ဗဟုသုတ

ရွာထဲတွင် အမျိုးသမီးတွေကသာ အိမ်ထောင်ဦးစီးလုပ် အုပ်စိုးနေသဖြင့် လက်ထပ်မည့် ယောကျာ်းသားများမရှိပဲ အပျိုကြီးသာဖြစ်နေခဲ့

ဘရာဇီးလ်နိုင်ငံ Minas Geraisပြည်နယ်မှ Noiva do Cordeiroအမည်ရှိသော ရွာငယ်လေးသည် နေထိုင်သူအများစုမှာ အမျိုးသမီးများသာဖြစ်ပြီး စည်းကမ်းတင်းကျပ်လွန်းသည့်အတွက် လက်ထပ်မည့်အမျိုးသားများမရှိပဲ တော်တော်များများက အပျိုကြီးဖြစ်နေကြရသည်။

ထိုရွာလေးသည် အမျိုးသားများကို အုပ်ချုပ်ခွင့်မပေးပဲ အမျိုးသမီးဝါဒအစိုးရအဖြစ် ပြောင်းလဲထားကာ ရွာသားများမှာလည်း ထိုစည်းစနစ်အတိုင်း နေထိုင်ခဲ့ကြရသည်။

ထို့ကြောင့် ရွာလေးတွင် အမျိုးသားများမှာ နည်းသထက်နည်းပါးလာပြီး အမျိုးသမီးတွေကသာ ဦးဆောင်ကာ အလုပ်လုပ်သည့်အခါမှာလည်း စည်းလုံးညီညွတ်ကြပြီး ရုပ်ရည်ချောမောမှုကြောင့်လည်း နာမည်ကြီးလျက်ရှိသည်။

ထိုရွာရှိ အမျိုးသမီးများမှာ အိမ်ထောင်ပြုချင်ကြသော်လည်း လက်ထပ်မည့်ကောင်လေးများအနေနှင့် ထမင်းဟင်းချက် အဝတ်လျှော် ပန်းကန်ဆေး အိမ်သန့်ရှင်းရေး စသဖြင့် အိမ်မှုကိစ္စများကို နိုင်နင်းစွာ လုပ်ဆောင်ရမှာဖြစ်သည့်အတွက် မည်သူမျှ ထိုအချက်တွေနှင့် မကိုက်ညီခဲ့ကြပေ။

Zawgyi




