အီသီယိုးပီးယား လူရိုင်းမျိုးနွယ်စုဝင်တွေဟာ နိုင်ငံရဲ့ ဝေးလံသီခေါင်တဲ့ အခေါင်အဖျားဒေသတွေမှာ ယခုအချိန်ထိ ရှေးမူမပျက် နေထိုင်နေဆဲ ဖြစ်ပါတယ်။ လူရိုင်းအမျိုးသမီးတွေဟာခေတ်မီအသုံးဆောင်ပစ္စည်းများရဲ့ အကူအညီကို တတ်နိုင်သမျှ ရှောင်ဖယ်ပြီး ရိုးရာမပျက် ဖန်တီးထားတဲ့ လက်မှုအထည်တွေနဲ့သာ အလှဆင်ကြပါတယ်။
လူရိုင်းမျိုးနွယ်စုတွေ နေထိုင်ရာကို Omar Reda လို့အမည်ရတဲ့ ဓာတ်ပုံဆရာက အရောက်သွားပြီး မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီလူရိုင်းမျိုးနွယ်စုဟာ Hamar လူရိုင်းမျိုးနွယ်စုလို့ခေါ်ကြပါတယ်။
အသားရေမှာ ကျား/မ မရွေး ကြေးနီရောင် ပုပ်ပုပ် အသားရေ ဖြစ်ပြီး အီသီယိုးပီးယားတောင်ပိုင်း ခေါင်ဖျားတဲ့ နေရာတွေမှာ ကျေးရွာငယ်လေးတွေ တည်ထောင်နေထိုင်ကြပါတယ်။
ယခင်က အပေါ်ပိုင်းဗလာကျဉ်းနဲ့ နေခဲ့ကြတဲ့ Hamar တွေဟာ 1994 ခုနှစ်မှာ တက်ခဲ့ဲတဲ့ အစိုးရက တရားဝင် Hamar လူမျိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
အခုအချိန်ထိ စာရင်းဝင် Hamar လူမျိုး 42838 ယောက် ရှိနေပြီး၊ နိုင်ငံရဲ့ လူဦးရေ 0.01% ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးက ဆိုပါတယ်။
၎င်းတို့ရဲ့ ယဉ်ကျေးမှုကတော့ ပုံတွေထဲမှ မြင်ရတဲ့အတိုင်း သဘာ၀ သစ်ဥသစ်ဖုတွေ၊ ပြသာဒ်ခရုတွေ၊ ကြေးနီကဲ့သို့သော လက်လုပ်အလှကုန်ပစ္စည်းတွေနဲ့ ပုံစံအမျိုးမျိုး ဝတ်စားဆင်ယင်ပြီး၊ ကမ္ဘာ့ဖတ်ရှင်လောကရဲ့မျက်စိကျစရာ စံပြလူမျိုးတွေ ဖြစ်ပါတယ်။
ယခင်က အဝတ်အစားမဲ့နေခဲ့ကြပေမယ့် အခုတော့ အချို့သော Hamar လူမျိုးတွေဟာ အဝတ်အစားဝတ်ဆင်တဲ့ ယဉ်ကျေးမှုဘက်ကို ကူးပြောင်းလာခဲ့ပါတယ်။
Unicode
အီသီယိုးပီးယား လူရိုင်းမျိုးနွယ်စုဝင်တွေဟာ နိုင်ငံရဲ့ ဝေးလံသီခေါင်တဲ့ အခေါင်အဖျားဒေသတွေမှာ ယခုအချိန်ထိ ရှေးမူမပျက် နေထိုင်နေဆဲ ဖြစ်ပါတယ်။ လူရိုင်းအမျိုးသမီးတွေဟာ ခေတ်မီအသုံးဆောင်ပစ္စည်းများရဲ့ အကူအညီကို တတ်နိုင်သမျှ ရှောင်ဖယ်ပြီး ရိုးရာမပျက် ဖန်တီးထားတဲ့ လက်မှုအထည်တွေနဲ့သာ အလှဆင်ကြပါတယ်။
လူရိုင်းမျိုးနွယ်စုတွေ နေထိုင်ရာကို Omar Reda လို့အမည်ရတဲ့ ဓာတ်ပုံဆရာက အရောက်သွားပြီး မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီလူရိုင်းမျိုးနွယ်စုဟာHamar လူရိုင်းမျိုးနွယ်စုလို့ ခေါ်ကြပါတယ်။
အသားရေမှာ ကျား/မ မရွေး ကြေးနီရောင် ပုပ်ပုပ် အသားရေ ဖြစ်ပြီး အီသီယိုးပီးယားတောင်ပိုင်း ခေါင်ဖျားတဲ့ နေရာတွေမှာ ကျေးရွာငယ်လေးတွေ တည်ထောင်နေထိုင်ကြပါတယ်။
ယခင်က အပေါ်ပိုင်းဗလာကျဉ်းနဲ့ နေခဲ့ကြတဲ့ Hamar တွေဟာ 1994 ခုနှစ်မှာ တက်ခဲ့ဲတဲ့ အစိုးရက တရားဝင် Hamar လူမျိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
အခုအချိန်ထိ စာရင်းဝင် Hamar လူမျိုး 42838 ယောက် ရှိနေပြီး၊ နိုင်ငံရဲ့ လူဦးရေ 0.01% ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးက ဆိုပါတယ်။
၎င်းတို့ရဲ့ ယဉ်ကျေးမှုကတော့ ပုံတွေထဲမှ မြင်ရတဲ့အတိုင်း သဘာ၀ သစ်ဥသစ်ဖုတွေ၊ ပြသာဒ်ခရုတွေ၊ ကြေးနီကဲ့သို့သော လက်လုပ်အလှကုန်ပစ္စည်းတွေနဲ့ ပုံစံအမျိုးမျိုး ဝတ်စားဆင်ယင်ပြီး၊ ကမ္ဘာ့ဖတ်ရှင်လောကရဲ့ မျက်စိကျစရာ စံပြလူမျိုးတွေ ဖြစ်ပါတယ်။
ယခင်က အဝတ်အစားမဲ့နေခဲ့ကြပေမယ့် အခုတော့ အချို့သော Hamar လူမျိုးတွေဟာ အဝတ်အစားဝတ်ဆင်တဲ့ ယဉ်ကျေးမှုဘက်ကို ကူးပြောင်းလာခဲ့ပါတယ်။