Unicode
တစ်နယ်တစ်ကျေးတွင် အလုပ်သွားလုပ်နေသည့် မိဘများကို ပြန်လာမည်အထင်နှင့် ညစဥ်ညတိုင်းအိမ်အပြင်ထွက်ကာ ထိုင်ခုံလေးပေါ်ထိုင်ပြီး စောင့်နေတတ်သည့် အသက်၁နှစ်အရွယ်ကလေး
သားသမီးလေးတို့အတွက် အလုံခြုံဆုံးသောနေရာသည် မိဘတို့၏ရင်ခွင်ဖြစ်သကဲ့သို့ အေးမြမှုတွေကို ပေးစွမ်းနိုင်သည်မှာလည်း မိဘတို့၏ အရိပ်တစ်ခုပင်ဖြစ်ပေသည်။
ယခုတွင်လည်း အသက်၁နှစ်အရွယ်သာ ရှိသေးသော သားငယ်လေးသည် မိဘတို့ကို မည်မျှလွမ်းဆွတ်နေပြီလဲဆိုတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
ကလေး၏ မိဘတို့ဟာ အခြားနယ်တွင် အလုပ်သွားလုပ်မည်ဖြစ်သောကြောင့် အဖွားဖြစ်သူက စိတ်မချဖြစ်ကာ မြေးလေးကို ခေါ်ထားခဲ့တာဖြစ်ပါတယ်။ထို့ကြောင့်မိဘနှစ်ပါးက အလုပ်သွားလုပ်နေခဲ့တာဖြသ်ပါတယ်။
ကလေးငယ်လေးဟာ မိဘတွေသည် ညနေအချိန်တွင် ပြန်လာလိမ့်မည်ဟူသော မျှော်လင့်ချက်လေးဖြင့် ညစဥ်ညတိုင်းကို ခုံလေးတစ်လုံးကိုယူပြီး ထိုင်စောင့်နေခဲ့တာဖြစ်ပါတယ်။
ကလေးငယ်တို့ဟာ မိဘတို့၏ မေတ္တာကို ငယ်မွတ်နေတတ်ကြပြီး အချိန်တိုင်းမျှော်လင့်နေသူများဖြစ်ကြပါတယ်။