ဗဟုသုတ

နေမကောင်းဖြစ်နေသည့် ဇနီးသည်ကို ဆန်ပြုတ်လေးကျိုတိုက်ချင်လို့ စျေးလာဝယ်ခဲ့သော်လည်း ဆိုင်တွေအကုန်ပိတ်ထားသောကြောင့် ဝမ်းနည်းစွာငိုနေခဲ့သည့် အဖိုး





Unicode

နေမကောင်းဖြစ်နေသည့် ဇနီးသည်ကို ဆန်ပြုတ်လေးကျိုတိုက်ချင်လို့ စျေးလာဝယ်ခဲ့သော်လည်း ဆိုင်တွေအကုန်ပိတ်ထားသောကြောင့် ဝမ်းနည်းစွာငိုနေခဲ့သည့် အဖိုး

လူတိုင်းက မွေးဖွားလာသည်နှင့် အဆင်ပြေစွာ နေထိုင်နိုင်ကြသည်မဟုတ်သော်လည်း လူအချို့ကတော့ အောင်မြင်သူတစ်ဦးအနေဖြင့် အခွင့်အရေးများ ရရှိလာခဲ့သည်။သို့သော်လည်း အဆင်မပြေမှုတွေထဲတွင် သံသရာလည်နေရေသာ လူများဟာလည်း များစွာရှိနေသေးသည် ဖြစ်ပေသည်။

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ ရပ်ကွက်၅တွင် အဖိုးအိုတစ်ဦးဟာ နေမကောင်းသော ဇနီးသည်လေးကို ဆန်ပြုတ်ကျိုတိုက်ရန်အတွက် နေအိမ်တွင် ဆန်ကုန်နေခဲ့သည်။

ထို့ကြောင့်ဆန်1kgလောက်ဝယ်ယူရန် ထွက်လာခဲ့သော်လည်း ဆိုင်များအားလုံးဟာ ပိတ်ထားခဲ့သည့်အတွင် ဝမ်းနည်းစွာငိုနေခဲ့တာဖြစ်ပါတယ်။

အဖိုးအို၏အဖြစ်ကို မြင်တွေ့ခဲ့ရသော Hai Anဆိုသည့် အမျိုးသားဟာ သူ၏နေအိမ်မှ ဆန်ဆီအနည်းငယ်လေးကို ပြန်လည်လှုဒါန်းမှု ပြုလုပ်ပေးခဲ့သောကြောင့် အဖိုးဟာ ကျေးဇူးတင်မဆုံးဖြစ်နေခဲ့ရတယ်လို့ ဆိုပါတယ်။