ဗဟုသုတ

ပရိသတ်ကြီးနဲ့ အဆက်သွယ်ပြတ်နေတဲ့ လူရွင်တော်ကြီး ဦးမိုးဒီကိုယ်တိုင် ပြောပြလာတဲ့ သူ့ရဲ့ကျန်းမာရေးအခြေအနေ

ပရိသတ်ကြီးနဲ့ အဆက်သွယ်ပြတ်နေတဲ့ လူရွင်တော်ကြီး ဦးမိုးဒီကိုယ်တိုင် ပြောပြလာတဲ့ သူ့ရဲ့ကျန်းမာရေးအခြေအနေ

အနုပညာသက်တမ်းတစ်လျှောက်မှာသက်တမ်း ၂၀ လောက်ကိုအောင်မြင်မှုတွေထိန်းထားနိုင်တဲ့ လူရွင်တော်ကြီး ဦးမိုးဒီကိုတော့ လူတိုင်းသိကြမှာပါနော်.. ဝါရင့်ဟာသလူရွှင်တော် ဦးမိုးဒီကတော့ရယ်စရာဟာသပြတ်လုံးတွေနဲ့ ဟာသဉာဏ်ရွှင်မှုတွေအပြင် ဟန်ပန်အမူအရာတွေကြောင့် ယနေ့အချိန်ထိပရိသတ်တွေ အမြဲအမှတ်ရနေရတာ ဖြစ်ပါတယ်။

မြန်မာရုပ်ရှင်ဇာတ်လမ်းတိုင်းမှာ လိုလိုပဲ ပါဝင်သရုင်ဆောင်လေ့ရှိတဲ့ ဦးမိုးဒီကြောင့် လူကြီးရော ကလေးငယ်တွေပါ ပျော်ရွှင်ခဲ့ရတဲ့ သက်တမ်းတွေလဲ မနည်းခဲ့ပါဘူးနော်…ခုလက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ကိုဗစ်ရောဂါတွေ ကူးစက်ပြန့်ပွားမှုကြောင့် သက်ကြီးရွယ်အိုအနုပညာရှင်တွေအတွက် ပရိသတ်တွေက စိုးရိမ်နေကြသလို ဦးမိုးဒီရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ စိတ်ပူနေကြပါတယ်..။

ဒီနေ့မှာတော့ လူရွှင်တော်မိုးစက်က တောင်ဥက္ကလာမှာနေထိုင်တဲ့ ဦးမိုးဒီရဲ့နေအိမ်ကို ရောက်ရှိနေကာ အလှူငွေတွေ ပေးအပ်ရင်း နှစ်ယောက်အတူ Live လွှင့်ပြီးပရိသတ်တွေနဲ့ စကားပြောခဲ့ကြပါတယ်..။

ရုပ်သံကြည့်ရန်

ဦးမိုးဒီကတော့ ချစ်ခင်အားပေးပြီး မတွေ့တာကြာပြီဖြစ်တဲ့ ပရိသတ်တွေနဲ့ စကားပြောပြီး လက်ရှိကျန်းမာအခြေအနေတွေကို Live လွှင့်ပြသလာတာဆိုလည်း မမှားပါဘူး..။အသက်(၇၄)နှစ်ကျော်ပြီဖြစ်တဲ့ ဦးမိုးဒီကတော့ လက်ရှိမှာ ကျန်းမာရေးကောင်းမွန်နေပြီး ပရိသတ်တွေနဲ့ရယ်ရယ်မောမော ပျော်ပျော်ပါးပါး စကားတွေအပြန်အလှန်ပြောနေတာ တွေ့ရမှာပါနော်..

ပရိသတ်တွေမေးသမျှကို ပြန်ဖြေရင်း အပြန်အလှန်စကားတွေပြောနေတဲ့ ဘဘဦးမိုးဒီရဲ့ Live ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်မျှဝေပေးလိုက်တာမို့ ပရိသတ်တွေလည်း သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Source : Moe Sat

Zawgyi







Source : Moe Sat