ဗဟုသုတ

လာရောက်စွန့်ပစ်သွားတဲ့သမီးလေးကို ခေါ်ယူမွေးစားဖို့ သန်လျင်ထိကိုယ်တိုင်သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ခိုင်နှင်းဝေကတော့ သန်လျင်မှာလာရောက်စွန့်ပစ်သွားတဲ့ သမီးငယ်လေးကို ခေါ်ယူမွေးစားခဲ့တဲ့ သတင်းလေးကို ပရိသတ်တွေသိရှိပြီးသားဖြစ်မယ်ထင်ပါတယ်နော်။ ခိုင်နှင်းဝေကတော့ ခိုးကိုးရာမဲ့နေ့တဲ့ ကလေးငယ်တွေကို သားသမီးအရင်းသဖွယ်စောင့်ရှောက်နေခဲ့တာပါ။

ခိုင်နှင်းဝေကတော့ ခေါ်ယူမွေးစားခဲ့တဲ့ သမီးလေးကိုယ် ဒီနေ့မှာသူကိုယ်တိုင်သွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေလည်း သမီးလေးကို ကိုယ်တိုင်သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း “သန်လျင်သူလေးကို ခေါ်လာပါပြီရှင်။ သမီးလေးက လေးဘက်သွားနေပါပြီ။

အမှန်တကယ် စွန့်ပစ်ခံ ကလေးဖြစ်တဲ့ အတွက် သက်ဆိုင်ရာ လူကြီးတွေရှေ့မှာ စာချုပ်စာတမ်း နဲ့ အတူ ခေါ်ယူမွေးစားဖြစ်ပါတယ်။

ဘဝ တလျှောက်လုံး ကံကောင်းခြင်းတွေ ရရှိပါစေ လို့ ဆုတောင်းရင်း ဂေဟာမှာ ကလေး တစ်ယောက် ထပ်တိုးလာပါပြီရှင်”ဆိုပြီး သမီးလေးနဲ့ ပုံလေးတွေကို မျှဝေဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ သမီးလေးကတော့ ခိုင်နှင်းဝေဆီရောက်တာ တကယ်ကို ကံကောင်းမှာတော့ အသေအချာပါပဲ။

Source – Khine Hnin Wai

-Zawgyi Font ဖြင့် ဖတ်ရန်-

ခေါ်ယူမွေးစားခဲ့တဲ့ သမီးလေးကို သန်လျင်ထိကိုယ်တိုင်သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ခိုင်နှင်းဝေ




