မောင်မိုးသူ(ဘကြီးမိုး)သည်မန္တလေးမြို့ဇာတိဖြစ်၍ အဖ သခင် ဗတုတ်၊ အမိ ဒေါ်မြမေတို့မှ ၁၉၃၇၊ မေလ ၁၇ ရက်နေ့၊တနင်္လာနေ့တွင် ဖွားမြင်သည်။ မွေးချင်း နှစ်ယောက်ရှိသည်။
အမည်ရင်းမှာ ဦးစိန်မြင့် ဖြစ်ပါသည်။ ငယ်စဉ်က မန္တလေးမြို့၊ စိန်တောင် မြန်မာ ဘုန်းတော်ကြီး ကျောင်းနှင့်စိန့်ပီတာကျောင်း၊(ယခု အ.ထ.က (၉ )တို့တွင် ပညာသင်ကြားခဲ့သည်။
( ၁၉၅၆ ခုနှစ်တွင်) တက္ကသိုလ် ဝင်တန်း အောင်ခဲ့ပြီး မန္တလေး တက္ကသိုလ် ၁၉၅၆ မှ ၁၉၅၈ ခုနှစ်ထိ ပညာ သင်ကြားခဲ့ပါသည်။ ဆရာကြီး(ဘကြီးမိုး)သည်မည်သည့်ဘွဲ့မှ မရရှိခဲ့ပါ။
ဆရာကြီးသည်၁၉၆၀ ခုနှစ်တွင် ဒေါ်အမာကြည်(မအမာ) နှင့် အိမ်ထောင်ကျခဲ့သည်။
သားသမီး သုံးယောက်ထွန်းကားခဲ့သည်။ ၁၉၆၁ ခုနှစ်သားကြီး ဖြစ်သူ မောင်ထွန်းမြတ်ဦး၊ ၁၉၆၃ ခုနှစ်တွင်သမီး မအေးသီတာ၊ ၁၉၇၃ ခုနှစ်သားငယ် မောင်ညီညီမိုးသူ ကိုမွေးဖွားခဲ့သည်။ဆရာကြီးမှာ သားသမီးသုံးယောက်၊ မြေးငါးယောက်နဲ့ မြစ်သုံးယောက် ရှိပါတယ်။
ဆရာကြီးသည် နိုင်ငံရေး၊စာပေ၊ပန်းချီ၊ထုတ်ဝေသူ၊ ဒါရိုက်တာ၊ရုပ်ရှင်နှင့်ဗီဒီရိုအစရှိသောအနုပညာများတွင် ဘက်စုံကျွမ်းကျင်သော လူတစ်ဦးဖြစ်ပါသည်။
ဆရာကြီးသည် စက်တင်ဘာလ ၁ရက်နေ့ ၂၀၂၁ခုနှစ် အသက် ၈၄တွင်ကွယ်လွန်ခဲ့ပါသည်။
အနုပညာလောကအဖို့ ကြီးမားသောဆုံးရှုံးမူတစ်ခုပင်ဖြစ်ပါတော့သည်။