ငယ်ရွယ်နူးညံ့နေသေးတဲ့ Jenny Barobo အမည်ရှိကလေးမလေးဟာ အသက် ၈ နှစ်အရွယ်၌ သူမရဲ့မွေးချင်းများအတွက် ဒုတိယမြောက်မိဘတစ်ဦးလိုဖြစ်နေပါတယ်။
သူမရဲ့မိခင်ဟာ နေမကောင်းဖြစ်နေပြီး လှုပ်ရှားရခက်နေတာကြောင့် Jenny ဟာ မိခင်ဖြစ်သူကိုကျွေးမွေးခြင်းနှင့် အိမ်အလုပ်အများစုကိုပါ တစ်ကိုယ်တည်း လုပ်ကိုင်နေခဲ့ရပါတယ်။ Jenny ဟာ အိမ်အလုပ်များကို မောင်နှမများနှင့်အတူ လုပ်ရသလို ၎င်းမောင်နှမလေးယောက်ကိုပါ ထိန်းကျောင်းဂရုစိုက်ပေးနေရပါတယ်။
Jenny က ကော်ဖီနှင့်သကြားများကို ချေးငှါးတတ်သည့်စတိုးဆိုင်မှအရောင်းစာရေးရဲ့အဆိုအရသူမရဲ့အဖေအား ၎င်းအိမ်မှာ တစ်ချိန်မျှသာ မြင်ဖူးကြောင်း ပြောပြခဲ့ပါတယ်။ အမှန်တော့ ဖခင်ဖြစ်သူက ငွေရှာဖို့ သမုဒ္ဒရာထဲမှာ ငါးဖမ်းထွက်လေ့ရှိပေမဲ့ တစ်ခါတစ်လေမှာ သူ့မိသားစုအတွက် အိမ်ပြန်ပို့ဖို့ ၀င်ငွေမရှိနေခဲ့ပါဘူး။
Jenny က အကြွေးနဲ့သွားယူလေ့ရှိတဲ့ကော်ဖီနှင့်သကြားဟာ သူမရဲ့ငတ်မွတ်နေတဲ့အမေဖြစ်သူရဲ့အစားအစာသာ ဖြစ်ပါတယ်။ ထို့အပြင် မိခင်ဖြစ်သူက ငါးများမရောင်းနိုင်တော့တဲ့အချိန်ကစပြီး မိသားစုဟာ နေ့စဉ်နေ့တိုင်း စားစရာမရှိသလောက်ဖြစ်လာခဲ့တာကြောင့် Jenny ဟာ နို့နှင့်မီးသွေးများကို ချေးဌားရလေ့ရှိခဲ့ပါတယ်။
သို့ပေမဲ့ သူမရဲ့လက်တွေ့အကြောင်းကိုသိနေတဲ့ မျက်မြင်သက်သေတစ်ဦးက စတိုးဆိုင်ရှိအကြွေးများကို ကူညီကာငွေရှင်းပေးခဲ့ပြီး ၎င်းတို့မိသားစုအတွက် သူမအား ဆန် ၅အိတ် ပေးခဲ့ပါသေးတယ်။
ထို့နောက် မိခင်ဖြစ်သူဟာ ၎င်းတို့မှာ ဆန်တွေအများကြီးရှိနေတာနဲ့တင် လုံလောက်သွားစေတာကြောင့် အဆိုပါအလှူရှင်အား ငိုရင်း ကျေးဇူးတင်နေခဲ့ပါတယ်။
ထို့အပြင် လူအတော်များများက Jenny တို့မိသားစုကို အကူအညီပေးချင်နေခဲ့တာကြောင့် Jenny ရဲ့အဖြစ်အပျက်အားမျှဝေပေးခဲ့တဲ့ Virlncncares 2.0 က Jenny တို့မိသားစုထံသို့ဘယ်လိုသွားရောက်နိုင်ပုံကို သူမရဲ့ YouTube channel မှာ အသေးစိတ်ပြန်လည်ဖော်ပြထားပေးခဲ့ပါတယ်။
၎င်းဟာ နောင်လာမယ့်နေ့ရက်တွေမှာ Jenny နဲ့သူမရဲ့မိသားစုရဲ့နေထိုင်မှုဘဝကို ပိုကောင်းမွန်လာစေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။