ဗဟုသုတ

အင်းစိန်ထောင်အတွင်းက သရုပ်ဆောင် ရဲတိုက် နှင့် ပိုင်တံခွန်တို့ရဲ့အခြေအနေကို ပြောပြလာတဲ့ ၎င်းတို့၏ ရှေ့နေများ

စစ်အာဏာရှင်ကို ပြည်သူများနှင့် တသားတည်း ဆန့်ကျင်ခဲ့ကြသည့် အနုပညာရှင်များထဲမှသရုပ်ဆောင် ရဲတိုက်နှင့် ပိုင်တံခွန်သည် အင်းစိန် အကျဉ်းထောင်အတွင်း ဖမ်းဆီးခံထားရပြီးထောင်အတွင်း ကျန်းမာရေး ကောင်းမွန်လျက်ရှိ ကြောင်း ၎င်းတို့၏ ရှေ့နေများထံက သိရသည်။

“ပိုင်တံခွန်တို့ ရဲတိုက်တို့နဲ့ ပတ်သက်လို့ကတော့ အကျဉ်းထောင် တာဝန်ခံတွေနဲ့ အဆက်မပြတ် မေးမြန်းချက်အရ ကျန်းမာရေး ကောင်းမွန်တယ်လို့ သိထားတယ်။

ထိန်းသိမ်းခံထားရတဲ့ သူတွေကလည်း သူတို့ မိသားစုဝင်တွေနဲ့ စာ အဆက်အသွယ်ရပြီး ကျန်းကျန်းမာမာ ရှိနေတယ်လို့ ပြောကြတယ်။

လတ်တလောအနေနဲ့ ကူးစက်မှုတွေ မရှိဘူးလို့ သိရတယ်” ဟု ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။

ကိုဗစ်ကူးစက်မှုကြောင့် ထောင်တွင်း ထိန်းသိမ်းခံရသူများနှင့် ပြင်ပလူများ၏ တွေ့ဆုံမှုကို တားမြစ်ထားသည့်အတွက် ပစ္စည်းပို့ခွင့်နှင့် စာချင်း ဆက်သွယ်ခွင့်သာ ရရှိကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့၏ အမှုများကို စစ်ဆေးမှု ရပ်ဆိုင်းထားပြီး ယခင် သတ်မှတ်ထားသည့် ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ် စစ်ဆေးမှု အစီအစဉ်လည်း ပျက်ပြယ်ကြောင်း သိရသည်။

ဦးခင်မောင်မြင့်က “မူလကတော့ ရုံးချိန်းတွေကို အတိအကျ သတ်မှတ်ထားတာ ရှိတယ်။ အသေးစိတ် စီစဉ်ထားတာ စွဲ ချက်တင်တဲ့ အခြေအနေအထိပေါ့။

ကြားထဲမှာ အင်းစိန်ထောင်က လော့ဒေါင်း ချလိုက်တာရယ် နစက က ရုံးပိတ်ရက် တွေ ကြေညာထားလိုက်တာရယ်။ ဒါတွေကြောင့် ကျနော်တို့ စီစဉ်ထားတာတွေက ပျက်ပြယ်သွားပြီပေါ့” ဟု ပြောသည်။

သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်အား ဧပြီလ ၈ ရက်က ရန်ကုန်မြို့ မြောက်ဒဂုံနေအိမ်တွင် စစ်ကောင်စီအဖွဲ့က ဖမ်းဆီးခဲ့ ကြခြင်းဖြစ်ပြီးပုဒ်မ ၅၀၅- က ဖြင့် တရားစွဲဆိုထားကာ အဆိုပါ အမှုအား တရားရုံး စွဲတင်ခဲ့သည့် မေလ ၄ ရက်မှ စတင်၍ ရက်ပေါင်း ၁၈၀ အတွင်း အပြီး စစ်ဆေးသွားမည် ဖြစ်ကြောင်း သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သရုပ်ဆောင် ရဲတိုက်ကို လသာမြို့မ ရဲစခန်းတွင် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားပြီး မရမ်းကုန်းမြို့မ ရဲစခန်းတွင်မူး ယစ်ပုဒ်မ ၁၆(ဂ) ဖြင့် တရားစွဲဆိုထားပြီး ၎င်း၏အမှု ၂ ခုကိုလည်း ၁ မှုလျှင် ရက်ပေါင်း ၁၈၀ အတွင်း စစ်ဆေးသွားရန် သတ်မှတ်ထားခဲ့သည်။

အင်းစိန်ထောင်တွင်း ကိုဗစ်ကူးစက်မှု အခြေအနေများကြောင့် ထောင်တွင်း ရုံးထုတ်စစ်ဆေးမှုများကို ဇူလိုင်လ ၈ ရက်မှ စတင်ပြီး စက်တင်ဘာလ ၁၀ ရက်ထိ ရပ်ဆိုင်းထားသည်။

အင်းစိန်ထောင်တွင်း ထိန်းသိမ်းခံထားရသူများနှင့် ပြင်ပမှ မိသားစုများ တွေ့ဆုံမှုအား ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်၍ တားမြစ်ထားပြီး ပစ္စည်းပို့ခွင့်၊ စာရေးသားခွင့်သာ ရှိကြောင်းသိရသည်။

