ဗဟုသုတ

ကလေးအိပ်အောင်ဆိုပြီး ဘရန်ဒီကို ပုလင်းလိုက် မော့ခိုင်းတဲ့ဖခင်

ကလေးအိပ်အောင်ဆိုပြီး ဘရန်ဒီကို ပုလင်းလိုက် မော့ခိုင်းတဲ့ဖခင်

ကလေးဆိုတာ မိဘတွေရဲ့ ရတနာပါ။ ကလေးတွေ အရွယ်ရောက်ချိန်ထိ မိဘတွေဟာ ပိုးမွေးသလို မွေးကြရ၊ မမှားသင့်တာ မမှားအောင်၊မဖြစ်သင့်တာ မဖြစ်အောင် သွန်သင်ဆုံးမကြနဲ့ မိဘတွေရဲ့ တာဝန်ဝတ္တရားကို ကျေပွန်အောင် ထမ်းဆောင်ကြရပါတယ်။

ဒါပေမယ့် တစ်ချို့သောမိဘတွေက ကိုယ့်ရဲ့လုပ်ရပ်ဟာ နုနယ်သေးတဲ့ သားသမီးတစ်ယောက်အတွက် ဘယ်လောက် အန္တရာယ်ရှိတယ်ဆိုတာကို ဉာဏ်နဲ့ ဆင်ခြင်နိုင်သူတွေ မဟုတ်ကြပါဘူး။

အခုလည်း ကလေးဖခင်တစ်ဦးဟာ သူ့ရဲ့ ကလေးကို အိပ်သွားအောင်ဆိုပြီး အရက်ပုလင်းကို ထောင်ပြီးမော့စေတဲ့ ပုံဟာ လူမှုကွန်ယက်မှာ များပြားစွာ ဝေဖန်ခံနေရပါတယ်။

ကလေးကို တိုက်တဲ့ အရက်ဟာ အယ်လ်ကိုဟော ပမာဏမြင့်မားစွာ ပါဝင်တဲ့ ဘရန်ဒီအမျိုးအစားတစ်ခု ဖြစ်ပြီး၊ ကလေးအတွက်တော့ အလွန်အန္တရာယ် ရှိပါတယ်။

အရက်ဟာ ကိုယ်ခံစွမ်းအား နည်းပါးရင် နည်းပါးသလောက် လူကို ဒုက္ခပေးပြီး၊ အယ်လ်ကိုဟော ပါဝင်မှု ပမာဏ များရင်များသလောက် ဦးနှောက်ထဲကိုပို့လွှတ်တဲ့ အောက်ဆီဂျင်ပမာဏကို နှေးကွေးစေပါတယ်။

ကလေးတစ်ယောက်အတွက် ဒီအရက်ဟာ ချက်ချင်း နှလုံးခုန်ရပ်ပြီး သေစေနိုင်သလို၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြီးမားဆုံး အန္တရာယ်ကို ဖြစ်စေပါတယ်။

တစ်ချိုကတော့ ကလေးကို တိုက်တာ အရက်အစစ်မဖြစ်နိုင်ကြောင်း၊ အရက်ပုလင်းအလွတ်ထဲကို ရေထည့်ပြီး တိုက်တာ ဖြစ်နိုင်ကြောင်း၊ဒီလို အရက်အမျိုးအစားဆိုတာ လူကြီးတောင် ရေခဲစိမ်ပြီးမှ စိမ်ပြေနပြေ သောက်ရတဲ့အရက်အမျိုးအစား ဖြစ်ကြောင်း မှတ်ချက်ရေးသားခဲ့ပါတယ်။

ဒါပေမယ့် အများစုကတော့ အရက်ဆိုရင် ဒီအမျိုးသားဟာ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုဆိုင်ရာ ဥပဒေဖြင့် ထောင်ဒဏ် ပြင်းထန်စွာ စီရင်သင့်ကြောင်း၊အရက်မဟုတ်ဖူးဆိုရင်လည်း ဒီလိုဓာတ်ပုံတစ်ပုံဟာ ဥပဒေအရ အရေးယူလို့ရတဲ့ ဓာတ်ပုံဖြစ်ကြောင်း၊ စသည်ဖြင့် ဝေဖန်ခဲ့ကြပါတယ်

(Zawgyi)

