ဖိလစ်ပိုင်နိုင်ငံ Mabalacat cityတွင် နေထိုင်သော ဇနီးမောင်နှံနှစ်ဦးသည် မျက်မမြင် မသန်စွမ်းသူဖြစ်ရနေသော်လည်း ချစ်စဖွယ် သားသမီး ၈ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်သော မိသားစုကမ္ဘာလေးကို ဖြတ်သန်းလျက်ရှိသည်။
သူတို့ဇနီးမောင်နှံသည် မနီလာမြို့ရှိ မျက်မမြင်ကျောင်းတစ်ခုတွင် ဆုံတွေ့ခဲ့ပြီး ခင်မင်ရင်းနှီးရာကနေ တစ်ယောက်အကြောင်းတစ်ယောက် နားလည်ကာ လက်ထပ်ဖြစ်ခဲ့ကြသည်။
သူတို့နှစ်ဦးသည် ရှိုးပွဲတွေမှာ သီချင်းဖျော်ဖြေပြီး အနှိပ်သည်လုပ်ကိုင်ခြင်းဖြင့် အသက်မွေး၀မ်းကျောင်းပြုကာ သားသမီး ၈ယောက်ကို ရှာကျွေးခဲ့သည်။
ကပ်ရောဂါကာလနှင့် သူတို့ဇနီးမောင်နှံမှာ အလုပ်လည်းပိတ်ထားသည့်အတွက် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေစဥ် အခြားသောသူများမှ သားသမီးအား မွေးစားရန် တောင်းယူခဲ့သော်လည်း မည်မျှပင် ခက်ခဲနေပါစေ သူတို့ကျွေးမွေးစောင့်ရှောက်နိုင်ကြောင်း ဆိုခဲ့သည်။
Zawgyi
သားသမီး ၈ယောက်လုံးကို မည်သူ့အကူအညီမှမယူပဲ ကောင်းမွန်စွာ ရှာကျွေးခဲ့သော မျက်မမြင်မိဘနှစ်ပါး