ဗဟုသုတ

မကြုံစဖူး မြန်မာကျပ်ငွေတန်ဖိုးစံချိန်တင်ကျဆင်းနေတဲ့နယ်စပ်ဈေးကွက်

မကြုံစဖူး မြန်မာကျပ်ငွေတန်ဖိုးစံချိန်တင်ကျဆင်းနေတဲ့နယ်စပ်ဈေးကွက်

လတ်တလောအခြေအနေအရမူဆယ်ငွေကြေးဈေးကွက်တွင်တရုတ်ယွမ်ငွေနှင့်လဲလှယ်ရာ၌ မြန်မာကျပ်ငွေဈေးနှုန်းမှာစံချိန်တင်နိမ့်ဆင်းလျှက်ရှိသည်ဟုငွေလဲလှယ်လုပ်ငန်းလုပ်ကိုင်သူများအပြောအရသိရသည်။

မြန်မာ-တရုတ်နယ်စပ်မူဆယ်မြို့တွင်ယနေ့စက်တင်ဘာလ ၁ရက်နေ့ငွေလဲနှုန်းအရတရုတ်ငွေယွမ်၁၀၀လျှင်မြန်မာကျပ်ငွေ၂၈၂၀၀ကျပ်ထိရောက်ရှိနေသည်။ “ကျပ်ငွေဈေးကထိုးကျနေတယ်၊တစ်ခါမှအဲဒီလောက်အထိမရောက်ဖူးဘူး”ဟုငွေလဲလှယ်သူတစ်ဦးကပြောပါတယ်။

ယခင်ကတရုတ်ယွမ်ငွေ၁၀၀လျှင် မြန်မာကျပ်ငွေ ၂၀,၀၀၀ ဝန်းကျင်သာရှိခဲ့ပြီးကျပ်ငွေတန်ဖိုးတဖြေးဖြေးကျဆင်းလာခဲ့ခြင်းဖြစ်သည်။မေလမှစ၍သိသိသာသာကျဆင်းလာခဲ့သောကျပ်ငွေတန်ဖိုးသည်သြဂုတ်လတွင်ယွမ်၁၀၀လျှင်မြန်မာကျပ်ငွေ၂၇,၂၀၀ထိ‌ဈေးပေါက်ခဲ့သည်။ယွမ်ငွေဈေးတက်လာသည့်အတွက်တရုတ်ကုန်ပစ္စည်းများသည်လည်းဈေးနှုန်းများမြင့်တက်လျက်ရှိသည်။

အရင်က၈၀၀၀တန်တဲ့ပစ္စည်းကအခု ၁၂,၀၀၀ထိတိုးရောင်းရတယ်။

အရင်ဈေးတိုင်းရောင်းရင်ငွေပြန်လဲတဲ့ခါတရုတ်ငွေကတက်နေတော့အဆင်မပြေလို့ဈေးတိုးရောင်းနေရတယ်”လို့ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကဆိုပါတယ်။

Source:Mizzima

မႀကဳံစဖူး ျမန္မာက်ပ္ေငြတန္ဖိုးစံခ်ိန္တင္က်ဆင္းေနတဲ့နယ္စပ္ေဈးကြက္

လတ္တေလာအေျခအေနအရမူဆယ္ေငြေၾကးေဈးကြက္တြင္တ႐ုတ္ယြမ္ေငြႏွင့္လဲလွယ္ရာ၌ ျမန္မာက်ပ္ေငြေဈးႏႈန္းမွာစံခ်ိန္တင္နိမ့္ဆင္းလွ်က္ရွိသည္ဟုေငြလဲလွယ္လုပ္ငန္းလုပ္ကိုင္သူမ်ားအေျပာအရသိရသည္။ျမန္မာ-တ႐ုတ္နယ္စပ္မူဆယ္ၿမိဳ႕တြင္ယေန႔စက္တင္ဘာလ ၁ရက္ေန႔ေငြလဲႏႈန္းအရတ႐ုတ္ေငြယြမ္၁၀၀လွ်င္ျမန္မာက်ပ္ေငြ၂၈၂၀၀က်ပ္ထိေရာက္ရွိေနသည္။”က်ပ္ေငြေဈးကထိုးက်ေနတယ္၊တစ္ခါမွအဲဒီေလာက္အထိမေရာက္ဖူးဘူး”ဟုေငြလဲလွယ္သူတစ္ဦးကေျပာပါတယ္။

ယခင္ကတ႐ုတ္ယြမ္ေငြ၁၀၀လွ်င္ျမန္မာက်ပ္ေငြ၂၀,၀၀၀ ဝန္းက်င္သာရွိခဲ့ၿပီးက်ပ္ေငြတန္ဖိုးတေျဖးေျဖးက်ဆင္းလာခဲ့ျခင္းျဖစ္သည္။ေမလမွစ၍သိသိသာသာက်ဆင္းလာခဲ့ေသာက်ပ္ေငြတန္ဖိုးသည္ၾသဂုတ္လတြင္ယြမ္၁၀၀လွ်င္ျမန္မာက်ပ္ေငြ၂၇,၂၀၀ထိ‌ေဈးေပါက္ခဲ့သည္။ယြမ္ေငြေဈးတက္လာသည့္အတြက္တ႐ုတ္ကုန္ပစၥည္းမ်ားသည္လည္းေဈးႏႈန္းမ်ားျမင့္တက္လ်က္ရွိသည္။

အရင္က၈၀၀၀တန္တဲ့ပစၥည္းကအခု ၁၂,၀၀၀ထိတိုးေရာင္းရတယ္။

အရင္ေဈးတိုင္းေရာင္းရင္ေငြျပန္လဲတဲ့ခါတ႐ုတ္ေငြကတက္ေနေတာ့အဆင္မေျပလို႔ေဈးတိုးေရာင္းေနရတယ္”လို႔ကုန္စုံဆိုင္ပိုင္ရွင္တစ္ဦးကဆိုပါတယ္။