ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံး သူတောင်းစား (၅) ဦး

အခုတစ်ခေါက်တင်ဆက်မယ့် အကြောင်းအရာကတော့ အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ့် အကြောင်းအရာဖြစ်မယ်ထင်ပါတယ်။

ဘယ်လိုမျိုးအကြောင်းအရာတွေဖြစ်မလဲဆိုတာကိုတော့ ဒီစာလေးကို ဆက်လက် ဖတ်ရှုပေးကြပါဦးနော် …

လောကမှာ ဆင်းရဲခြင်း နဲ့ ချမ်းသာခြင်း ဆိုတာက ဆန့်ကျင်ဘက်သဘောဆောင်တဲ့ အသုံးအနှုန်းလို့ ဆိုလို့ရမယ်ထင်ပါတယ်။

သူဌေးတစ်ဦးနဲ့ ဆင်းရဲသားတစ်ဦးဆိုရင်လဲ နေထိုင်၊ ဝတ်စား၊ သွားလာမှုတွေမှာ ခြားနားချက်ကအတော်လေးများ မှာအမှန်ပါပဲ။

အခုဒီ ဆောင်းပါးလေးမှာ ဖော်ပြမယ့် ပုဂ္ဂိုလ်တွေက ဒီလိုအခြေအနေ (၂) ရပ်စလုံးကိုတစ်ပြိုင်တည်း ရရှိပိုင်ဆိုင်ထားတဲ့သူတွေဖြစ်ပါတယ်။

ပိုက်ဆံချမ်းသာတဲ့ သူတောင်းစားတွေလို့လည်း ဆိုရမယ်ထင်ပါတယ်။ သူတို့တွေကတော့ …

၅။ ဘာရာ့ဂျိန်း (Bharat Jain)

အိန္ဒိယနိုင်ငံသားဖြစ်တဲ့ ဂျိန်းဟာ တောင်းရမ်းစားသောက်သူတစ်ဦးဆိုပေမယ့် အထင်တော့သေးလို့မရပါဘူး။ သူက နယူးဒေလီမြို့ မှာ ရူပီးသိန်း (၈၀) တန်တဲ့ (BHK) လူနေတိုက်ခန်းတွဲ (၂) ခုကိုပိုင်ဆိုင် ထားတယ်လို့သိရပါတယ်။

BHK ဆိုတာကတော့ အိပ်ခန်း၊ ဟောခန်းနဲ့၊ မီးဖိုချောင်ပါဝင် တိုက်ခန်းမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး လစဉ်ရူပီး (၁၀,၀၀၀) နဲ့ ငှားရမ်းထားတဲ့ ဆိုင်တစ်ဆိုင်ကိုလည်းဂျိန်းက ပိုင်ဆိုင်ထားပါသေးတယ်။

ဒါကြောင့် ဂျိန်းရဲ့ပျမ်းမျှတစ်လဝင်ငွေက အိန္ဒိယရူပီး (၇၅,၀၀၀) လောက်ရှိတယ်လို့သိရပါတယ်။

၄။ အီရှာ (Eisha)

အီရှာကတော့အသက် (၁၀၀) အရွယ် တောင်းရမ်းစားသောက်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး ကွယ်လွန်သွားခဲ့တာကြာပြီဖြစ်တယ်လို့သိရပါတယ်။ သူမသေဆုံးပြီးနောက်မှာသူမရဲ့ပိုင်ဆိုင်မှုကို ထုတ်ဖော်ပြသခဲ့ရာမှာတော့ အားလုံးမျက်လုံးပြူးခဲ့ရပါတယ်။

ဘာလို့လဲဆိုတော့သူမ ရဲ့ပိုင်ဆိုင်မှုက ဒေါ်လာသန်းချီပြီး ကျန်ရစ်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ သူမရဲ့ပိုင်ဆိုင်မှုတွေမှာအဆောက်အဦး (၄) ခုအပြင် ဒေါ်လာတစ်သန်းလောက်ရှိတန်တဲ့ရတနာတွေနဲ့ရွှေဒင်္ဂါးတွေ ပါဝင်နေတယ်လို့သိရပါတယ်။

