ဗဟုသုတ

မိခင်ဖြစ်သူအလုပ်သွားနေသောကြောင့် အလုပ်ရှိရာဆီသို့ ထမင်းဗူးလေးသွားပို့ပေးသည့် အသက်၃နှစ်အရွယ်သမီးလေး

မိခင်ဖြစ်သူအလုပ်သွားနေသောကြောင့် အလုပ်ရှိရာဆီသို့ ထမင်းဗူးလေးသွားပို့ပေးသည့် အသက်၃နှစ်အရွယ်သမီးလေး၏ ချစ်စဖွယ် အမူအရာလေး

အလွန်သိတတ်လိမ္မာလှသော ကလေးတွေကိုဆိုလျှင် လူတိုင်းဟာ မြင်မြင်ချင်းပင်ချစ်ခင်နှစ်သက်ကြပေသည်။ ကလေးငယ်တို့သည်ကား လောကအကြောင်းကို ဘာမှမသိသေးဘဲ အလွန်ပင်ဖြူစင်ရိုးသား အဖြူထည်လေးများပင်ဖြစ်ပေသည်။

ယခုတွင်လည်း အသက်၃နှစ်အရွယ်သာရှိသေးသည့် သမီးလေးသည် မိခင်ဖြစ်သူ အလုပ်သွားသည်ကို သိရှိနေသောကြောင့် ပင်ပန်းမည်ကို စိုးရိမ်နေခဲ့ပါတယ်။ထို့ကြောင့်ဖခင်ဖြစ်သူကို ပူဆာပြီး မိခင်အလုပ်လုပ်ရာဆီသို့ ထမင်းဗူးလေးသွားပို့ရန် ပူဆာခဲ့ပါတယ်။

ထို့နောက်တွင် သမီးဖြစ်သူဟာ မိခင်အလုပ်လုပ်သည့်နေရာ၏ရှေ့တွေ မိခင်ဖြစ်သူထွက်အလာကို စောင့်မျှော်နေခဲ့ပါတယ်။မိခင်ထွက်လာသည်ကို မြင်လိုက်ရသည်နှင့် ကလေးဟာ ဆိုင်ကယ်ဆီသို့အပြေးသွားပြီး မေမေစားဖို့ဟုဆိုကာ ထမင်းဗူးလေးပြေးယူပေးခဲ့ပါတယ်။