အောင်လအန်ဆန်ကို ၃ ချီနဲ့ အလဲထိုးသတ်ပြီး အနိင်ယူမယ့်ဟု ဂျပန်ဖိုက်တာကြီး ယူရှင်းအိုကာမီ ပြော
Unicode
အောင်လအန်ဆန်ကို ၃ ချီနဲ့ အလဲထိုးသတ်ပြီး အနိုင်ယူမယ်ဟု ဂျပန်ဖိုက်တာကြီး ယူရှင်းအိုကာမီ ပြော
အောင်လနဲ့ပတ်သက်ပြီး အနီးစပ်ဆုံးဖြစ်ပေါ်လာမဲ့ ပွဲကောင်းတစ်ပွဲက ဂျပန်ဖိုက်တာကြီး အိုကာမီနဲ့ဆိုတာ သိုင်းလောကသားများအကြား လူပြောများနေကြပါတယ် …
ဟုတ်ကဲ့ , ကျွန်တော့်အနေနဲ့လဲ ယင်းပွဲစဉ်နဲ့ပတ်သက်ပြီး ပွဲကြိုသုံးသပ်ချက်များအား ပရိသတ်ကြီးထံပါး တင်ဆက်ရေးသားပေးသွားမည်ဖြစ်ကြောင်း ကတိခံခဲ့ပါတယ် ….
တည့်တည့်ပြောရမယ်ဆိုရင် အောင်လနဲ့ အိုကာမီ ဒီMMAမောင် 2 ဦးရဲ့ အရည်အသွေးပိုင်းကတော့ လတ်တလောအခြေအနေအရ ကိုအောင်လကြီးဘက်က အပြတ်အသတ် သာနေပုံထောက်ပါတယ် . ဒါကတော့ စာရေးသူ ကျွန်တော့်ရဲ့ အမြင်မို့ ပရိသတ်ကြီးအနေနဲ့လည်း လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်နော် …
သို့သော်ငြား နတ်ကြီးလွန်းတဲ့ သိုင်းလောကနဲ့ပတ်သက်ပြီး ယတိပြတ်လည်း မပြောဝံ့ပါဘူးဗျာ . တစ်ဖန် ဂျပန်ဖိုက်တာကြီး အိုကာမီဆိုတာကလည်း တစ်ချိန်က ဒိတ်ဒိတ်ကြဲ ကစားသမားကြီးတစ်ဦးပါ .. Fight record အရဆိုရင်လည်း ပွဲပေါင်း 50 မှာ 35 ပွဲတိတိ အနိုင်ရထားသူတစ်ဦးပါ ..
ဒီမောင်မှာ ကြောက်စရာအကောင်းဆုံးလက်နက်ကတော့ ဖြောင့်လက်သီးတွေပါ .. သူအနိုင်ရတဲ့ ပွဲအတော်များများကို လေ့လာသုံးသပ်ကြည့်တဲ့အခါမှာ ဖြောင့်လက်သီးကို ဘယ်ညာတွဲလုံးသုံးပြီး ပွဲသိမ်းနိုင်ခဲ့တာတွေကို ရိပ်စားမိကြပါလိမ့်မယ် ..
သူဟာ Ground Fight ကို တစ်ခါတစ်ရံမှာ ကျင့်သုံးတတ်ပြီး Stand Fight ကိုသာ အသားပေးကစားသူတစ်ဦးအဖြစ် လေ့လာမိပါတယ် . ဆိုတော့ကာ ကိုအောင်လအနေနဲ့ကလည်း နောက်ပိုင်းပွဲစဉ်အတော်များများမှာ Stand Fight ကိုသာ အသားပေးထိုးသတ်လာတာကို တွေ့နေရပါတယ် …
အိုကာမီအနေနဲ့ ဂျူဂျစ်ဆုကို ပိုင်ပိုင်နိုင်နိုင်အသုံးမချနိုင်ပါက 90 % ရှုံးနိမ့်နိုင်ပါတယ် . Power အရမ်းကောင်းတဲ့ ဖိုက်တာကြီး အောင်လရဲ့ High kick နဲ့ ကြောင်ပါးပုတ် Chh ကန်ချက်တွေက အသက် 40 အရွယ် ဂျပန်ဖိုက်တာကြီးကို တုံးကနဲ လဲစေနိုင်ပါတယ် ..
အောင်လရဲ့ ပြင်းထန်လွန်တဲ့ ပါဝါလက်သီးတွဲလုံးတွေနဲ့ပတ်သက်ပြီး လီအန်ဒရိုရဲ့ ပွဲလေးက သက်သေခံခဲ့ပြီးပါပြီ . ကျွန်တော် ကိုဗစ်ဒဏ် ရှင်းရှင်းကင်းပြီလို့ ကြုံးဝါးခဲ့တဲ့ မြန်မာ့စပါးအုံးကြီးက အခုအခါ မိမိကိုယ်မိမိ Confidence အပြည့်နဲ့ တောဘုရင်ရာထူးကို ပြန်ယူဖို့ရန် ဟိန်းသံပေးနေတဲ့အချိန်လည်းဖြစ်သမို့ အိုကာမီအဖို့ အောင်လကို ရင်ဆိုင်နိုင်ရန်အတွက် တစ်ခုတည်းသော ထွက်ပေါက်ကတော့ Ground Fight ကိုသာ သေချာလေ့ကျင့်ထားရန်မှတစ်ပါး အခြားမရှိပါဘူး …
ပွဲရဲ့ ဖြစ်လာနိုင်တဲ့ နောက်ဆုံးရလဒ်ကို ခြုံငုံသုံးသပ်ရမယ်ဆိုရင်ဖြင့် အိုကာမီအနေဖြင့် G F အပိုင်းကို သေချာမပြင်ဆင်လာပဲ S F အနေဖြင့်သာ ဒဲ့ရင်ဆိုင်မည်ဆိုပါက အောင်လကြီးအနေဖြင့် ၃ ချီအထိတောင် ခေါ်သွားဟန်မရှိပဲ အိုကာမီအား စောစီးစွာ ပွဲသိမ်းပေးသွားပါလိမ့်မည်ဟု သုံးသပ်ခန့်မှန်းရင်း ကျွန်တော်ရဲ့ ပွဲကြိုသုံးသပ်ချက်အစီအစဉ်လေးအား နိဂုံးချုပ်လိုက်ပါရစေ ခင်ဗျာ ……..
Crd..Welovecele