ဗဟုသုတ

မင်းမော်ကွန်းရဲ့ ရဲရဲတောက်သွေးတွေစီးဆင်းနေတဲ့ သားကြီးအကြောင်း ပြောပြလာတဲ့ ဒါရိုက်တာသည်ခေတ်နေ

မင်းမော်ကွန်းရဲ့ ရဲရဲတောက်သွေးတွေစီးဆင်းနေတဲ့ သားကြီးအကြောင်း ပြောပြလာတဲ့ ဒါရိုက်တာသည်ခေတ်နေ

မင်းမော်ကွန်းကတော့ မြို့ပေါ်မှာကတည်းက ဆန္ဒပြပွဲတွေမှာ ရှေ့ဆုံးကနေပါဝင်ပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တာ ဖြစ်ပါတယ် ။

ပုဒ်မ ၅၀၅ ကနဲ့ ဝရမ်းထုတ်ခံရတဲ့အချိန်မှာတော့ မင်းမော်ကွန်းအနေနဲ့ အာဏာရှင်တွေလက်က လွတ်မြောက်ဖို့အတွက် မနည်းရှောင်တိမ်းခဲ့ရတာ ဖြစ်ပါတယ်

အခုဆိုရင်တော့ မင်းမော်ကွန်းက သူ့ရဲ့မိသားစုတွေကိုပါခေါ်ပြီး လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။

သူ့ရဲ့ဇနီးနဲ့ သားနှစ်ယောက်ကလည်း အိမ်ထောင်ဦးစီးဖြစ်တဲ့ မင်းမော်ကွန်းရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာပြီး သူနဲ့အတူ လိုက်ပါလာခဲ့တာ ဖြစ်ပါတယ်

အခက်အခဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရပေမယ့်လည်း အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်နေတဲ့ မင်းမော်ကွန်းတို့မိသားစုကို ပြည်သူတွေကလည်း လေးစားနေကြတာ ဖြစ်ပါတယ် ။

အခုလည်း ဒါရိုက်တာ သည်ခေတ်နေက သူ့ရဲ့မိတ်ဆွေတွေဖြစ်တဲ့ ကိုပေါက်နဲ့မင်းမော်ကွန်းတို့ရှိတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီနေ့မှာပဲ ဒါရိုက်တာသည်ခေတ်နေက ကိုပေါက်၊ ကိုရဲမင်း၊ မင်းမော်ကွန်းရဲ့သားကြီးတို့နဲ့အတူ ရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်တစ်ခုကို မျှဝေလာခဲ့တာပဲ ဖြစ်ပါတယ် ။

မင်းမော်ကွန်းရဲ့သားကြီးကတော့ဖခင်ဖြစ်သူရဲ့သတ္တိသွေးတွေ အပြည့်ပါသူပီပီ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်နေတာပဲ ဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက်၊ သည်ခေတ်နေနဲ့ မင်းမော်ကွန်းရဲ့သားကြီးဖြစ်သူတို့ရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်

(Zawgyi)









