ပရိသတ်ကြိုက်စေမဲ့ အကွက်တွေသုံးပြီး ပရိသတ်တွေအားပေးမှုကို ပြန်ယူဖို့ကြိုးစားနေတဲ့ နေခြည်ဦး
နေခြည်ဦးဆိုသူကတော့ အောင်ရဲလင်းရဲ့ ချစ်သူအဖြစ်အနေနဲ့ လူသိများလာပြီးနောက်ပိုင်းမှာတော့မျက်နှာမှာ ရှိနေတဲ့အမာရွတ်အတွက်အလှတွေပြင်ပြရင်း သူမကိုယ်သူမ Beauty Blogger တစ်ယောက်အဖြစ် သတ်မှတ်လာခဲ့ပါတယ်။
ပရိသတ်တွေရင်ထဲမှာတော့ Beauty Blogger ကဝင်းမင်းသန်းတစ်ယောက်ပဲ ရှိတယ်ဆိုတာတော့ သူမ မသိရော့လေသလားနော်… သူမရဲ့ အဖေက စစ်တပ်ထဲက တစ်ယောက်ဖြစ်ပြီး အဖေဖြစ်သူရှာထားတဲ့ ပိုက်ဆံတွေနဲ့ သုံးဖြုန်းပြနေသူပဲ ဖြစ်ပါတယ်။
နေခြည်ကတော့ အကောင်းစား ပစ္စည်းတွေကို သုံးထားနိုင်သူဖြစ်တာကြောင့်ဆယ်ကျော်သက်အရွယ်လေးတွေရှေ့မှာတော့ အားကျစရာမင်းသမီးလေးတစ်ပါးလိုဖြစ်နေတော့တာပေါ့သရုပ်ဆောင် နေခြည်ဦးဟာ မကြာသေးမီကမှ သူ့ရဲ့ Fan Group တွေထဲမှာ ပြန်လည် အသက်ဝင်လာပြီး ပရိတ်သတ်နဲ့ ပြန်လည် ထိတွေ့ခဲ့ပါတယ်နော်။
စစ်သား သားသမီးဖြစ်တဲ့ နေခြည်ဦးဟာ “ဖေဖေ သမီးဖေဖေ့ကို အရမ်းချစ်တယ်။စစ်သားသားသမီး ဖေဖေ့သမီးဖြစ်ရတာလည်း သမီးဘယ်တော့မှ မသိမ်ငယ်ခဲ့ရဘူး။ ” အစချီတဲ့ စာတစ်စောင်ကိုဆိုရှယ်မီဒီယာပေါ် ရေးသားခဲ့ပါသေးတယ်နော်။
ဒီစာကြောင့်လည်း ပရိသတ်တွေက အတော့်ကို ဝေဖန်ဆဲဆိုခဲ့ကြပါတယ်နော်။ စာထဲမှာ နေခြည်ဦးက သူ့အနေနဲ့ စစ်တပ်ကိုရော၊ စစ်သားတွေကိုရော မမုန်းကြောင်း၊ အမှန်တရားနဲ့ တရားမျှတမှုကို အမြန်ဆုံး ပေါ်ပေါက်စေချင်လို့၊ အနိုင်ကျင့်ခံတာတွေ bully လုပ်တာခံနေရတာတွေကို ကိုယ်ချင်းစာလွန်းလို့ သူ့ရဲ့အသံကို သတ္တိရှိရှိနဲ့ ဖော်ပြလိုက်ကြောင်း ရေးသားထားပါတယ်နော်။
ယခုတလောမှာလည်း မြန်မာ ဆိုရှယ်မီဒီယာ အသုံးပြုသူများကြားမှာ နေခြည်ဦး ပါတီပွဲ တစ်ခု တက်နေတဲ့ပုံတွေပြန့်နှံ့လာပါသေးတယ်။ ခုရက်ပိုင်းမှတော့ နေခြည်ဦးက တစ်တော့မှာ ပုံစံမျိုးစုံနဲ့ Tiktok ဆော့နေတဲ့ဗီဒီယိုတွေကိုလည်း သူမကတော့ သူမကို ချစ်သေးရဲ့လားဆိုတဲ့ စာလေးနဲ့ရေးပြီးအဆက်မပြတ် တင်လာခဲ့ပါသေးတယ်. ..
သူမဆော့ထားတဲ့ ဗီဒီယိုတွေအောက်မှာတော့ သူမကိုဝေဖန်ပြောဆိုထားသူတွေနဲ့စည်ကားလို့နေပြန်ပါတယ်။
ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး တစ်ခုခုလောက်ပြောပေးခဲ့ပါအုံးနော်..
Source: Nay Chi Oo
Zawgyi
ပရိသတ်တွေရင်ထဲမှာတော့ Beauty Blogger ကဝင်းမင်းသန်းတစ်ယောက်ပဲ ရှိတယ်ဆိုတာတော့ သူမ မသိရော့လေသလားနော်… သူမရဲ့ အဖေက စစ်တတပ်ထဲက တစ်ယောက်ဖြစ်ပြီး အဖေဖြစ်သူရှာထားတဲ့ ပိုက်ဆံတွေနဲ့ သုံးဖြုန်းပြနေသူပဲ ဖြစ်ပါတယ်။
နေခြည်ကတော့ အကောင်းစား ပစ္စည်းတွေကို သုံးထားနိုင်သူဖြစ်တာကြောင့်ဆယ်ကျော်သက်အရွယ်လေးတွေရှေ့မှာတော့ အားကျစရာမင်းသမီးလေးတစ်ပါးလိုဖြစ်နေတေတာပေါ့…
Source: Nay Chi Oo