Uncategorized ဗဟုသုတ

“ဝါရင့်လူရွှင်တော်ကြီး ဦးချစ်စရာ အောက်ဆီဂျင်ရှူနေရ”

“ဝါရင့်လူရွှင်တော်ကြီး ဦးချစ်စရာ အောက်ဆီဂျင်ရှူနေရ”

ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ဗီဒီယိုကားတွေထဲမှာ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောအောင် အကောင်းဆုံးသရုပ်ဆောင်ခဲ့တဲ့ နိုင်ငံကျော်ဟာသသရုပ်ဆောင်၊ လူရွှင်တော်ကြီး ဦးချစ်စရာ ကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်။

လက်ရှိမှာ ဦးချစ်စရာ ကတော့ အသက် ၇၃ နှစ်ရှိနေပီဖြစ်ပါတယ်။ အောက်ဆီဂျင် ကျလာလို့ အောက်ဆီဂျင် ရှူရန် လိုအပ်လာသည့် ဟာသသရုပ်ဆောင် ဥွီးချစ်စရာအတွက်50 L လေအပြည့်အိုး ကို ငှားရမ်းပို့ဆောင်ပေးခဲ့ပြီး သွားရောက်တွေ့ဆုံ ဂါရဝပြု အားပေးစကားများလည်း ပြောကြားခဲ့ပါတယ်။

ဝေဠုကျော်ဖောင်ဒေးရှင်း ရဲ့ဖေ့ဘွတ်စာမျက်နှာမှာတော့ ဦးချစ်စရာ အမြန်ဆုံး သက်သာပျောက်ကင်း ကျန်းမာလာပါစေလို့ ရေးသားထားပါသေးတယ်။

သားသမီးကျောထောက်နောက်ခံမရှိဘဲ ဇနီးဆုံးပါးပြီးကတည်းက ဘဝကိုတစ်ယောက်တည်းဖြတ်သန်းနေရတဲ့ ဟာသသရုပ်ဆောင် ဦးချစ်စရာဟာ ကျန်းမာရေးအရအောက်ဆီဂျင်ရှူနေရကြောင်းသိရပါတယ်။ဦးချစ်စရာကို ဝေဠုကျော်မှ အောက်ဆီဂျင် 50L တစ်အိုးငှားရမ်းပေးခဲ့ပြီးအားပေးစကားပြောကြားခဲ့ပါတယ်။

ဒီနေ့မှာတော့ ဦးချစ်စရာ အောက်ဆီဂျင် ကျနေတဲ့အတွက် အောက်ဆီဂျင် အရေးပေါ်သွားရောက်​ပို့ဆောင်ပေးခဲ့ရကြောင်း သရုပ်ဆောင်ဝေဠုကျော်က ရေးသားထားပါတယ်။

ဆယ်စုနှစ်တစ်ခုကြာအောင် အနုပညာလောကမှာ ရပ်တည်ခဲ့ပြီးတော့ ပရိသတ်တွေအတွက် ပျော်ရွှင်မှု့ရသတွေကိုပေးစွမ်းခဲ့တဲ့ ဝါရင့်လူရွှင်တော်သရုပ်ဆောင်ကြီး ဦးချစ်စရာ အမြန်ဆုံးနေပြန်ကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။