ဗဟုသုတ

နေမကောင်းလို့ စားဖို့အနိုင်နိုင်ဖြစ်ချိန်မှာ ရုပ်ရှင်အစည်းအရုံးရဲ့ လူမဆန်မှု့တွေကို ဖွင့်ချလိုက်တဲ့ သရုပ်ဆောင် ကျော်စိုး

သူနေမကောင်း ဖြစ်ချိန်မှာ ရုပ်ရှင် အစည်းအရုံးရဲ့ လူမဆန် မှု့တွေကိုဖွင့်ချလိုက်တဲ့ သရုပ်ဆောင်ကျော်စိုး

မဂ်လာပါ ပရိတ်သတ်ကြီးရေ

ဇာတ်ပို့ သရုပ်ဆောင် ဖြစ်တဲ့ ကိုကျော်စိုးကို ပရိတ်သတ်အားလုံး သိကြမှာပါ နော် ။

ဇာတ်ပို့တစ်နေရာကနေ ပရိတ်သတ်တွေရဲ့ တစ်နေ့တာအမောတွေ ပပျောက်အောင်ဟာသ ဇာတ်ရုပ်လေးတွေနဲ့ ပီပြင်စွာ သရုပ်ဆောင်ပေးလို့ အားလုံးရဲ့ ချစ်ခင်အားပေးမှု့တွေကို ခံထားရသူလည်းဖြစ်ပါတယ်။

ဟိုတလောကပဲကိုဗစ်ရောဂါကြောင့်ကွယ်လွန်သွားပြီဆိုတဲ့သတင်းမှားကိုပြန်လည်ဖြေရှင်းပေးထားပါတယ်။

သရုပ်ဆောင် ဦးဝင်မြိုင် နားကြားမှား ပြီးလျောက်တင် လို့ သတင်းအမှားဖြစ်ရတယ် လို့ သိ ရ ပါ တယ် ။

ကိုကျော်စိုးကတော့ရောဂါကူးဆက်ခံလိုက်ရပေမယ့်အခုဆိုလူကောင်းပကတိအတိုင်းရှိနေပါပြီနော်။

ယနေ့မှာတော့ မီဒီယာတစ်ခု ကနေကိုကျော်စိုးရဲ့သတင်း တစ်ချို့ ကိုကြားသိ ရပါတယ်။

သူ့နေမကောင်းဖြစ်နေချိန် စားဝတ် နေရေးခက်ခဲနေချိန်မှာရုပ်ရှင် အစည်းအရုံးအဖွဲ့က ဘာမှထောက်ပံ့ပေးမှု့မရှိခဲ့ကြောင်းပြောပြထားပါတယ်။

”ကျတော်နားလည်ပါတယ်လူတိုင်းအဆင်မပြေကြဘူးလူတိုင်း၊အရင်ကကြားတယ်အနုပညာရှင်တွေကိုတစ်ယောက်၂သောင်းစီပေးတယ်လို့သိရလို့သွားပြီးစာရင်းပေး တော့ အဲ လို မရှိတော့ဘူးတဲ့ ကျတော် လဲ ရပါ တယ်ပေါ့ ခုချိန်ထိတော့ သူ့ရဲ့အနုပညာအစည်းအရုံးဘက် က ဘာမှ ထောက်ပံမှု့မရှိခဲ့သေးပါဘူး”ဆိုပြီးပြောပြ လာခဲ့ ပါ တယ်

သူ့အတွက် တော့ ရုပ်ရှင်အစည်းအရုံးမှာမင်းသား၊ဇာတ်ပို့၊လူကြမ်း စသဖြင့်အဖွဲ့တွေ ကွဲသွားတာဟာလည်း စည်းလူံးမှု့ကို ပျက်သွားစေနိုင်ပါတယ်ဆိုပြီလဲ ရင်ဖွင့် ထားပါ သေးတယ်။

သဘင်သည် ပဲ ဖြစ်ဖြစ် သရုပ်ဆောင်ပဲဖြစ်ဖြစ် အားလုံးက အနုပညာ အဖွဲ့အစည်းပါ ပဲလို ပြောခခဲ့ ပါ တယ် ။

သူ့ဘဝ ရှေ့လျောက် သူနေ ပြန်ကောင်းလာရင် အနုပညာအလုပ် တွေကို ဆက် လက် လုပ်ကိုင်သွားမယ်လို့ လဲ သိ ရပါ တယ်။

လို အပ် လွန်းမှ သရုပ်ဆောင် နေ ရာ က နေပါဝင် ပြီး၊ စီမံပေးရတဲ့နေရာတွေမှာပဲအနုပညာအလုပ်ကိုဆက်လုပ်ကိုင်နေမှာလို့ပြောပြလာတယ်။

လက်ရှိအချိန် ပရိတ်သတ် တွေ မြင် ရင် ဒါဟာ ငါတို့ ချစ်တဲ့ အနုပညာရှင်ကို ကျော်စိုးရော ဟုတ်ရဲ့လားဆိုပီးတောင် မနည်း ကြည့်ရ မယ့် ပုံပါ ပဲ ။

ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌကြီး ခန့်စည်သူ နှုတ်ထွက်သွားပီးနောက်ပိုင်းလက်ရှိအချိန် အစည်းအရုံးက တကယ်ရော ရှိသေးရဲ့လားဆိုပီးတောင် မေးရမလိုပါပဲ။

ကိုကျော်စိုးတစ်ယောက် အမြန် ကျန်းမာ လာဖို့ဆုတောင်းပေးလိုက် ကြ အောင် နော်။

အခုလို ဝင်ရောက် ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီ တိုင်းလည်းကျန်းမာပျော်ရွှင်သောနေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။