ေမြးကင္းစသားဦးေလးကို ပထမဆုံးႏွင့္ေနာက္ဆုံးအႀကိမ္အျဖစ္ ရင္ခြင္ထဲေပြ႕ဖက္ခဲ့ၿပီး ေနာက္တစ္ေန႕မွာဘဲ ကြယ္လြန္သြားခဲ့တဲ့ ဖခင္တစ္ဦး
အခ်ိဳ႕ေသာခင္ပြန္းေတြဟာ ဇနီးသည္ကိုယ္ဝန္ေဆာင္ေနစဥ္မွာဘဲ ကြယ္လြန္သြားခဲ့ၾကတဲ့အျဖစ္အပ်က္မ်ိဳးကို ေတြ႕ျမင္ဖူးၾကမွာပါ။မီးဖြားေနစဥ္အတြင္း ၎တို႔အနားမွာ ကေလးေလးရဲ႕အေဖကရွိမေနဘဲ သားအမိသာက်န္ရွိေနရတဲ့ဇနီးျဖစ္သူတို႔ရဲ႕နာက်င္ခံစားမႈကို ျမင္ေယာင္ၾကည့္ရင္ကိုယ္ပါလိုက္နာက်င္ေနရပါလိမ့္မယ္။
အခုလည္း မေသခင္တစ္ရက္အလိုမွာ ၎တို႔ရဲ႕ေမြးကင္းသကေလးေလးကို ေပြ႕ဖက္ခင္ရခဲ့တဲ့ဖခင္ေကာင္းတစ္ဦးရဲ႕တကယ့္အျဖစ္အပ်က္တစ္ခုကို ေဖာ္ျပေပးသြားမွာဘဲျဖစ္ပါတယ္။
ေကာင္းကင္ဘုံသို႔ မသြားခင္ တစ္ရက္အလိုမွာ အေဖက သူ႕ရဲ႕ေမြးကင္စသားေလးကို သူ႕ရဲ႕ရင္ခြင္ထဲမွာ ေပြ႕ဖက္ထားနိုင္မဲ့သူ႕ရဲ႕ေနာက္ဆုံးဆႏၵကို ျဖည့္ဆည္းသြားနိုင္ခဲ့တယ္ဟု သမီးျဖစ္သူ Gracie Stone က သူမရဲ႕ဖခင္အတြက္ တမ္းတျခင္းစာကို ေရးသားခဲ့ပါတယ္။
အေမရိကန္နိုင္ငံ Alabama ျပည္နယ္မွာ ေနထိုင္တဲ့ Christopher Stone အမည္ရွိဖခင္တစ္ဦးဟာ ၿပီးခဲ့တဲ့လ ၂၅ ရက္ေန႕မွာ ကြယ္လြန္သြားခဲ့ပါတယ္။သူ႕ရဲ႕ဘဝမွာ ပင္ပန္းစြာ လုပ္ကိုင္ရင္း အသက္ေမြးဝမ္းေက်ာင္းျပဳတဲ့အိမ္ေထာင္ဦးစီးျဖစ္သူ မစၥတာ Christopher Stone ဟာသူ၏အလုပ္ခြင္အတြင္းမွ ထုတ္လုပ္တဲ့မေကာင္းတဲ့အေငြ႕အသက္မ်ားကို ရႈရွိုက္မိသြားခဲ့ျခင္းေၾကာင့္ သူဟာ အဆုတ္ေရာဂါကို ခံစားေနခဲ့ရၿပီးေနာက္ ကြယ္လြန္သြားခဲ့ရပါတယ္။
မစၥတာ Christopher Stone မေသဆုံးမီ တစ္ရက္အလို ၂၄ရက္ေန႕မွာ ဇနီးျဖစ္သူ Brandi ဟာ သူတို႔ဇနီးေမာင္ႏွံအတြက္ သားဦးေလးျဖစ္တဲ့ Coy ေလးကို ေမြးဖြားခဲ့ပါတယ္။
ထိုေန႕မွာ မစၥတာ Christopher Stone ဟာ သားဦးေလးကို ရင္ဘတ္ထဲမွာ ေပြ႕ဖက္ထားခဲ့ၿပီး သားေလးရဲ႕ေခါင္းကိုလည္း တုန္ရီေနတဲ့သူ႕ရဲ႕လက္မ်ားျဖင့္ ပြတ္သပ္ေပးေနခဲ့ပါတယ္။
