ဂျပန်နိုင်ငံမှ အမျိုးသားတစ်ဦးသည် အိမ်ထောင်သည်ဖြစ်ကာ ဇနီးနှင့် သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်သော မိသားစု ကမ္ဘာလေးအဖြစ် ဖြတ်သန်းခဲ့ကြသည်။
သို့သော်လည်း ဇနီးဖြစ်သူသည် ရောဂါသည်ဖြစ်ကာ ပြီးခဲ့တဲ့နှစ်က ဆုံးပါးသွားခဲ့ပြီး ၁နှစ်သာရှိသေးသော သားလေးတစ်ယောက်နှင့် ကြင်ဖော်မဲ့ဖြစ်သွားခဲ့ရသည်။
ထိုစဥ် သားငယ်လေးသည် ငယ်ရွယ်သေး၍ မိခင်ဖြစ်သူဆုံးပါးသွားသည်ကို မသိရှိသေးကာ အမြဲလိုလို မိခင်ဖြစ်သူကို ရှာနေတတ်ပြီး မတွေ့သည့်အခါတိုင်းမှာလည်း ဝမ်းနည်းပူဆွေးကြီးစွာ ငိုခဲ့သည်။
ထိုအဖြစ်ကို မြင်တွေ့သော ဖခင်ခမျာ ရင်နှင့်မဆံ့အောင် ခံစားရပြီး သားလေးစိတ်ငြိမ်အောင် အလွမ်းပြေနှင့် နံဘေးတွင် မိခင်ဖြစ်သူရှိနေသေးသည့်စိတ်မျိုး ဖြစ်အောင် ဧည့်ခန်းနှင့် မီးဖိုချောင်တို့တွင် မိခင်ဓာတ်ပုံကို ပုံကြီးချဲ့ကာ ထားပေးခဲ့သည်။
ထိုအချိန်မှပဲ သားငယ်လေးသည် တစ်ယောက်တည်း ဆော့နေတဲ့ချိန်ဖြစ်ဖြစ် အစားစားရင်ဖြစ်ဖြစ် နွေးထွေးစွာ ပြုံးပြနေသောမိခင်ဖြစ်သူကို မြင်နေရခြင်းဖြင့် မငိုတော့ဘူးဟု သိရသည်။
Zawgyiဘူး
မိခင္ျဖစ္သူကို သတိရတိုင္း ငိုေနတတ္သည့္ သနားစဖြယ္ သားငယ္ေလးအတြက္ မိခင္ဓာတ္ပုံကို ပုံႀကီးခ်ဲ႕ၿပီး အေဖာ္ျပဳေစခဲ့ေသာ ဖခင္
ဂ်ပန္ႏိုင္ငံမွ အမ်ိဳးသားတစ္ဦးသည္ အိမ္ေထာင္သည္ျဖစ္ကာ ဇနီးႏွင့္ သားေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားၿပီး ေပ်ာ္႐ႊင္ေသာ မိသားစု ကမာၻေလးအျဖစ္ ျဖတ္သန္းခဲ့ၾကသည္။
သို႔ေသာ္လည္း ဇနီးျဖစ္သူသည္ ေရာဂါသည္ျဖစ္ကာ ၿပီးခဲ့တဲ့ႏွစ္က ဆုံးပါးသြားခဲ့ၿပီး ၁ႏွစ္သာရွိေသးေသာ သားေလးတစ္ေယာက္ႏွင့္ ၾကင္ေဖာ္မဲ့ျဖစ္သြားခဲ့ရသည္။
ထိုစဥ္ သားငယ္ေလးသည္ ငယ္႐ြယ္ေသး၍ မိခင္ျဖစ္သူဆုံးပါးသြားသည္ကို မသိရွိေသးကာ အၿမဲလိုလို မိခင္ျဖစ္သူကို ရွာေနတတ္ၿပီး မေတြ႕သည့္အခါတိုင္းမွာလည္း ဝမ္းနည္းပူေဆြးႀကီးစြာ ငိုခဲ့သည္။
ထိုအျဖစ္ကို ျမင္ေတြ႕ေသာ ဖခင္ခမ်ာ ရင္ႏွင့္မဆံ့ေအာင္ ခံစားရၿပီး သားေလးစိတ္ၿငိမ္ေအာင္ အလြမ္းေျပႏွင့္ နံေဘးတြင္ မိခင္ျဖစ္သူရွိေနေသးသည့္စိတ္မ်ိဳး ျဖစ္ေအာင္ ဧည့္ခန္းႏွင့္ မီးဖိုေခ်ာင္တို႔တြင္ မိခင္ဓာတ္ပုံကို ပုံႀကီးခ်ဲ႕ကာ ထားေပးခဲ့သည္။
ထိုအခ်ိန္မွပဲ သားငယ္ေလးသည္ တစ္ေယာက္တည္း ေဆာ့ေနတဲ့ခ်ိန္ျဖစ္ျဖစ္ အစားစားရင္ျဖစ္ျဖစ္ ေႏြးေထြးစြာ ၿပဳံးျပေနေသာမိခင္ျဖစ္သူကို ျမင္ေနရျခင္းျဖင့္ မငိုေတာ့ပူးဟု သိရသည္။