ပိုက်ဆံ လိုက် မတောင်းလို့ ဒ ဏ်ရာရတဲ့အထိ မိခင်ရဲ့ ရိုက်နှက်နှိပ်စက်တာခံရတဲ့ ကလေးငယ်လေး
(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)
ယခုလိုစီးပွားရေးကြပ်တည်းနေပြီး နိုင်ငံရေးအခြေအနေမတည်ငြိမ်တဲ့ ကာလမှာ ခိုးယူခံရမှုသတင်းတွေ၊ အနုကြမ်းစီးပြီး ပစ္စည်းလုယူခံရတဲ့ သတင်းတွေကိုလည်း မကြာခဏမြင်တွေ့နေရပါတယ်။
စီးပွားရေးအဆင်မပြေမှုတွေကြောင့် အချို့မြို့ကြီးတွေက ကားတွေကြားမှာ သူတို့ရဲ့ ကလေးငယ်တွေကို ပိုက်ဆံလိုက်တောင်း ခိုင်းနေတဲ့ မိဘတွေလည်းရှိကြပါတယ်။
ယခုမှာတော့ မြဝတီမြို့မှာ အရမ်းသနားစရာကောင်းသလို စိတ်မကောင်းဖြစ်စရာလည်း ကောင်းတဲ့ အဖြစ်အပျက်လေးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အကြောင်းကတော့ မြဝတီမြို့က အမျိုးသမီးတစ်ဦးကအသက်မပြည့်သေးတဲ့ သူရဲ့ ရင်သွေးငယ်ကလေးကို ကားတွေကြားမှာ ပိုက်ဆံလိုက်တောင်းခိုင်းနေခဲ့တာပဲဖြစ်ပါတယ်။အဆိုပါသမီးလေးက ပိုက်ဆံလိုက်မတောင်းရင် ညိုမဲစွဲဒဏ်ရာတွေ ရရှိတဲ့အထိ ရိုက်နှက်တာ ဖြစ်ပါတယ်။
လိုက်တောင်းလို့ ပိုက်ဆံများများရတဲ့ နေ့ဆို ဘာမှမပြောပေမယ့် ပိုက်ဆံနည်းနည်းရတဲ့နေ့ဆို အဆိုပါကလေးငယ်ကိုကျောပြင်နဲ့လက်တွေမှာ ဒဏ်ရာရတဲ့အထိ ရိုက်နှက်ပြီး မျက်နှာကို ဆေးလိပ်မီးနဲ့ ထိုးကာ နှိပ်စက်တာ ဖြစ်ပါတယ်။
မိခင်ရဲ့ နှိပ်စက်တာခံနေတဲ့ အဆိုပါသမီးလေးက မျက်နှာဝိုင်းဝိုင်းလေးနဲ့ ချစ်စရာလေးမို့ အနီးပတ်ဝန်းကျင်က စျေးသည်တွေက ချစ်ခင်နေကြတာ ဖြစ်ပါတယ်။
ယခုမှာတော့ အဆိုပါရင်နင့်စရာအဖြစ်အပျက်ကို မကြည့်ရက်တော့လို့ ပတ်ဝန်းကျင်က စျေးသည်တွေနဲ့ ပြည်သူတွေကသနားစရာကောင်းတဲ့ သမီးလေးကို မြဝတီမြို့ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာဆီ ပို့ဆောင်ဖို့ ပြင်ဆင်နေကြပါတယ်။
ပိုက်ဆံလိုက်မတောင်းလို့ မိခင်ရဲ့ ရိုက်နှက်တာခံရတဲ့ သမီးလေးကို ကူညီပေးနေတဲ့ ပြည်သူတွေရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
(Zawgyi)
မိခင်က သူတောင်းစားအတင်းလုပ်ခိုင်းပြီး ရိုက်နှက်နှိပ်စက်တာခံရနေရတဲ့ ကလေးငယ်
ပိုက်ဆံ လိုက် မတောင်းလို့ ဒ ဏ်ရာရတဲ့အထိ မိခင်ရဲ့ ရိုက်နှက်နှိပ်စက်တာခံရတဲ့ ကလေးငယ်လေးယခုလိုစီးပွားရေးကြပ်တည်းနေပြီး နိုင်ငံရေးအခြေအနေမတည်ငြိမ်တဲ့ ကာလမှာ ခိုးယူခံရမှုသတင်းတွေ၊အနုကြမ်းစီးပြီး ပစ္စည်းလုယူခံရတဲ့ သတင်းတွေကိုလည်း မကြာခဏမြင်တွေ့နေရပါတယ်။
စီးပွားရေးအဆင်မပြေမှုတွေကြောင့် အချို့မြို့ကြီးတွေက ကားတွေကြားမှာ သူတို့ရဲ့ ကလေးငယ်တွေကို ပိုက်ဆံလိုက်တောင်း ခိုင်းနေတဲ့ မိဘတွေလည်းရှိကြပါတယ်။
ယခုမှာတော့ မြဝတီမြို့မှာ အရမ်းသနားစရာကောင်းသလို စိတ်မကောင်းဖြစ်စရာလည်း ကောင်းတဲ့ အဖြစ်အပျက်လေးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အကြောင်းကတော့ မြဝတီမြို့က အမျိုးသမီးတစ်ဦးကအသက်မပြည့်သေးတဲ့ သူရဲ့ ရင်သွေးငယ်ကလေးကို ကားတွေကြားမှာပိုက်ဆံလိုက်တောင်းခိုင်းနေခဲ့တာပဲဖြစ်ပါတယ်။အဆိုပါသမီးလေးက ပိုက်ဆံလိုက်မတောင်းရင် ညိုမဲစွဲဒဏ်ရာတွေ ရရှိတဲ့အထိ ရိုက်နှက်တာ ဖြစ်ပါတယ်။
လိုက်တောင်းလို့ ပိုက်ဆံများများရတဲ့ နေ့ဆို ဘာမှမပြောပေမယ့် ပိုက်ဆံနည်းနည်းရတဲ့နေ့ဆို အဆိုပါကလေးငယ်ကိုကျောပြင်နဲ့လက်တွေမှာ ဒဏ်ရာရတဲ့အထိ ရိုက်နှက်ပြီး မျက်နှာကို ဆေးလိပ်မီးနဲ့ ထိုးကာ နှိပ်စက်တာ ဖြစ်ပါတယ်။
မိခင်ရဲ့ နှိပ်စက်တာခံနေတဲ့ အဆိုပါသမီးလေးက မျက်နှာဝိုင်းဝိုင်းလေးနဲ့ ချစ်စရာလေးမို့ အနီးပတ်ဝန်းကျင်က ဈေးသည်တွေက ချစ်ခင်နေကြတာ ဖြစ်ပါတယ်။
ယခုမှာတော့ အဆိုပါရင်နင့်စရာအဖြစ်အပျက်ကို မကြည့်ရက်တော့လို့ ပတ်ဝန်းကျင်က ဈေးသည်တွေနဲ့ ပြည်သူတွေကသနားစရာကောင်းတဲ့ သမီးလေးကို မြဝတီမြို့ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာဆီ ပို့ဆောင်ဖို့ ပြင်ဆင်နေကြပါတယ်။