ဗဟုသုတ

ရှားစောင်းကြီးအပင်ကို ရှားစောင်းလက်ပတ်နဲ့ မှားပြီး စားပြတဲ့အမျိုးသမီးရဲ့ အဖြစ်

အပူပိုင်းကန္တာရဒေသတွေမှာသာ ပေါက်လေ့ရှိတဲ့ ရာစုနှစ်အပင် (Centuryplant) (ခ) ရှားစောင်းကြီးအပင်ဟာ အဆိပ်ရှိတဲ့ အပင်ဖြစ်ပါတယ်။

အလွန်ကို ခါးသက်ပြီး၊ စားသူရဲ့ သည်းခြေနဲ့ကျောက်ကပ်ကို ထိခိုက်မှုဖြစ်ကာ ချင်းချင်း သွေးအန်သေစေနိုင်ပါတယ်။ (နီးစပ်ရာကိုလည်း သတိပေးလိုက်ပါဦး။)

Centuryplant ဟာ သာမန်အားဖြင့် Aloe Vera လို့ခေါ်တဲ့ ရှားစောင်းလက်ပတ် အပင်နဲ့ မှားတတ်ပါတယ်။

ရှားစောင်းလက်ပတ်အပင်ကတော့ စားလို့ရပါတယ်။ ဒါပေမယ့် ဒီအပင်ကလည်း အလွန်အော်ဂလီဆန်လှတဲ့ ခါးသက်တဲ့ အရသာကို ပေးစွမ်းပြီး၊ ဒီအတိုင်းဆို ဘယ်သူမှ မစားနိုင်ကြပါဘူး။ တစ်ချို့က ပျားရည်/သကြား စသည်တို့နဲ့ သမအောင် နှပ်ပြီးမှ စားကြတာပါ။

အခုတော့ လူမှုကွန်ယက်မှာ ထင်ပေါ်ကျော်ကြားလိုတဲ့ Zhang လို့ အမည်ရတဲ့ အသက် 26 နှစ်အရွယ် အမျိုးသမီးဟာ Live ဗွီဒီယို ထုတ်လွှင့်မှုမှာအလွန်ကြီးမားတဲ့ ရာစုနှစ်ပင်အရွက်ကြီးကို ကိုင်ပြီး၊ အားရပါးရ ကိုက်ဝါးပြပါတယ်။ သူမက ” စားရတာ အရသာရှိတယ် “လို့ ဆိုပါသေးတယ်။

ကြည့်ရှုနေသူ ပရိသတ်တစ်ချို့က သတိပေးမှုတွေ ပြုလုပ်တဲ့အခါမှာတော့ ” အိုး ခါးတယ် .. တကယ်ကို ခါးတယ် “လို့ ပြောကာ Live ထုတ်လွှင့်မှုကို ရပ်နားခဲ့ရပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းအရတော့ Zhang ဟာ ဆေးရုံကို အရေးပေါ်တက်ရောက်ခဲ့ရပြီး၊ လောလောဆယ်တော့ အခြေအနေ ကောင်းသွားပြီလို့ သိရပါတယ်။

ရာစုနှစ်အပင်တွေဟာအပူဒဏ်အလွန်ခံနိုင်တဲ့ အပင်တွေဖြစ်ပြီး၊ နေရာဒေသအလိုက်၊ အရွက်ထွားကျိုင်းမှုမှာ ကွာခြားသွားပါတယ်။ မြန်မာနိုင်ငံအညာဘက်မှာတော့ယင်းရာစုအပင်ကို ရှားစောင်းကြီးအပင်လို့ ခေါ်ပါတယ်။

အမျိုးအသား နှစ်မျိုးရှိပြီး၊ အယဉ်လို့ သတ်မှတ်တဲ့ ရှားစောင်းကြီးအပင်ဟာ ဆူးမမပါပါဘူး။ အရိုင်းလို့ခေါ်တဲ့ ရှားစောင်းကြီးကတော့ ရှည်လျှားတဲ့ ဆူးတွေပါဝင်ပါတယ်။ ဆူးမပါတဲ့ အယဉ်ပင်ကို တရုတ်နိုင်ငံက ဆေးထုတ်လုပ်ဖို့ အမြောက်အများ မှာယူကြပါတယ်။

