News

“ပြည်သူတွေကို အမှာစကားလေး ပါးလိုက်တဲ့ လွတ်မြောက်နယ်မြေရောက် ဒါရိုက်တာကိုပေါက်”

“လျှောက်နေတဲ့လမ်းကနေ ဘယ်တော့မှ နောက်ပြန်လှည့်လာမှာ မဟုတ်ဘူး” ဆိုတဲ့ ဒါရိုက်တာကိုပေါက် လွတ်မြောက်နယ်မြေရောက်ရှိနေပါတယ်

“‘မြန်မာနိုင်ငံကို အသက်မရှိတဲ့ ရွှေ့ပြောင်းလို့မရတဲ့ မြေကြီးတစ်ခုလိုမမြင်ဘဲ သက်ရှိလူသားတစ်ယောက်လိုအစားထိုးခံစားကြည့်စမ်းပါ။

တော်တော်သနားဖို့ကောင်းတယ်။ရင်နာစရာအဖြစ်အပျက်တွေ အများကြီး ကြုံခဲ့ရတယ်။

နှစ်ပေါင်း၇၀ကျော် အနိုင်ကျင့် နှိပ်စက်တာကိုခံခဲ့ရတယ်။အခုလဲခံနေရတုန်းပဲ။

သူ့ရဲ့ နာကျင်ခံစားခဲ့ရတဲ့ဝေဒနာတွေကို ကျနော်တို့ရဲ့အသက်သွေးချွေး ဘဝတို့နဲ့ ရင်းပြီး ကုစားပေးကြရမယ်။

ဒါဟာ သမိုင်းပေးတာဝန်တစ်ခုဖြစ်တယ်။

ဒီတာဝန်ကိုဘယ်သူကမှပေးတာမဟုတ်ဘူး။

ကျနော်တို့တွေ ကိုယ့်အသိစိတ်နဲ့ကိုယ် လိပ်ပြာလုံလုံနဲ့ပေးဆပ်ရင်း ကိုယ့်သမိုင်းကိုယ်ရေးကြရမယ်။

အခုကျနော်လျှောက်နေတဲ့လမ်းကနေဘယ်တော့မှနောက်ပြန်လှည့်လာမှာလဲ မဟုတ်ဘူး။

အရင်က သက်တောင့်သက်သာ ဘဝတွေထက် ခက်ခဲမယ်ဆိုတာသိတယ်။

သိသိနဲ့ရွေးခဲ့တဲ့ခရီးအတွက် ဘယ်လိုအကြောင်းအရာမျိုးကိုမှ မငြီးညူခဲ့ဘူး။

ဒုက္ခထဲမှာ ကျနော်ပျော်ပါတယ်။အရေးတကြီးပြောချင်တာက ကျနော်တို့ထက်ဆိုးတဲ့ကလေးတွေကအများကြီးပါ။

ကျနော်တ်ို့ဒုက္ခက သူတ်ို့တွေရင်ဆိုင်နေရတာထက်အများကြီးသေးပါတယ်။

မြန်မာပြည်အနှံ့ကလူငယ်တွေ တော်လှန်ရေးရဲဘော်တွေကိုစာနာပေးပါ၊ကူညီပေးပါ၊ထောက်ပံ့ပေးကြပါ။

နောက်ဆုံး မေတ္တာပေးပါ။

ပုံ-လွတ်မြောက်နယ်မြေက ဝါးတဲလေးပေါ်မှာတွေ့ရတဲ့ ကိုကြီးပေါက်….

ကိုပေါက်

၂၉.၈.၂၀၂၁ (မြန်မာပြည်အစွန်အဖျားတစ်နေရာ)

ရဲမင်း(AAC)—🚩

လွတ်မြောက်နယ်မြေ….

30/8/2021…