ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ကြသူများထဲတွင် သရုပ်ဆောင် မြနှင်းရည်လွင်တစ်ယောက်လည်း အပါအဝင်ပဲဖြစ်ပါတယ်။
သူမဟာနွေဦးတော်လှန်ရေးအစပိုင်းတွင်လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် အာဏာရှင်လူတစ်စုမှပုဒ်မ ၅၀၅ (က)ဖြင့် တရားစွံဆိုအရေးယူခံထားရတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဘေးကင်းလုံခြုံတဲ့နေရာတွင်နေထိုင်နေပြီး တော်လှန်ရေးတိုက်ပွဲများအတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း မြနှင်းရည်လွင်ရဲ့ လူမှုကွန်ယက် Story တွင် ပုံလေးတစ်ပုံ တင်ထားတာဖြစ်ပါတယ်။
ဒါကတော့ ဘယ်နေရာရောက်ရောက် သွေးအေးမသွားဘဲ အဆုံးထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းလက်သုံးချောင်းထောင်ထားတဲ့ သူမရဲ့ပုံလေးတစ်ပုံကို တင်ထားတာဖြစ်ပါတယ်။
မြနှင်းရည်လွင်ဟာ ပြည်သူ့အစိုးရ NUG မှထုတ်လွှင့်မယ့် Radio အစီအစဉ်များတွင်လည်း တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီနေတာဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်တွင်ရှိတဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလူမှုကွန်ယက်စာမျက်နှာတွင်လည်း အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
အနုပညာရှင်ဖြစ်ပေမယ့် အရေးကြုံလာတဲ့အခါ ပြည်သူတွေနဲ့အတူ ဓမ္မဘက်ကနေအခိုင်အမာရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်များ အားလုံးဟာ တကယ်ကို လေးစားဂုဏ်ယူစရာကောင်းလှပါတယ်။
အရေးတော်ပုံ အောင်မြင်သွားတဲ့အခါ ပြည်သူတွေနဲ့အတူ ရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်တိုင်းကိုအရင်ကထက်ပိုပြီး ချစ်ခင်အားပေးကြဖို့ လိုအပ်ကြောင်းပြောကြားရင်း ဒီသတင်းကိုတင်ဆက်ပေးလိုက်ရပါတယ်။
(Zawgyi)
NUG ရဲ့ရေဒီယိုထုတ်လွှင့်မှုမှာ အစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်လာတဲ့ သရုပ်ဆောင်မြနှင်းရည်လွင် (ရုပ်သံ)
ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ကြသူများထဲတွင် သရုပ်ဆောင် မြနှင်းရည်လွင်တစ်ယောက်လည်း အပါအဝင်ပဲဖြစ်ပါတယ်။
သူမဟာနွေဦးတော်လှန်ရေးအစပိုင်းတွင်လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် အာဏာရှင်လူတစ်စုမှပုဒ်မ ၅၀၅ (က)ဖြင့် တရားစွံဆိုအရေးယူခံထားရတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဘေးကင်းလုံခြုံတဲ့နေရာတွင်နေထိုင်နေပြီး တော်လှန်ရေးတိုက်ပွဲများအတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း မြနှင်းရည်လွင်ရဲ့ လူမှုကွန်ယက် Story တွင် ပုံလေးတစ်ပုံ တင်ထားတာဖြစ်ပါတယ်။
ဒါကတော့ ဘယ်နေရာရောက်ရောက် သွေးအေးမသွားဘဲ အဆုံးထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းလက်သုံးချောင်းထောင်ထားတဲ့ သူမရဲ့ပုံလေးတစ်ပုံကို တင်ထားတာဖြစ်ပါတယ်။
မြနှင်းရည်လွင်ဟာ ပြည်သူ့အစိုးရ NUG မှထုတ်လွှင့်မယ့် Radio အစီအစဉ်များတွင်လည်း တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီနေတာဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်တွင်ရှိတဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လူမှုကွန်ယက်စာမျက်နှာတွင်လည်း အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။