက်တင်ဘာလ(၅)ရက်နေ့က တိုက်ပွဲအတွင်းအပြင်းအထန်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

သူနာပြုဆိုတဲ့ ရာထူးဂုဏ်ကို မမက်ဘဲ PDF ထဲဝင်ကာ ပြည်သူ့အတွက် အကျိုးပြုခဲ့သူတစ်ဦးဖြစ်တဲ့ ကိုတင်မိုးဟိန်းဟာ အကြမ်းဖက်အဖွဲ့ကိုတိုက်ထုတ်ရင်း မြဝတီတိုက်ပွဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း သေဆုံးသွားပြီဆိုပြီး သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပေမယ့် လောလောဆယ်မှာတော့ အသက်အန္တရာယ်စိုးရိမ်ရပြီး စောင့်ကြည့်အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။

လူမှုကွန်ယက်စာမျက်နှာမှာ သူနာပြုဆရာတဦး ကျဆုံးသည့်သတင်း ထွက်ပေါ်ပြီးနောက် ဆက်လက်အတည်ပြုရာမှ မြေပြင်အတူရှိ ရဲဘော်တစ်ဦးက အဖြစ်မှန်တွေကို ဖွင့်ဟပြောပြလာပါတယ်။

ရှေ့တန်းဆရာဝန်ရဲ့ ပြောဆိုပုံအရ လက်ရှိမှာတော့ ကိုတင်မိုးဟိန်းဟာ အသက်ရှင်လျက်ရှိနေပြီး အပြင်းအထန်ဒဏ်ရာရရှိထားတာကြောင့် အခြေအနေကိုစောင့်ကြည့်နေရတယ်လို့ သိရပါတယ်။

အခြေအနေကောင်းအောင် အကောင်းဆုံးကြိုးစားနေတာကြောင့် လူနာအခြေအနေ​ကို ဆက်ပြီးပြောပြပေးပါမယ်ဆိုပြီးတော့လည်း ပြောပြထားတာ တွေ့ရပါတယ်။

ပြည်သူတွေအတွက် အဖိုးတန်တဲ့အသက်တစ်ချောင်း ထပ်မံမကြွေလွင့်စေဖို့ စိတ်ပူနေကြပြီး ကိုတင်မိုးဟိန်းတစ်ယောက် အမြန်ဆုံးပြန်လည်နေကောင်း ကျန်းမာလာစေဖို့ မျှော်လင့် ဆုတောင်းလိုက်ပါတယ်နော်..။