ထိုအခ်ိန္မွာ မစၥတာ Christopher Stone ဟာ အလြန္အားနည္းေနၿပီျဖစ္ၿပီး စကားတစ္လုံးမွမေျပာနိုင္ခဲ့ပါဘူး။သို႔ေပမဲ့ သူဟာ မွတ္စုစာအုပ္ထဲမွာ စာေလးေရးလိုက္ပါတယ္။
ငါ့ရဲ႕သားေလးကို ေပြ႕ဖက္ခြင့္ရတာ ငါအရမ္းဝမ္းသာတယ္ ၊ ဘုရားသခင္က ႀကီးျမတ္တယ္၊အရာအားလုံးအတြက္ ေက်းဇူးပါ ဟု မစၥတာ Christopher Stone ဟာသူ႕ရဲ႕သားဦးေလးအတြက္ ပထမဆုံးနဲ႕ေနာက္ဆုံးအႀကိမ္အျဖစ္ စာေလးေရးေပးခဲ့ပါတယ္။
ေနာက္တစ္ေန႕မွာေတာ့ မစၥတာ Christopher Stone ဟာ ၿငိမ္းခ်မ္းစြာျဖင့္ လူ႕ေလာကႀကီးမွ အၿပီးအပိုင္ထြက္သြားခဲ့ပါေတာ့တယ္။
ထို႔ေနာက္ ဇနီးျဖစ္သူ Brandi က Christopher ရဲ႕အၿပဳံးႏွင့္ စိတ္ဝိညာဥ္က ကြၽန္မတို႔ရဲ႕သားေလးနဲ႕အတူ က်န္ရွိေနခဲ့တဲ့အတြက္ ကြၽန္မ ေက်းဇူးတင္တယ္ လို႔ ဆိုခဲ့ပါတယ္။ဒါဟာ အလြန္ကို ဝမ္းနည္းေၾကကြဲရတဲ့အျဖစ္အပ်က္တစ္ခုပါ။
Unicode
မွေးကင်းစသားဦးလေးကို ပထမဆုံးနှင့်နောက်ဆုံးအကြိမ်အဖြစ် ရင်ခွင်ထဲပွေ့ဖက်ခဲ့ပြီး နောက်တစ်နေ့မှာဘဲ ကွယ်လွန်သွားခဲ့တဲ့ ဖခင်တစ်ဦး
အချို့သောခင်ပွန်းတွေဟာ ဇနီးသည်ကိုယ်ဝန်ဆောင်နေစဉ်မှာဘဲ ကွယ်လွန်သွားခဲ့ကြတဲ့အဖြစ်အပျက်မျိုးကို တွေ့မြင်ဖူးကြမှာပါ။ မီးဖွားနေစဉ်အတွင်း ၎င်းတို့အနားမှာ ကလေးလေးရဲ့အဖေကရှိမနေဘဲ သားအမိသာကျန်ရှိနေရတဲ့ဇနီးဖြစ်သူတို့ရဲ့နာကျင်ခံစားမှုကို မြင်ယောင်ကြည့်ရင်ကိုယ်ပါလိုက်နာကျင်နေရပါလိမ့်မယ်။
အခုလည်း မသေခင်တစ်ရက်အလိုမှာ ၎င်းတို့ရဲ့မွေးကင်းစကလေးလေးကို ပွေ့ဖက်ခဲ့ရတဲ့ ဖခင်ကောင်းတစ်ဦးရဲ့တကယ့်အဖြစ်အပျက်တစ်ခုကို ဖော်ပြပေးသွားမှာဘဲဖြစ်ပါတယ်။
“ကောင်းကင်ဘုံသို့ မသွားခင် တစ်ရက်အလိုမှာ အဖေက သူ့ရဲ့မွေးကင်စသားလေးကိုသူ့ရဲ့ရင်ခွင်ထဲမှာပွေ့ဖက်ထားနိုင်မဲ့သူ့ရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းသွားနိုင်ခဲ့တယ်”ဟုသမီးဖြစ်သူ Gracie Stone က သူမရဲ့ဖခင်အတွက် တမ်းတခြင်းစာကို ရေးသားခဲ့ပါတယ်။