(Zawgyi)

သရုပ်ဆောင် ရဲတိုက်နှင့် ပိုင်တံခွန် အင်းစိန်ထောင်တွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိ

စစ်အာဏာရှင်ကို ပြည်သူများနှင့် တသားတည်း ဆန့်ကျင်ခဲ့ကြသည့် အနုပညာရှင်များထဲမှသရုပ်ဆောင် ရဲတိုက်နှင့် ပိုင်တံခွန်သည် အင်းစိန် အကျဉ်းထောင်အတွင်း ဖမ်းဆီးခံထားရပြီးထောင်အတွင်း ကျန်းမာရေး ကောင်းမွန်လျက်ရှိ ကြောင်း ၎င်းတို့၏ ရှေ့နေများထံက သိရသည်။

“ပိုင်တံခွန်တို့ ရဲတိုက်တို့နဲ့ ပတ်သက်လို့ကတော့ အကျဉ်းထောင် တာဝန်ခံတွေနဲ့ အဆက်မပြတ် မေးမြန်းချက်အရ ကျန်းမာရေး ကောင်းမွန်တယ်လို့ သိထားတယ်။

ထိန်းသိမ်းခံထားရတဲ့ သူတွေကလည်း သူတို့ မိသားစုဝင်တွေနဲ့ စာ အဆက်အသွယ်ရပြီး ကျန်းကျန်းမာမာ ရှိနေတယ်လို့ ပြောကြတယ်။ လတ်တလောအနေနဲ့ ကူးစက်မှုတွေ မရှိဘူးလို့ သိရတယ်” ဟု ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။

ကိုဗစ်ကူးစက်မှုကြောင့် ထောင်တွင်း ထိန်းသိမ်းခံရသူများနှင့် ပြင်ပလူများ၏ တွေ့ဆုံမှုကို တားမြစ်ထားသည့်အတွက် ပစ္စည်းပို့ခွင့်နှင့် စာချင်း ဆက်သွယ်ခွင့်သာ ရရှိကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့၏ အမှုများကို စစ်ဆေးမှု ရပ်ဆိုင်းထားပြီး ယခင် သတ်မှတ်ထားသည့် ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ် စစ်ဆေးမှု အစီအစဉ်လည်း ပျက်ပြယ်ကြောင်း သိရသည်။

ဦးခင်မောင်မြင့်က “မူလကတော့ ရုံးချိန်းတွေကို အတိအကျ သတ်မှတ်ထားတာ ရှိတယ်။ အသေးစိတ် စီစဉ်ထားတာ စွဲ ချက်တင်တဲ့ အခြေအနေအထိပေါ့။

ကြားထဲမှာ အင်းစိန်ထောင်က လော့ဒေါင်း ချလိုက်တာရယ် နစက က ရုံးပိတ်ရက် တွေ ကြေညာထားလိုက်တာရယ်။ ဒါတွေကြောင့် ကျနော်တို့ စီစဉ်ထားတာတွေက ပျက်ပြယ်သွားပြီပေါ့” ဟု ပြောသည်။

သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်အား ဧပြီလ ၈ ရက်က ရန်ကုန်မြို့ မြောက်ဒဂုံနေအိမ်တွင် စစ်ကောင်စီအဖွဲ့က ဖမ်းဆီးခဲ့ ကြခြင်းဖြစ်ပြီးပုဒ်မ ၅၀၅- က ဖြင့် တရားစွဲဆိုထားကာ အဆိုပါ အမှုအား တရားရုံး စွဲတင်ခဲ့သည့် မေလ ၄ ရက်မှ စတင်၍ ရက်ပေါင်း ၁၈၀ အတွင်း အပြီး စစ်ဆေးသွားမည် ဖြစ်ကြောင်း သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သရုပ်ဆောင် ရဲတိုက်ကို လသာမြို့မ ရဲစခန်းတွင် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားပြီး မရမ်းကုန်းမြို့မ ရဲစခန်းတွင်မူး ယစ်ပုဒ်မ ၁၆(ဂ) ဖြင့် တရားစွဲဆိုထားပြီး ၎င်း၏အမှု ၂ ခုကိုလည်း ၁ မှုလျှင် ရက်ပေါင်း ၁၈၀ အတွင်း စစ်ဆေးသွားရန် သတ်မှတ်ထားခဲ့သည်။

အင်းစိန်ထောင်တွင်း ကိုဗစ်ကူးစက်မှု အခြေအနေများကြောင့် ထောင်တွင်း ရုံးထုတ်စစ်ဆေးမှုများကို ဇူလိုင်လ ၈ ရက်မှ စတင်ပြီး စက်တင်ဘာလ ၁၀ ရက်ထိ ရပ်ဆိုင်းထားသည်။

အင်းစိန်ထောင်တွင်း ထိန်းသိမ်းခံထားရသူများနှင့် ပြင်ပမှ မိသားစုများ တွေ့ဆုံမှုအား ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်၍ တားမြစ်ထားပြီး ပစ္စည်းပို့ခွင့်၊ စာရေးသားခွင့်သာ ရှိကြောင်း သိရသည်။