၃။ ဆိုင်မွန်ရိုက် (Simon Wright)

ဆိုင်မွန်ရိုက် (Simon Wright) ဟာ အလွန်ဆင်းရဲပေမယ့် ဗြိတိန်ရဲ့ ဥပဒေအချို့အရ သူ့အနေနဲ့တောင်းရမ်းစားသောက်ခွင့်မရှိတာကြောင့် အခက်တွေ့နေမယ်လို့ရင်တော့ မှားသွားပါလိမ့်မယ်။

ဆိုင်မွန်ရိုက်ဟာ အင်္ဂလန်နိုင်ငံ ဖူလ်ဟမ်မြို့ကတိုက်ခန်းမှာ ဇိမ်ကျကျနေထိုင်နေတဲ့သူဖြစ်ပါတယ်။ ဘာကြောင့်ဒီလိုနေနိုင်တာလဲဆိုတော့ အင်္ဂလန်မှာ တောင်းရမ်းစားသောက်ခွင့်မရှိတဲ့သူတွေကို အခြားသူတွေက လှူဒါန်းမှုပြုတဲ့အနေနဲ့ ပေးအပ်တဲ့ ငွေတွေသူ့မှာအမြောက်အများရှိနေလို့ဖြစ်ပါတယ်။

သူ့ဝင်ငွေကတစ်နှစ်ကို ပေါင် (၅၀,၀၀၀) ကနေ ပေါင် (၃၀၀,၀၀၀) အထိရှိတယ်လို့သိရပါတယ်။

၂။ ရွန်ဖန်း (Rongfeng)

ရွန်ဖန်း (Rongfeng) ရဲ့ဘဝအစပိုင်းကအတော်လေးကို ဆင်းရဲနွမ်းပါး တယ်လို့သိရပါတယ်။ သူ့ဘဝရဲ့ ကယ်တင်ရှင်လို့ဆိုရမယ့် ခေါက်ဆွဲဆိုပိုင်ရှင်အမျိုးသမီးနဲ့ မဆုံတွေ့ခင်အချိန်ထိတော့ ရွန်ဖန်းဟာ လမ်းပေါ်မှာသာ အိပ်ခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။

သူမဟာ ရွန်ဖန်းကို အစားအစာကျွေးမွေးတဲ့အပြင် သွားစရိတ်လာစရိတ်နဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုလုပ်ကိုင်နိုင်ဖို့ ငွေကြေးအထောက်အပံ့တွေကိုပါ ပေးခဲ့တယ်လို့သိရပါတယ်။

ဒီလိုနဲ့ ရွန်းဖန်းဟာ ကြိုးစားပြီး ကိုယ်ပိုင်စီးပွားရေးုကိုလုပ်ကိုင်ခဲ့တာကြောင့် တဖြည်းဖြည်းနဲ့ချမ်းသာလာခဲ့ပါတယ်။

ရွန်းဖန်းဟာ သူ့ရဲဘဝကို သုညကနေ ဒီအခြေအနေ ရောက်ရှိလာအောင်ကူညီပေးခဲ့တဲ့ အမျိုးသမီးကိုလည်း ကျေးဇူးဆပ်နဲ့အနေနဲ့ ဒေါ်လာ (၁၆၃,၀၀၀) ပြန်လည်ပေးခဲ့တယ်လို့သိရပါတယ်။

၁။ တက်ဒ်ဝီလီယံ (Ted Williams)

အမေရိကန်အခြေစိုက် သူတောင်းစားတစ်ဦးဖြစ်တဲ့ တက်ဒ်ဝီလီယံ (Ted Williams) ဆိုတဲ့ပုဂ္ဂိုလ်ကတော့ အလွန်ဆင်းရဲတဲ့သူတစ်ဦးဖြစ်ပါတယ်။

