ဗဟုသုတ

လှည်းတန်းမှာ ကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်းရဲ့မိခင် အဖမ်းဆီးခံရ

“လှည်းတန်း ဆန္ဒပြပွဲမှာ စစ်ကောင်စီက ပစ်ခတ်လို့ သေ ဆုံးခဲ့တဲ့ ကိုညီညီအောင်ထက်နိုင်ရဲ့ မိခင်ကိုဖမ်းဆီးခေါ်ဆောင်သွား”

ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ရန်ကုန်မြို့၊ လှည်းတန်းမှာလုပ်ခဲ့တဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ စစ်ကောင်စီဘက်က ပစ်ခတ်လို့သေဆုံးခဲ့တဲ့ ကိုညီညီအောင်ထက်နိုင်ရဲ့ မိခင်ဖြစ်သူကို ဒီကနေ့စက်တင်ဘာလ ၁ရက်နေ့မှာ စစ်ကောင်စီတပ်တွေက နေအိမ်မှာလာရောက်ဖမ်းဆီးခဲ့တယ်လို့အနီးအနားနေထိုင်သူတွေကပြောပါတယ်။

ရွှေပြည်သာမြို့နယ်၊ လှော်ကားလမ်းမှာရှိတဲ့ ကိုညီညီအောင်ထက်နိုင်တို့ နေအိမ်ကို စစ်ကောင်စီတပ်တွေက ဒီကနေ့မနက်ပိုင်းက ဝင်ရောက်ပြီး ကိုညီညီအောင်ထက်နိုင်ရဲ့အကိုဖြစ်သူ ကိုကိုအောင်ထက်နိုင်ကို ဝင်ရောက်ဖမ်း ဆီးရာမှာ မတွေ့တာကြောင့် မိခင်ဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။

“ဒီနေ့မနက်ကိုးနာရီခွဲလောက်ကတည်းက စစ်ကောင်စီအင်အား ၄၀လောက်နဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ရာအိမ်မှူးတွေနဲ့အတူလာတာ၊ အိမ်ထဲမှာအကြာကြီးပဲ၊ ဘာတွေလုပ်နေလဲမသိဘူး။

သူ့အမေဆီက ဖုန်းတွေယူပြီး သူ့သားအကြီးကိုကိုအောင်ထက်နိုင်ကိုလာအဖမ်းခံဖို့ဖုန်းဆက်နေတာလည်းကြားတဲ့လူတွေကကြားတယ်။၁၂နာရီခွဲလောက်မှာတော့ သူတို့အမေဒေါ်ဝင်းမာကိုဖမ်းခေါ်သွားတယ်” လို့ သိရပါတယ်။

ကိုညီညီအောင်ထက်နိုင်ဟာဆိုရင် ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စစ်ကောင်စီဘက်ကပစ်ခတ်ဖြိုခွင်းမှုတွေစလုပ်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ရက်နေ့က ရန်ကုန်မြို့လှည်းတန်းကျောင်းရှေ့မှတ်တိုင်နားမှာ ဝမ်းဗိုက်ကိုသေနတ်ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

ကိုညီညီအောင်ထက်နိုင်ရဲ့ဖခင်ဖြစ်သူဟာ ရွှေပြည်သာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ရဲ့ရပ်ကျေးဥက္ကဋ္ဌဟောင်းဖြစ်ပြီး သားဖြစ်သူသေဆုံးမှုအပြီးမှာ သားအကြီးဖြစ်သူ ကိုကိုအောင်ထက်နိုင်နဲ့အတူနေအိမ်ကနေ ရှောင်တိမ်းနေတာကြာပြီလို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။

