ဗဟုသုတ
မသိခြင်း၊ မတတ်ခြင်းကြောင့် လုပ်တဲ့လုပ်ရပ်တိုင်းသည်ကိုယ့်ဂိုးကိုယ်ပြန်သွင်းသလိုဖြစ် လာတော့မယ့် ငွေဖောင်းဖွမူကြီး
crd-ညီညီလွင် (ဓာတုဗေဒ)
ယူနီကုတ်
မသိခြင်း၊ မတတ်ခြင်းကြောင့် လုပ်တဲ့လုပ်ရပ်တိုင်းသည်ကိုယ့်ဂိုးကိုယ်ပြန်သွင်းသလိုဖြစ် လာတော့မယ့် ငွေဖောင်းဖွမူကြီး
မသိခြင်း၊ မတတ်ခြင်းကြောင့် လုပ်တဲ့လုပ်ရပ်တိုင်းသည်ကိုယ့်ဂိုးကိုယ်ပြန်သွင်းသလိုဖြစ်တယ်ဆိုတာ ဉာဏ်ပညာမရှိသူတွေမသိတာကြောင့် မအလ ကိုယ့်ဂိုးကိုယ်ပြန်သွင်းနေတာကတော့ဖြင့်မြင်ရတာ တော်တော်အရသာရှိလှသည်။
ငွေကြေးလည်ပတ်မှု Monetary Policy ကိုမသိတဲ့အခါ စာရွက်ပေါ် ပုံနှိပ် ထွက်လာတာကို ပိုက်ဆံလို့ မအလက ထင်သည်။ တတ်ကျွမ်းနားလည်တဲ့ သူ့ဘေးနားကပညာရှင်တွေကလည်းပညာနဲ့အသက်မလဲနိုင်သူတွေ ခပ်ညံ့ညံ့ လဒူတွေမို့မအလကိုကြောက်တော့ မျက်လုံးမှိတ်ပစ်လိုက်ကြသည်။
ကြောက်ကြောက်နှင့် တစ်ချက်တချက်ပြန်ဖွင့်ကြည့်ရင် စုတ်ပြတ်သတ်နေတာတွေပဲတွေ့တော့ ပိုကြောက်လန့်တကြားဖြစ် ပြန်ပိတ်သွားကြ၏။
သူတို့မှိတ်နေတဲ့ တစ်ခဏအတွင်းမှာ သူတို့အားကိုးတဲ့ KBZ ပြိုတော့မည်။ ယခု တရစပ် မရပ်မနားရိုက်ထုတ်နေသည့် ငွေစက္ကူများ မကြာမီဈေးကွက်ထဲရောက်လာလျှင်ဝက်ဝက်ကွဲ ငွေဖောင်းပွမှုကြီးဖြစ်မည်။ ယင်းဒဏ်ကိုလက်နက်ဖြင့်နိုင်အောင်ဖြေရှင်းကြည့်ကြပါ။ လူတစ်ယောက်၏ ထက်မြက်မှုသည် ယင်းလူ၏ဘဝကိုပြဌါန်း၏။
မအလ၏ ညံ့ဖျင်းမှုကြောင့် တစ်တိုင်း ပြည်လုံးပျက်နေပြီ။ လူထုက ကုန်းခံထားရာမှ အံကြိတ်ပြီး ရုန်းထနေပြီ။မင်းလွတ်အောင်ပြေးပါတော့ မသာ။ မင်းရဲ့ဇာတ်ကိုသိမ်းမှာ မင်းကိုရှင်းမှာ မင်းတပ်ပါပဲ။
ချင်းပြည်နယ် ‘မင်းတပ်’ မှာစခံရပြီးကတည်းက မင်း ဇာတ်ကို သိမ်းပေးမှာ ‘မင်းရဲ့တပ်’ ပဲဆိုတာ သိသင့်တယ်။ဒါပေမယ့် မသိခဲ့ဘူး။
crd-ညီညီလွင် (ဓာတုဗေဒ)