သူဟာ အိုဟိုင်းယိုးပြည်နယ်ရဲ့ လမ်းတွေပေါ်မှာ တောင်းစားခြင်းနဲ့ အသက်မွေးတဲ့သူလည်းဖြစ်ပါတယ်။ တက်ဒ်ဟာ ထူးချွန်တဲ့အသံပါရမီရှင်တစ်ဦးဖြစ်တာကို သူ့ကိုယ်သူ မသိခဲ့ပါဘူး။

တစ်နေ့မှာတော့ သတင်းထောက်တစ်ဦးက သူရဲ့အသံပါရမီကိုသတိပြုမိပြီး Video ရိုက်ကာ YouTube ပေါ်မှာတင်ခဲ့ပါတယ်။ ဒီVideo ဟာ Youtube မှာတင်ပြီးတစ်ရက်အကြာမှာ ကြည့်ရှုသူ ဦးရေများပြားလွန်းတာကြောင့် တက်ဒ်ဟာလဲကျော်ကြားသူအဖြစ်ကို နေ့ချင်းညချင်းရောက်ရှိ သွားခဲ့ပါတယ်။

ဒီ Video ကြောင့် တက်ဒ်ရဲ့ဘဝပြောင်းလဲကာ သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာခဲ့ပါတယ်။ ဒီစာလေးကို အဆုံးထိဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

(Zawgyi)

ကမာၻ႔အခ်မ္းသာဆုံး သူေတာင္းစား (၅) ဦး

အခုတစ္ေခါက္တင္ဆက္မယ့္ အေၾကာင္းအရာကေတာ့ အေတာ္ေလးကိုစိတ္ဝင္စားဖို႔ေကာင္းမယ့္ အေၾကာင္းအရာျဖစ္မယ္ထင္ပါတယ္။

ဘယ္လိုမ်ိဳးအေၾကာင္းအရာေတြျဖစ္မလဲဆိုတာကိုေတာ့ ဒီစာေလးကို ဆက္လက္ ဖတ္ရႈေပးၾကပါဦးေနာ္ …

ေလာကမွာ ဆင္းရဲျခင္း နဲ႔ ခ်မ္းသာျခင္း ဆိုတာက ဆန႔္က်င္ဘက္သေဘာေဆာင္တဲ့ အသုံးအႏႈန္းလို႔ ဆိုလို႔ရမယ္ထင္ပါတယ္။ သူေဌးတစ္ဦးနဲ႔ ဆင္းရဲသားတစ္ဦးဆိုရင္လဲ ေနထိုင္၊ ဝတ္စား၊ သြားလာမႈေတြမွာ ျခားနားခ်က္ကအေတာ္ေလးမ်ား မွာအမွန္ပါပဲ။

အခုဒီ ေဆာင္းပါးေလးမွာ ေဖာ္ျပမယ့္ ပုဂၢိဳလ္ေတြက ဒီလိုအေျခအေန (၂) ရပ္စလုံးကိုတစ္ၿပိဳင္တည္း ရရွိပိုင္ဆိုင္ထားတဲ့သူေတြျဖစ္ပါတယ္။ ပိုက္ဆံခ်မ္းသာတဲ့ သူေတာင္းစားေတြလို႔လည္း ဆိုရမယ္ထင္ပါတယ္။ သူတို႔ေတြကေတာ့ …

၅။ ဘာရာ့ဂ်ိန္း (Bharat Jain)

အိႏၵိယႏိုင္ငံသားျဖစ္တဲ့ ဂ်ိန္းဟာ ေတာင္းရမ္းစားေသာက္သူတစ္ဦးဆိုေပမယ့္ အထင္ေတာ့ေသးလို႔မရပါဘူး။ သူက နယူးေဒလီၿမိဳ႕ မွာ ႐ူပီး သိန္း (၈၀) တန္တဲ့ (BHK) လူေနတိုက္ခန္းတြဲ (၂) ခုကိုပိုင္ဆိုင္ ထားတယ္လို႔သိရပါတယ္။

