ျမန္ျမန္ေသခ်င္ၿပီလို႔ တဖြဖြေျပာေနရွာတဲ့ အသက္ (၁၀၀)ေက်ာ္ အဘြားအိုတစ္ဦး၏ ရင္ႏွင့္စရာ ဘဝ
ဒီလိုအေျခအေနမွာ တခ်ိဳ႕လူငယ္ေလးေတြကေတာ့ ပရဟိတအလုပ္ေတြ ႀကိဳးစားလုပ္ေဆာင္ေနၾကသလို တခ်ိဳ႕လူငယ္ေလးေတြလည္း ေတာထဲဝင္ၿပီး စစ္ပညာေလ့က်င့္ေနၾကတာျဖစ္ပါတယ္။
အခုဆိုရင္ေတာ့ ေတာင္ေပၚ႐ြာေလးတစ္႐ြာကို ေရာက္ရွိေနၾကတဲ့ လူငယ္ေလးေတြက အဲ့ဒီ႐ြာကအဘြားအိုတစ္ဦးရဲ႕အေၾကာင္းကို ေရးသားလာခဲ့ပါတယ္။အဘြားအိုက အသက္ (၁၀၂)ႏွစ္အ႐ြယ္ရွိေနေပမယ့္ က်န္းမာသြက္လက္ေနဆဲလို႔သိရပါတယ္။
အဘြားရဲ႕နာမည္က ယာလြယ္ဟိန္းျဖစ္ၿပီး သားသမီး (၉)ေယာက္လည္း ရွိပါတယ္။သားသမီးေတြက အခုခ်ိန္မွာအိမ္ေထာင္က်သြားၾကၿပီျဖစ္လို႔ အိမ္မွာ သူမတစ္ေယာက္တည္းအထီးက်န္ေနရွာတာျဖစ္ပါတယ္။
အဘြားက သူကိုယ္တိုင္အလုပ္မလုပ္နိုင္ေတာ့လို႔ သားသမီးေတြဆီကကပ္မစားခ်င္ဘူးလို႔ေျပာပါတယ္။ဒါ့ေၾကာင့္ သူ႕အ႐ြယ္နဲ႕မမွ်ေအာင္ လက္ဖက္ခူးၿပီးေတာင္ယာလိုက္လုပ္ကာ စားဝတ္ေနေရးအတြက္ရွာေဖြေနရတာပဲျဖစ္ပါတယ္။တခ်ိဳ႕အခ်ိန္ေတြမွာ တျခားသူရဲ႕ကေလးေတြကိုလိုက္ထိန္းေပးၿပီး ဘဝကိုျဖတ္သန္းေနတာျဖစ္ပါတယ္။
အဘြားရဲ႕အိမ္ေလးက အလ်ား (၁၅)ေပ၊အနံ (၆)ေပပဲရွိၿပီး အခန္းက်ဥ္းက်ဥ္းေလးမွာေနထိုင္ရတာ ၾကာျမင့္ေနၿပီျဖစ္လို႔ အဘြားလည္း ၿငီးေငြ႕ေနတာျဖစ္ပါတယ္။
သူမရဲ႕သားသမီးေတြကေတာ့ တစ္ခါတေလ လာလည္ၿပီး အဝတ္ေလွ်ာ္ေပးတဲ့အျပင္ ဟင္းေတြလည္းေပးၾကတယ္လို႔သိရပါတယ္။
အဘြားက လူငယ္ေလးေတြေရွ႕မွာ ေသေန႕ေရာက္ဖို႔ပဲဆုေတာင္းေနၿပီး ျမန္ျမန္ေသခ်င္ေနတယ္ဆိုတာကို တရစပ္ေျပာေနလို႔ လူငယ္ေလးေတြ အဘြားရဲ႕အျဖစ္ကို စိတ္မေကာင္းျဖစ္ေနၾကေၾကာင္းကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
Unicode
မြန်မြန်သေချင်ပြီလို့ တဖွဖွပြောနေရှာတဲ့ အသက် (၁၀၀)ကျော် အဘွားအိုတစ်ဦး၏ ရင်နှင့်စရာ ဘဝ
ဒီလိုအခြေအနေမှာ တချို့လူငယ်လေးတွေကတော့ ပရဟိတအလုပ်တွေ ကြိုးစားလုပ်ဆောင်နေကြသလို တချို့လူငယ်လေးတွေလည်း တောထဲဝင်ပြီး စစ်ပညာလေ့ကျင့်နေကြတာဖြစ်ပါတယ်။
အခုဆိုရင်တော့ တောင်ပေါ်ရွာလေးတစ်ရွာကို ရောက်ရှိနေကြတဲ့ လူငယ်လေးတွေက အဲ့ဒီရွာကအဘွားအိုတစ်ဦးရဲ့အကြောင်းကို ရေးသားလာခဲ့ပါတယ်။အဘွားအိုက အသက်(၁၀၂)နှစ်အရွယ်ရှိနေပေမယ့် ကျန်းမာသွက်လက်နေဆဲလို့သိရပါတယ်။
အဘွားရဲ့နာမည်က ယာလွယ်ဟိန်းဖြစ်ပြီး သားသမီး (၉)ယောက်လည်း ရှိပါတယ်။သားသမီးတွေက အခုချိန်မှာအိမ်ထောင်ကျသွားကြပြီဖြစ်လို့ အိမ်မှာ သူမတစ်ယောက်တည်းအထီးကျန်နေရှာတာဖြစ်ပါတယ်။
အဘွားက သူကိုယ်တိုင်အလုပ်မလုပ်နိုင်တော့လို့ သားသမီးတွေဆီကကပ်မစားချင်ဘူးလို့ပြောပါတယ်။ဒါ့ကြောင့် သူ့အရွယ်နဲ့မမျှအောင် လက်ဖက်ခူးပြီးတောင်ယာလိုက်လုပ်ကာ စားဝတ်နေရေးအတွက်ရှာဖွေနေရတာပဲဖြစ်ပါတယ်။ တချို့အချိန်တွေမှာ တခြားသူရဲ့ကလေးတွေကိုလိုက်ထိန်းပေးပြီး ဘဝကိုဖြတ်သန်းနေတာဖြစ်ပါတယ်။
အဘွားရဲ့အိမ်လေးက အလျား (၁၅)ပေ၊အနံ (၆)ပေပဲရှိပြီး အခန်းကျဉ်းကျဉ်းလေးမှာနေထိုင်ရတာ ကြာမြင့်နေပြီဖြစ်လို့ အဘွားလည်း ငြီးငွေ့နေတာဖြစ်ပါတယ်။
သူမရဲ့သားသမီးတွေကတော့ တစ်ခါတလေ လာလည်ပြီး အဝတ်လျှော်ပေးတဲ့အပြင် ဟင်းတွေလည်းပေးကြတယ်လို့သိရပါတယ်။
အဘွားက လူငယ်လေးတွေရှေ့မှာ သေနေ့ရောက်ဖို့ပဲဆုတောင်းနေပြီး မြန်မြန်သေချင်နေတယ်ဆိုတာကို တရစပ်ပြောနေလို့ လူငယ်လေးတွေအဘွားရဲ့အဖြစ်ကို စိတ်မကောင်းဖြစ်နေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။