လက်ရှိမှာတော့ အမြွှာညီအကိုနှစ်ဦးရဲ့မိခင်ဖြစ်သူ ဒေါ်ဝင်းမာကို စစ်ကောင်စီတပ်တွေကဖမ်းဆီးခေါ်ဆောင်သွားပြီးနေ့လည်ပိုင်းအထိနေအိမ်ရှေ့မှာ စစ်ကောင်စီကားတွေရပ်ပြီး စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။

unicode

“လှည်းတန်း ဆန္ဒပြပွဲမှာ စစ်ကောင်စီက ပစ်ခတ်လို့ သေ ဆုံးခဲ့တဲ့ ကိုညီညီအောင်ထက်နိုင်ရဲ့ မိခင်ကိုဖမ်းဆီးခေါ်ဆောင်သွား”

ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ရန်ကုန်မြို့၊ လှည်းတန်းမှာလုပ်ခဲ့တဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ စစ်ကောင်စီဘက်က ပစ်ခတ်လို့သေဆုံးခဲ့တဲ့ ကိုညီညီအောင်ထက်နိုင်ရဲ့ မိခင်ဖြစ်သူကို ဒီကနေ့စက်တင်ဘာလ ၁ရက်နေ့မှာ စစ်ကောင်စီတပ်တွေက နေအိမ်မှာလာရောက်ဖမ်းဆီးခဲ့တယ်လို့အနီးအနားနေထိုင်သူတွေကပြောပါတယ်။

ရွှေပြည်သာမြို့နယ်၊ လှော်ကားလမ်းမှာရှိတဲ့ ကိုညီညီအောင်ထက်နိုင်တို့ နေအိမ်ကို စစ်ကောင်စီတပ်တွေက ဒီကနေ့မနက်ပိုင်းက ဝင်ရောက်ပြီး ကိုညီညီအောင်ထက်နိုင်ရဲ့အကိုဖြစ်သူ ကိုကိုအောင်ထက်နိုင်ကို ဝင်ရောက်ဖမ်း ဆီးရာမှာ မတွေ့တာကြောင့် မိခင်ဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။

“ဒီနေ့မနက်ကိုးနာရီခွဲလောက်ကတည်းက စစ်ကောင်စီအင်အား ၄၀လောက်နဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ရာအိမ်မှူးတွေနဲ့အတူလာတာ၊ အိမ်ထဲမှာအကြာကြီးပဲ၊ ဘာတွေလုပ်နေလဲမသိဘူး။

သူ့အမေဆီက ဖုန်းတွေယူပြီး သူ့သားအကြီးကိုကိုအောင်ထက်နိုင်ကိုလာအဖမ်းခံဖို့ဖုန်းဆက်နေတာလည်းကြားတဲ့လူတွေကကြားတယ်။၁၂နာရီခွဲလောက်မှာတော့ သူတို့အမေဒေါ်ဝင်းမာကိုဖမ်းခေါ်သွားတယ်” လို့ သိရပါတယ်။

ကိုညီညီအောင်ထက်နိုင်ဟာဆိုရင် ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စစ်ကောင်စီဘက်ကပစ်ခတ်ဖြိုခွင်းမှုတွေစလုပ်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ရက်နေ့က ရန်ကုန်မြို့လှည်းတန်းကျောင်းရှေ့မှတ် တိုင်နားမှာ ဝမ်းဗိုက်ကိုသေနတ်ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

ကိုညီညီအောင်ထက်နိုင်ရဲ့ဖခင်ဖြစ်သူဟာ ရွှေပြည်သာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ရဲ့ရပ်ကျေးဥက္ကဋ္ဌဟောင်းဖြစ်ပြီး သားဖြစ်သူသေဆုံးမှုအပြီးမှာ သားအ ကြီးဖြစ်သူ ကိုကိုအောင်ထက်နိုင်နဲ့အတူနေအိမ်ကနေ ရှောင်တိမ်းနေတာကြာပြီလို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။

လက်ရှိမှာတော့ အမြွှာညီအကိုနှစ်ဦးရဲ့မိခင်ဖြစ်သူ ဒေါ်ဝင်းမာကိုစစ်ကောင်စီတပ်တွေကဖမ်းဆီးခေါ်ဆောင်သွားပြီးနေ့လည်ပိုင်းအထိနေအိမ်ရှေ့မှာ စစ်ကောင်စီကားတွေရပ်ပြီး စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။