လုံခြုံရေးဝန်ထမ်း ဖခင်ကို အလုပ်ထဲထိလိုက်လာပြီး မွေးနေ့လေးကို အမှတ်တရပြုလုပ်ပေးခဲ့သည့် သမီးဖြစ်သူကြောင့် အတိုင်းမသိပျော်ရွင်နေရသော ဖခင်
Unicode
လျုံခုံရေးဝန္ထမ်း ဖခင္ကို အလုပ္ထဲထိလိုက္လာပြီး မြေးနေ့လေးကို အမွတ္တရျပုလုပ်ပေးခဲ့သည့် သမီျးဖစ်သူကြောင့် အတိုင်းမသိပော််ရြင်နေရေသာ ဖခင်
မိဘတို့၏ကျေးဇူးကို သိတတ်သော သားသမီးလိမ္မာလေးများသည် မည်သို့သော အချိန်အခါမှ ဆင်းရဲလိမ့်မည်မဟုတ်ဘူးဆိုသည့်မြန်မာတို့၏ ဆိုရိုးစကားဟာလည်း ရှိနေခဲ့တာဖြစ်ပါတယ်။ဘဝတစ်ခုလုံးကို ပြုစုပျိုးထောင်လာခဲ့သော မိဘတို့၏ကျေးဇူးကို သိတတ်ရန်မှာ သားသမီးတို့၏ တာဝန်ပင်ဖြစ်ပေသည်။
ယခုတွင်လည်း Hua Cong Suဆိုသည့် အသက်၅၇နှစ်အရွယ်ဖခင်တစ်ဦးဟာ အသက်၂၁နှစ်အရွယ် Hua Hoan Bao Hoaဆိုသည့်သမီးလေးကြောင့် ဘဝ၏ပျော်ရွင်ဖွယ်ရာအကောင်းဆုံးသော အခိုက်အတံ့လေးကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။
သမီးဖြစ်သူဟာ ဖခင်၏အလုပ်ထဲထိလိုက်သွားပေးကာ မွေးနေ့ကိတ်လေးဖြင့် ပျော်ရွင်ဖွယ် မွေးနေ့ပွဲလေးကို ဖန်တီးပေးခဲ့တာလည်းဖြစ်ပါတယ်။
ဖခင်ဖြစ်သူဟာ သားသမီးသုံးဦးအထိရှိပြီး သားသမီးတို့အတွက် လိုလေသေးမရှိအောင် အမြဲတမ်းအလုပ်ကြိုးစားနေတာဖြစ်ပါတယ်။
သမီးဖြစ်သူ၏ ကျေးဇူးသိတတ်မှုကြောင့် ဖခင်ရဲ့ ပင်ပန်းမှုတွေဟာ ပယ်ပျောက်စေခဲ့ပြီဖြစ်ပါတယ်။