အာဏာ သိမ္း စစ္ေကာင္စီ ထီ အျမင့္ဆုံးဆု က်ပ္သိန္းငါးေထာင္သာ ခ်ီးျမႇင့္ႏိုင္
စစ္ေကာင္စီက ဖြင့္လွစ္တဲ့ အႀကိမ္ (၃၀)ႀကိမ္ေျမာက္ က်ပ္တစ္ေထာင္တန္ ေအာင္ဘာေလသိန္းဆုဖြင့္ပြဲကို ဒီေန႔ စက္တင္ဘာ ၁ ရက္က ရန္ကုန္ ေအာင္ဘာေလသိန္းထီဆုဌာနခြဲမွာ က်င္းပခဲ့ၿပီး အျမင့္ဆုံးဆုအျဖစ္ က်ပ္ သိန္းငါးေထာင္ဆုသာ ဖြင့္လွစ္ေပးႏိုင္ခဲ့ပါတယ္။
ဒီလကစလို႔ ထီဆုမဲေရာင္းခ်ရေငြရဲ႕ ၆၀ ရာခိုင္ႏႈန္းအစား ၇၀ ရာခိုင္ႏႈန္းကို ဆုမဲအျဖစ္ တိုးျမႇင့္ခ်ီးျမႇင့္မွာျဖစ္ၿပီး ဆုေငြကိုလည္း ဘဏ္ကေန အကန႔္ အသတ္မထားေတာ့ဘဲ တလုံးတခဲတည္း ထုတ္ယူႏိုင္ေအာင္ စီစဥ္ေပးမယ္လို႔ စစ္ေကာင္စီက ၾသဂုတ္လလယ္ပိုင္းမွာ ေၾကညာခဲ့ပါတယ္။
အာဏာမသိမ္းမီ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလအထိ ဖြင့္လွစ္ခဲ့တဲ့ ေအာင္ဘာ ေလထီဆုမဲေတြမွာ အျမင့္ဆုံးဆုက က်ပ္သိန္းတစ္ေသာင္း ခြဲျဖစ္ပါတယ္။ အာဏာသိမ္းၿပီးေနာက္မွာေတာ့ ဖြင့္လွစ္တဲ့ ထီဆုမဲေတြမွာ အျမင့္ဆုံးဆု က်ပ္ သိန္းငါးေထာင္အထိသာ ခ်ီးျမႇင့္ထားႏိုင္တာျဖစ္ပါတယ္။
ယူနီကုဒ္
အာဏာ သိမ်း စစ်ကောင်စီ ထီ အမြင့်ဆုံးဆု ကျပ်သိန်းငါးထောင်သာ ချီးမြှင့်နိုင်
စစ်ကောင်စီက ဖွင့်လှစ်တဲ့ အကြိမ် (၃၀)ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ဒီနေ့ စက်တင်ဘာ ၁ ရက်က ရန်ကုန် အောင်ဘာလေသိန်းထီဆုဌာနခွဲမှာ ကျင်းပခဲ့ပြီး အမြင့်ဆုံးဆုအဖြစ် ကျပ် သိန်းငါးထောင်ဆုသာ ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။
ဒီလကစလို့ ထီဆုမဲရောင်းချရငွေရဲ့ ၆၀ ရာခိုင်နှုန်းအစား ၇၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် တိုးမြှင့်ချီးမြှင့်မှာဖြစ်ပြီး ဆုငွေကိုလည်း ဘဏ်ကနေ အကန့် အသတ်မထားတော့ဘဲ တလုံးတခဲတည်း ထုတ်ယူနိုင်အောင် စီစဉ်ပေးမယ်လို့ စစ်ကောင်စီက သြဂုတ်လလယ်ပိုင်းမှာ ကြေညာခဲ့ပါတယ်။
အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ဖွင့်လှစ်ခဲ့တဲ့ အောင်ဘာ လေထီဆုမဲတွေမှာ အမြင့်ဆုံးဆုက ကျပ်သိန်းတစ်သောင်း ခွဲဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်မှာတော့ ဖွင့်လှစ်တဲ့ ထီဆုမဲတွေမှာ အမြင့်ဆုံးဆု ကျပ် သိန်းငါးထောင်အထိသာ ချီးမြှင့်ထားနိုင်တာဖြစ်ပါတယ်။