ဗဟုသုတ

လူမှန်းသိတတ်စတည်းက အမေခေါ်စရာမရှိဘဲ အနားအမြဲရှိနေပေးနေတဲ့ ဖခင်ဖြစ်သူကိုကျေးဇူးတင်စကားဆိုလာတဲ့ နေခြည်ငြိမ်းချမ်း











Unicode

လူမှန်းသိတတ်စတည်းက အမေခေါ်စရာမရှိဘဲ အနားအမြဲရှိနေပေးနေတဲ့ ဖခင်ဖြစ်သူကိုကျေးဇူးတင်စကားဆိုလာတဲ့ နေခြည်ငြိမ်းချမ်း

ရယ်စရာဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ လူရွှင်တော်ငြိမ်းချမ်းကတော့ သဘင်လောကမှာ အောင်မြင်မှုတွေရရှိထားသူပဲ ဖြစ်ပါတယ်။

ဟာသ လူရွှင်တော်တစ်ယောက်ဖြစ်သလို ဇာတ်ကားတွေလည်း များစွာရိုက်ကူးထားတဲ့ ငြိ မ်းချမ်းကတော့ ပရဟိတအလုပ်တွေကိုလည်း လုပ် ဆောင်နေတာ တွေ့ရပါတယ်။

ငြိမ်းချမ်းရဲ့သမီးချောဖြစ်တဲ့ နေခြည်ငြိမ်းချမ်းကတော့ လူမှန်းသိတတ်စအရွယ်ကတည်းက အမေခေါ်စရာမရှိဘဲ အနားမှာအမြဲရှိနေပေးနေတဲ့ဖခင်ဖြစ်သူကို ကျေးဇူးတင်စကားဆိုလာပါတယ်။

အမေခေါ်စရာမရှိပေမယ့် အခုချိန်ထိ အဖေခေါ်ခွင့်ရတာကိုက ဘာနဲ့မှမလဲနိုင်တဲ့အကြောင်းတွေကို အမေများနေ့မှာ သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်။

အမေများနေ့ဆိုတာ သိလိုက်ရတဲ့ အချိန်မှာနောက်ကျမှ သိလိုက်ရလို့ စိတ်မကောင်းဖြစ်သွားတယ် မေမေလူမှန်းသိထဲက မေမေခေါ်စရာမရှိပေမယ့်ဖေဖေကအမြဲအနားမှာရှိနေပေးခဲ့လို့ ကျေး ဇူးပါဖေဖေ။

မေမေလို့ခေါ် စရာမရှိပေမယ့် ဖေဖေလို့ အခုချိန်ထိ ခေါ်နေခွင့်ရတာကိုက ဘာနဲ့မှမလဲနိုင်ပါဘူးဖေဖေ။

အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ နေပေးပါဖေဖေ။မရှိတော့တဲ့ မေမေ့ကို သတိရပြီးရှိနေတဲ့ ဖေဖေနဲ့ ရန်ခဏခဏဖြစ်ရတာလည်း ပျော်စရာတခုပါဖေဖေချစ်တယ် ဖေဖေနဲ့မေမေ။

နေ့ရက်တိုင်းဟာ အဖေများနေ့နဲ့ အမေများနေ့ပါဖေဖေနဲ့မေမေမိဘရဲ့ကျေးဇူးတွေကို ထာဝရဆ ပ်ခွင့်ရတဲ့သူ ဖြစ်ရပါစေ။

ဆိုပြီး ရေးသားထားတာဖြစ်ပါတယ် သူမရဲ့ ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်းသားအဖနှစ်ယောက်ရဲ့ အမှတ်တရတွေကို သဘောကျနေကြသလို အားပေးစကားတွေလည်း ပြော ထားကြတာ တွေ့ရပါတယ်။