အမေရိကန်နိုင်ငံ Alabama ပြည်နယ်မှာ နေထိုင်တဲ့ Christopher Stone အမည်ရှိဖခင်တစ်ဦးဟာ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။သူ့ရဲ့ဘဝမှာ ပင်ပန်းစွာ လုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်းပြုတဲ့အိမ်ထောင်ဦးစီးဖြစ်သူ မစ္စတာ Christopher Stone ဟာသူ၏အလုပ်ခွင်အတွင်းမှ ထုတ်လုပ်တဲ့မကောင်းတဲ့အငွေ့အသက်များကို ရှုရှိုက်မိသွားခဲ့ခြင်းကြောင့် သူဟာ အဆုတ်ရောဂါကို ခံစားနေခဲ့ရပြီးနောက် ကွယ်လွန်သွားခဲ့ရပါတယ်။
မစ္စတာ Christopher Stone မသေဆုံးမီ တစ်ရက်အလို ၂၄ရက်နေ့မှာ ဇနီးဖြစ်သူ Brandi ဟာ သူတို့ဇနီးမောင်နှံအတွက် သားဦးလေးဖြစ်တဲ့ Coy လေးကို မွေးဖွားခဲ့ပါတယ်။
ထိုနေ့မှာ မစ္စတာ Christopher Stone ဟာ သားဦးလေးကို ရင်ဘတ်ထဲမှာ ပွေ့ဖက်ထားခဲ့ပြီး သားလေးရဲ့ခေါင်းကိုလည်း တုန်ရီနေတဲ့သူ့ရဲ့လက်များဖြင့် ပွတ်သပ်ပေးနေခဲ့ပါတယ်။
ထိုအချိန်မှာ မစ္စတာ Christopher Stone ဟာ အလွန်အားနည်းနေပြီဖြစ်ပြီး စကားတစ်လုံးမှမပြောနိုင်ခဲ့ပါဘူး။သို့ပေမဲ့ သူဟာ မှတ်စုစာအုပ်ထဲမှာ စာလေးရေးလိုက်ပါတယ်။
“ ငါ့ရဲ့သားလေးကို ပွေ့ဖက်ခွင့်ရတာ ငါအရမ်းဝမ်းသာတယ် ၊ ဘုရားသခင်က ကြီးမြတ်တယ် ၊ အရာအားလုံးအတွက် ကျေးဇူးပါ”ဟု မစ္စတာ Christopher Stone ဟာ သူ့ရဲ့သားဦးလေးအတွက် ပထမဆုံးနဲ့နောက်ဆုံးအကြိမ်အဖြစ် စာလေးရေးပေးခဲ့ပါတယ်။
နောက်တစ်နေ့မှာတော့ မစ္စတာ Christopher Stone ဟာ ငြိမ်းချမ်းစွာဖြင့် လူ့လောကကြီးမှ အပြီးအပိုင်ထွက်သွားခဲ့ပါတော့တယ်။
ထို့နောက် ဇနီးဖြစ်သူ Brandi က “ Christopher ရဲ့အပြုံးနှင့် စိတ်ဝိညာဉ်က ကျွန်မတို့ရဲ့သားလေးနဲ့အတူ ကျန်ရှိနေခဲ့တဲ့အတွက် ကျွန်မ ကျေးဇူးတင်တယ် ” လို့ ဆိုခဲ့ပါတယ်။ ဒါဟာ အလွန်ကို ဝမ်းနည်းကြေကွဲရတဲ့အဖြစ်အပျက်တစ်ခုပါ။