ချီကာဂိုမှာ နေထိုင်တဲ့ အသက် 24 နှစ်အရွယ် Samantha Churchwell အမည်ရ အမျိုးသမီးရဲ့ ဝါသနာကတော့ တစ်ခြားသူတွေ လက်ဖျားခါလောက်စရာပါဘဲ။
သူမဟာ ခန္ဓာကိုယ်တွဲလောင်းချခြင်းမှတ်တမ်းရုပ်ရှင်တစ်ခုကို ကြည့်ပြီးတဲ့နောက်မှာ သူမလည်း အဲဒီလို လုပ်ကြည့်ချင်စိတ်တွေ ပေါက်လာခဲ့တယ်လို့ ဆိုပါတယ်။
Samantha ဟာ တက္ကသိုလ်မှ သူမယူထားတဲ့ မေဂျာကလည်း လူသေကောင်တွေကို လေ့လာရတဲ့ဘာသာရပ်လို့ သိရပပါတယ်။ ကနဦးတော့ ဒီလို အရေပြားကို ဖောက်ပြီး သံချိတ်နဲ့ လေမှာချိတ်ဆွဲရတာက နာကျင်တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဒါပေမယ့် နောက်ဆုံး ခန္ဓာကိုယ်ရဲ့ သဘောသဘာဝကို နားလည်လာတဲ့အခါ ယုံကြည်မှုဖြစ်ပေါ်ပြီး၊ နာကျင်မှု အလျှဉ်းမရှိတော့ပါဘူးတဲ့။
Samantha ဟာ အသက် 13 နှစ်အရွယ်လောက်ကတည်းက ခန္ဓာကိုယ်ကို သံချိတ်တွေနဲ့ဖောက်ပြီး လေမှာတွဲလောင်းခိုတဲ့ ဗွီဒီယိုကိုကြည့်ကာ ဒီလုပ်ဆောင်မှုကို စိတ်ဝင်တစား ရှိခဲ့ပါတယ်။ ဒါပေမယ့်
အခုလို စွမ်းဆောင်နိုင်လိမ့်မယ်လို့တော့ ဒီမတိုင်ခင်က လုံးဝယုံကြည်မှုမရှိခဲ့ပါဘူူး။ အခုအခါမှာတော့ သူမဟာ ခန္ဓာကိုယ်အရေပြားကို ဖောက်ပြီး သံချိတ်ဆွဲတွဲလောင်းခိုခြင်းကို 35 ကြိမ်ထက်မနည်း ပြုလုပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။
သူမ အသက် 24 နှစ်မှာ ဝါသနာတူအသင်းတစ်ခုနဲ့ ပူးပေါင်းနိုင်ခဲ့ပါတယ်။ အဲဒီနောက် သူမရဲ့ ဝါသနာနဲ့ လုပ်ဆောင်မှုတွေကို အများပြည်သူအတွက် တရားဝင်ပြသနိုင်ခဲ့ပါတယ်။
သူမက”လူတွေက ကျွန်မတို့အရေပြားတွေ ဘယ်လောက်သန်မာသလဲဆိုတာမသိကြပါဘူး ဒါပေမယ့် ဒီလိုတွဲလောင်းခိုခြင်းတွေပြုလုပ်ဖို့ ခန္ဓာကိုယ်အနေအထားနဲ့ တွဲလောင်းခိုတဲ့ အလေ့အကျင့်ပေါ်မှာ မူတည်ပါတယ် … ”လို့ ပြောခဲ့ပါတယ်။
Samantha က ” ရှင်တို့လည်း ကြိုးစားကြည့်လို့ ရပါတယ် … စိတ်ကို ပေါ့ပေါ့ပါးပါးလေး ထားလိုက် .. နောက် ကိုယ့်ခန္ဓာကိုယ်ရဲ့ သဘောတရားကို ပြည့်ပြည့်၀၀ယုံကြည်လိုက်ပါဒါကို မိမိရရဆုပ်ကိုင်နိုင်ရင် မခက်ပါဘူး .. နောက်တော့ ပျော်စရာအဖြစ်တောင် မှတ်ယူသွားမှာပါ “လို့ ပြောခဲ့ပါတယ်။