ကေလးအိပ္ေအာင္ဆိုၿပီး ဘရန္ဒီကို ပုလင္းလိုက္ ေမာ့ခိုင္းတဲ့ဖခင္

ကေလးဆိုတာ မိဘေတြရဲ႕ ရတနာပါ။ ကေလးေတြ အ႐ြယ္ေရာက္ခ်ိန္ထိ မိဘေတြဟာ ပိုးေမြးသလို ေမြးၾကရ၊ မမွားသင့္တာ မမွားေအာင္၊မျဖစ္သင့္တာ မျဖစ္ေအာင္ သြန္သင္ဆုံးမၾကနဲ႔ မိဘေတြရဲ႕ တာဝန္ဝတၱရားကို ေက်ပြန္ေအာင္ ထမ္းေဆာင္ၾကရပါတယ္။

ဒါေပမယ့္ တစ္ခ်ိဳ႕ေသာမိဘေတြက ကိုယ့္ရဲ႕လုပ္ရပ္ဟာ ႏုနယ္ေသးတဲ့ သားသမီးတစ္ေယာက္အတြက္ ဘယ္ေလာက္ အႏၲရာယ္ရွိတယ္ဆိုတာကို ဉာဏ္နဲ႔ ဆင္ျခင္ႏိုင္သူေတြ မဟုတ္ၾကပါဘူး။

အခုလည္း ကေလးဖခင္တစ္ဦးဟာ သူ႔ရဲ႕ ကေလးကို အိပ္သြားေအာင္ဆိုၿပီး အရက္ပုလင္းကို ေထာင္ၿပီးေမာ့ေစတဲ့ ပုံဟာ လူမႈကြန္ယက္မွာ မ်ားျပားစြာ ေဝဖန္ခံေနရပါတယ္။

ကေလးကို တိုက္တဲ့ အရက္ဟာ အယ္လ္ကိုေဟာ ပမာဏျမင့္မားစြာ ပါဝင္တဲ့ ဘရန္ဒီအမ်ိဳးအစားတစ္ခု ျဖစ္ၿပီး၊ ကေလးအတြက္ေတာ့ အလြန္အႏၲရာယ္ ရွိပါတယ္။

အရက္ဟာ ကိုယ္ခံစြမ္းအား နည္းပါးရင္ နည္းပါးသေလာက္ လူကို ဒုကၡေပးၿပီး၊ အယ္လ္ကိုေဟာ ပါဝင္မႈ ပမာဏ မ်ားရင္မ်ားသေလာက္ ဦးေႏွာက္ထဲကိုပို႔လႊတ္တဲ့ ေအာက္ဆီဂ်င္ပမာဏကို ေႏွးေကြးေစပါတယ္။

ကေလးတစ္ေယာက္အတြက္ ဒီအရက္ဟာ ခ်က္ခ်င္း ႏွလုံးခုန္ရပ္ၿပီး ေသေစႏိုင္သလို၊ ဉာဏ္ရည္ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အႀကီးမားဆုံး အႏၲရာယ္ကို ျဖစ္ေစပါတယ္။

တစ္ခ်ိဳကေတာ့ ကေလးကို တိုက္တာ အရက္အစစ္မျဖစ္ႏိုင္ေၾကာင္း၊ အရက္ပုလင္းအလြတ္ထဲကို ေရထည့္ၿပီး တိုက္တာ ျဖစ္ႏိုင္ေၾကာင္း၊ဒီလို အရက္အမ်ိဳးအစားဆိုတာ လူႀကီးေတာင္ ေရခဲစိမ္ၿပီးမွ စိမ္ေျပနေျပ ေသာက္ရတဲ့အရက္အမ်ိဳးအစား ျဖစ္ေၾကာင္း မွတ္ခ်က္ေရးသားခဲ့ပါတယ္။

ဒါေပမယ့္ အမ်ားစုကေတာ့ အရက္ဆိုရင္ ဒီအမ်ိဳးသားဟာ ကေလးသူငယ္ညႇင္းပန္းႏွိပ္စက္မႈဆိုင္ရာ ဥပေဒျဖင့္ ေထာင္ဒဏ္ ျပင္းထန္စြာ စီရင္သင့္ေၾကာင္း၊အရက္မဟုတ္ဖူးဆိုရင္လည္း ဒီလိုဓာတ္ပုံတစ္ပုံဟာ ဥပေဒအရ အေရးယူလို႔ရတဲ့ ဓာတ္ပုံျဖစ္ေၾကာင္း၊ စသည္ျဖင့္ ေဝဖန္ခဲ့ၾကပါတယ္