နေ့စဉ် ဆာလောင်နေတဲ့ကြောင်လေးတွေ၊ခွေးလေးတွေ လမ်းမပေါ်မှာသေဆုံးနေရပါတယ်။ ဒီတိရစ္ဆာန်လေးတွေလည်း စွန့်ပစ်ခံထားရတာဖြစ်ပြီး လမ်းပေါ်မှာပဲပုံမှန်မွေးဖွားလာကြတယ်။
လူအများစုက လမ်းပေါ်ကခွေးတွေကိုမချစ်ကြတာများတယ်။ ဒါပေမယ့် ဖေ့ဘုတ်စ်သုံးစွဲသူ Orawan Kaewla-iat က ခွေးတွေအားလုံးအချစ်ခံထိုက်တယ်..သူတို့က အိမ်မွေးခွေးဖြစ်ဖြစ် လမ်းဘေးခွေးပဲဖြစ်ဖြစ်လို့ ပြောခဲ့တယ်။
Orawanကို ပတ်ဝန်းကျင်မှလူအများစုက ကြင်နာတတ်တယ်လို့သိကြပါတယ်။ အထူးသဖြင့် တိရစ္ဆာန်လေးတွေပေါ်မှာပေါ့။သူမအပြင်သွားသည်ဖြစ်စေ အိမ်ပြန်လာတဲ့ လမ်းမှာဖြစ်စေ နေ့တိုင်းခွေးလေးတွေကိုအစာကျွေးတယ်။
Tau Pluဆိုတဲ့ ခွေးလေးက Orawan အိမ်ကို သူ့အမေနဲ့မကြာခဏသွားလေ့ရှိတယ်။ Orawanက သားမိနှစ်ကောင်လုံးကို မငြူးငြုပဲအစာကျွေးပါတယ်။ ဒေသခံတွေ အံ့သြတာက Orawanကို Tau Plu ပြန်ပေးတဲ့လက်ဆောင်လေးပါပဲ။
Orawan ဆီကို ခွေးလေးကကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်လေးယူလာပေးတယ်။
သစ်ရွက်ဖြစ်ချင်ဖြစ်မယ်…စာရွက် ဒါမှမဟုုတ် တစ်ခုခုပေါ့။သူလာရင်း လမ်းမှာတွေ့တာလေးကို ကိုက်ချီလာတတ်တယ်..။ဒီလိုယူလာပေးဖို့ သူဘယ်တော့မှမမေ့ဘူးတဲ့။ ထိုခွေးသားမိကို လမ်းမပေါ်ကနေခေါ်ပြီး တစ်ယောက်ယောက်မွေးစားနိုင်မယ်လို့ Orawan ကမျှော်လင့်နေပါတယ်။