ချီကာဂိုမှာ နေထိုင်တဲ့ အသက် 24 နှစ်အရွယ် Samantha Churchwell အမည်ရ အမျိုးသမီးရဲ့ ဝါသနာကတော့ တစ်ခြားသူတွေ လက်ဖျားခါလောက်စရာပါဘဲ။
သူမဟာ ခန္ဓာကိုယ်တွဲလောင်းချခြင်းမှတ်တမ်းရုပ်ရှင်တစ်ခုကို ကြည့်ပြီးတဲ့နောက်မှာ သူမလည်း အဲဒီလို လုပ်ကြည့်ချင်စိတ်တွေ ပေါက်လာခဲ့တယ်လို့ ဆိုပါတယ်။
Samantha ဟာ တက္ကသိုလ်မှ သူမယူထားတဲ့ မေဂျာကလည်း လူသေကောင်တွေကို လေ့လာရတဲ့ဘာသာရပ်လို့ သိရပပါတယ်။ ကနဦးတော့ ဒီလိုအရေပြားကို ဖောက်ပြီး သံချိတ်နဲ့ လေမှာချိတ်ဆွဲရတာက နာကျင်တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဒါပေမယ့် နောက်ဆုံး ခန္ဓာကိုယ်ရဲ့ သဘောသဘာဝကို နားလည်လာတဲ့အခါ ယုံကြည်မှုဖြစ်ပေါ်ပြီး၊ နာကျင်မှု အလျှဉ်းမရှိတော့ပါဘူးတဲ့။
Samantha ဟာ အသက် 13 နှစ်အရွယ်လောက်ကတည်းက ခန္ဓာကိုယ်ကို သံချိတ်တွေနဲ့ဖောက်ပြီး လေမှာတွဲလောင်းခိုတဲ့ ဗွီဒီယိုကိုကြည့်ကာ ဒီလုပ်ဆောင်မှုကို စိတ်ဝင်တစား ရှိခဲ့ပါတယ်။
ဒါပေမယ့် အခုလို စွမ်းဆောင်နိုင်လိမ့်မယ်လို့တော့ဒီမတိုင်ခင်က လုံးဝယုံကြည်မှုမရှိခဲ့ပါဘူူး။ အခုအခါမှာတော့ သူမဟာ ခန္ဓာကိုယ်အရေပြားကို ဖောက်ပြီး သံချိတ်ဆွဲတွဲလောင်းခိုခြင်းကို 35 ကြိမ်ထက်မနည်း ပြုလုပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။
သူမ အသက် 24 နှစ်မှာ ဝါသနာတူအသင်းတစ်ခုနဲ့ ပူးပေါင်းနိုင်ခဲ့ပါတယ်။ အဲဒီနောက် သူမရဲ့ ဝါသနာနဲ့ လုပ်ဆောင်မှုတွေကို အများပြည်သူအတွက် တရားဝင်ပြသနိုင်ခဲ့ပါတယ်။
သူမက”လူတွေက ကျွန်မတို့အရေပြားတွေ ဘယ်လောက်သန်မာသလဲဆိုတာမသိကြပါဘူးဒါပေမယ့် ဒီလိုတွဲလောင်းခိုခြင်းတွေ ပြုလုပ်ဖို့ ခန္ဓာကိုယ်အနေအထားနဲ့ တွဲလောင်းခိုတဲ့ အလေ့အကျင့်ပေါ်မှာ မူတည်ပါတယ် ” လို့ ပြောခဲ့ပါတယ်။
Samantha က ” ရှင်တို့လည်း ကြိုးစားကြည့်လို့ ရပါတယ် စိတ်ကို ပေါ့ပေါ့ပါးပါးလေး ထားလိုက် နောက် ကိုယ့်ခန္ဓာကိုယ်ရဲ့ သဘောတရားကို ပြည့်ပြည့်၀၀ ယုံကြည်လိုက်ပါ ဒါကို မိမိရရဆုပ်ကိုင်နိုင်ရင် မခက်ပါဘူး .. နောက်တော့ ပျော်စရာအဖြစ်တောင် မှတ်ယူသွားမှာပါ “လို့ ပြောခဲ့ပါတယ်။