BHK ဆိုတာကေတာ့ အိပ္ခန္း၊ ေဟာခန္းနဲ႔၊ မီးဖိုေခ်ာင္ပါဝင္ တိုက္ခန္းမ်ိဳးကိုဆိုလိုတာျဖစ္ပါတယ္။ ဒါတင္မကေသးပါဘူး လစဥ္႐ူပီး (၁၀,၀၀၀) နဲ႔ ငွားရမ္းထားတဲ့ ဆိုင္တစ္ဆိုင္ကိုလည္းဂ်ိန္းက ပိုင္ဆိုင္ထားပါေသးတယ္။

ဒါေၾကာင့္ ဂ်ိန္းရဲ႕ပ်မ္းမွ်တစ္လဝင္ေငြက အိႏၵိယ႐ူပီး (၇၅,၀၀၀) ေလာက္ရွိတယ္လို႔သိရပါတယ္။

၄။ အီရွာ (Eisha)

အီရွာကေတာ့အသက္ (၁၀၀) အ႐ြယ္ ေတာင္းရမ္းစားေသာက္တဲ့ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး ကြယ္လြန္သြားခဲ့တာၾကာၿပီျဖစ္တယ္လို႔သိရပါတယ္။သူမေသဆုံးၿပီးေနာက္မွာသူမရဲ႕ပိုင္ဆိုင္မႈကို ထုတ္ေဖာ္ျပသခဲ့ရာမွာေတာ့ အားလုံးမ်က္လုံးျပဴးခဲ့ရပါတယ္။

ဘာလို႔လဲဆိုေတာ့သူမ ရဲ႕ပိုင္ဆိုင္မႈက ေဒၚလာသန္းခ်ီၿပီး က်န္ရစ္ခဲ့တာေၾကာင့္ပဲျဖစ္ပါတယ္။

သူမရဲ႕ပိုင္ဆိုင္မႈေတြမွာအေဆာက္အဦး (၄) ခုအျပင္ ေဒၚလာတစ္သန္းေလာက္ရွိတန္တဲ့ရတနာေတြနဲ႔ေ႐ႊဒဂၤါးေတြ ပါဝင္ေနတယ္လို႔သိရပါတယ္။

၃။ ဆိုင္မြန္႐ိုက္ (Simon Wright)

ဆိုင္မြန္႐ိုက္ (Simon Wright) ဟာ အလြန္ဆင္းရဲေပမယ့္ ၿဗိတိန္ရဲ႕ ဥပေဒအခ်ိဳ႕အရ သူ႔အေနနဲ႔ေတာင္းရမ္းစားေသာက္ခြင့္မရွိတာေၾကာင့္ အခက္ေတြ႕ေနမယ္လို႔ရင္ေတာ့ မွားသြားပါလိမ့္မယ္။

ဆိုင္မြန္႐ိုက္ဟာ အဂၤလန္ႏိုင္ငံ ဖူလ္ဟမ္ၿမိဳ႕ကတိုက္ခန္းမွာ ဇိမ္က်က်ေနထိုင္ေနတဲ့သူျဖစ္ပါတယ္။ဘာေၾကာင့္ဒီလိုေနႏိုင္တာလဲဆိုေတာ့ အဂၤလန္မွာ ေတာင္းရမ္းစားေသာက္ခြင့္မရွိတဲ့သူေတြကို အျခားသူေတြက လႉဒါန္းမႈျပဳတဲ့အေနနဲ႔ ေပးအပ္တဲ့ ေငြေတြသူ႔မွာအေျမာက္အမ်ားရွိေနလို႔ျဖစ္ပါတယ္။

သူ႔ဝင္ေငြကတစ္ႏွစ္ကို ေပါင္ (၅၀,၀၀၀) ကေန ေပါင္ (၃၀၀,၀၀၀) အထိရွိတယ္လို႔သိရပါတယ္။

၂။ ႐ြန္ဖန္း (Rongfeng)