အခုတော့ အပင်မှားပြီး စားပြတဲ့ Zhang တစ်ယောက် အသံသုံးရက်လောက် လုံး၀ မထွက်တော့ပဲ၊ ဗိုက်ထဲကို ရောက်သွားတဲ့ အဆိပ်အတောက်တွေကြောင့်၊အဖုအပိမ့်တွေတောင် ထလာခဲ့တယ်လို့ ဒေါက်တာတွေက အတည်ပြုခဲ့ပါတယ်။ သူမရဲ့ အစာအိမ်ထဲမှ အဆိပ်အတောက်တွေကို အရေးပေါ်ဖယ်ရှားပြီးတာတောင် လူက နုံးခွေနေသေးတယ်လို့ ဆိုပါတယ်။

အပူပိုင်းကန္တာရဒေသတွေမှာသာ ပေါက်လေ့ရှိတဲ့ ရာစုနှစ်အပင် (Centuryplant) (ခ) ရှားစောင်းကြီးအပင်ဟာ အဆိပ်ရှိတဲ့ အပင်ဖြစ်ပါတယ်။

အလွန်ကို ခါးသက်ပြီး၊စားသူရဲ့ သည်းခြေနဲ့ကျောက်ကပ်ကို ထိခိုက်မှုဖြစ်ကာ ချင်းချင်း သွေးအန်သေစေနိုင်ပါတယ်။ (နီးစပ်ရာကိုလည်း သတိပေးလိုက်ပါဦး။) Centuryplant ဟာသာမန်အားဖြင့် Aloe Vera လို့ခေါ်တဲ့ ရှားစောင်းလက်ပတ် အပင်နဲ့ မှားတတ်ပါတယ်။

ရာစုအပင်(ခ) ရှားစောင်းကြီးအပင်

ရှားစောင်းလက်ပတ်အပင်ကတော့ စားလို့ရပါတယ်။ ဒါပေမယ့် ဒီအပင်ကလည်း အလွန်အော်ဂလီဆန်လှတဲ့ ခါးသက်တဲ့ အရသာကို ပေးစွမ်းပြီး၊ ဒီအတိုင်းဆို ဘယ်သူမှ မစားနိုင်ကြပါဘူး။

တစ်ချို့က ပျားရည်/သကြား စသည်တို့နဲ့ သမအောင် နှပ်ပြီးမှ စားကြတာပါ။

အခုတော့ လူမှုကွန်ယက်မှာ ထင်ပေါ်ကျော်ကြားလိုတဲ့ Zhang လို့ အမည်ရတဲ့ အသက် 26 နှစ်အရွယ် အမျိုးသမီးဟာ Live ဗွီဒီယို ထုတ်လွှင့်မှုမှာ အလွန်ကြီးမားတဲ့ ရာစုနှစ်ပင်အရွက်ကြီးကို ကိုင်ပြီး၊ အားရပါးရ ကိုက်ဝါးပြပါတယ်။ သူမက ” စားရတာ အရသာရှိတယ် “လို့ ဆိုပါသေးတယ်။

ကြည့်ရှုနေသူ ပရိသတ်တစ်ချို့က သတိပေးမှုတွေ ပြုလုပ်တဲ့အခါမှာတော့ ” အိုး ခါးတယ် .. တကယ်ကို ခါးတယ် “လို့ ပြောကာ Live ထုတ်လွှင့်မှုကို ရပ်နားခဲ့ရပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းအရတော့ Zhang ဟာ ဆေးရုံကို အရေးပေါ်တက်ရောက်ခဲ့ရပြီး၊ လောလောဆယ်တော့ အခြေအနေ ကောင်းသွားပြီလို့ သိရပါတယ်။

ရာစုနှစ်အပင်တွေဟာ အပူဒဏ် အလွန်ခံနိုင်တဲ့ အပင်တွေဖြစ်ပြီး၊ နေရာဒေသအလိုက်၊ အရွက်ထွားကျိုင်းမှုမှာ ကွာခြားသွားပါတယ်။ မြန်မာနိုင်ငံ အညာဘက်မှာတော့ယင်းရာစုအပင်ကို ရှားစောင်းကြီးအပင်လို့ ခေါ်ပါတယ်။ အမျိုးအသား နှစ်မျိုးရှိပြီး၊ အယဉ်လို့ သတ်မှတ်တဲ့ ရှားစောင်းကြီးအပင်ဟာ ဆူးမမပါပါဘူး။

အရိုင်းလို့ခေါ်တဲ့ရှားစောင်းကြီးကတော့ ရှည်လျှားတဲ့ ဆူးတွေပါဝင်ပါတယ်။ ဆူးမပါတဲ့ အယဉ်ပင်ကို တရုတ်နိုင်ငံက ဆေးထုတ်လုပ်ဖို့ အမြောက်အများ မှာယူကြပါတယ်။