႐ြန္ဖန္း (Rongfeng) ရဲ႕ဘဝအစပိုင္းကအေတာ္ေလးကို ဆင္းရဲႏြမ္းပါး တယ္လို႔သိရပါတယ္။သူ႔ဘဝရဲ႕ ကယ္တင္ရွင္လို႔ဆိုရမယ့္ ေခါက္ဆြဲဆိုပိုင္ရွင္အမ်ိဳးသမီးနဲ႔ မဆုံေတြ႕ခင္အခ်ိန္ထိေတာ့ ႐ြန္ဖန္းဟာ လမ္းေပၚမွာသာ အိပ္ခဲ့ရတဲ့သူလည္းျဖစ္ပါတယ္။

သူမဟာ ႐ြန္ဖန္းကို အစားအစာေကြၽးေမြးတဲ့အျပင္ သြားစရိတ္လာစရိတ္နဲ႔ ကိုယ္ပိုင္စီးပြားေရးတစ္ခုလုပ္ကိုင္ႏိုင္ဖို႔ ေငြေၾကးအေထာက္အပံ့ေတြကိုပါ ေပးခဲ့တယ္လို႔သိရပါတယ္။

ဒီလိုနဲ႔ ႐ြန္းဖန္းဟာ ႀကိဳးစားၿပီး ကိုယ္ပိုင္စီးပြားေရးုကိုလုပ္ကိုင္ခဲ့တာေၾကာင့္ တျဖည္းျဖည္းနဲ႔ခ်မ္းသာလာခဲ့ပါတယ္။႐ြန္းဖန္းဟာ သူ႔ရဲဘဝကို သုညကေန ဒီအေျခအေန ေရာက္ရွိလာေအာင္ကူညီေပးခဲ့တဲ့ အမ်ိဳးသမီးကိုလည္း ေက်းဇူးဆပ္နဲ႔အေနနဲ႔ ေဒၚလာ (၁၆၃,၀၀၀) ျပန္လည္ေပးခဲ့တယ္လို႔သိရပါတယ္။

၁။ တက္ဒ္ဝီလီယံ (Ted Williams)

အေမရိကန္အေျခစိုက္ သူေတာင္းစားတစ္ဦးျဖစ္တဲ့ တက္ဒ္ဝီလီယံ (Ted Williams) ဆိုတဲ့ပုဂၢိဳလ္ကေတာ့ အလြန္ဆင္းရဲတဲ့သူတစ္ဦးျဖစ္ပါတယ္။သူဟာ အိုဟိုင္းယိုးျပည္နယ္ရဲ႕ လမ္းေတြေပၚမွာ ေတာင္းစားျခင္းနဲ႔ အသက္ေမြးတဲ့သူလည္းျဖစ္ပါတယ္။

တက္ဒ္ဟာ ထူးခြၽန္တဲ့အသံပါရမီရွင္တစ္ဦးျဖစ္တာကို သူ႔ကိုယ္သူ မသိခဲ့ပါဘူး။တစ္ေန႔မွာေတာ့ သတင္းေထာက္တစ္ဦးက သူရဲ႕အသံပါရမီကိုသတိျပဳမိၿပီး Video ႐ိုက္ကာ YouTube ေပၚမွာတင္ခဲ့ပါတယ္။

ဒီ Video ဟာ Youtube မွာတင္ၿပီးတစ္ရက္အၾကာမွာ ၾကည့္ရႈသူဦးေရမ်ားျပားလြန္းတာေၾကာင့္ တက္ဒ္ဟာလဲေက်ာ္ၾကားသူအျဖစ္ကို ေန႔ခ်င္းညခ်င္းေရာက္ရွိ သြားခဲ့ပါတယ္။

ဒီ Video ေၾကာင့္ တက္ဒ္ရဲ႕ဘဝေျပာင္းလဲကာ သန္းႂကြယ္သူေဌးတစ္ဦးျဖစ္လာခဲ့ပါတယ္။

ဒီစာေလးကို အဆုံးထိဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအေယာက္စီတိုင္းကို ေက်းဇူးအထူးတင္ရွိပါတယ္ေနာ္