News

“နိုင်ငံအနှံ့ ရောက်ဖူးချင်တဲ့ မိခင်ရဲ့ ဆန္ဒလေးကို. . . ရှိတဲ့ ဆိုင်ကယ်လေးနဲ့ လိုက်ပို့ပေးပြီး ဖြည့်ဆည်းပေးခဲ့တဲ့ သားလိမ္မာလေး”

မိခင်ဖြစ်သူ၏ နိုင်ငံအနှံမှ အထင်ကရနေရာတွေကို ရောက်ဖူးချင်သည့် ဆန္ဒလေးကို ဆိုင်ကယ်ဖြင့်မောင်းပို့ပြီး ဖြည့်ဆည်းပေးခဲ့သည့် သားလိမ္မာလေး

လိမ္မာလှသော သားသမီးတိုင်းသည် မိမိတို့အား ငယ်စဥ်ကတည်းကပင် ကျွေးမွေးပြုစုလာခဲ့သော မိဘတို့အား ပြုံးပျော်နေသည်ကိုသာ မြင်တွေ့လိုကြပေသည်။

Truong Kim Hoangဆိုသည့် ဗီယက်နမ်မှ မိခင်တစ်ဦးဟာ သားသမီးခြောက်ဦးကို မွေးဖွားထားသူတစ်ဦးလည်းဖြစ်ပါတယ်။

တစ်နေ့တွင် သူမဟာ သားအငယ်ဆုံးဖြစ်သူ Ngo Tan Thanhနှင့် တီဗွီအတူတူကြည့်နေရင်းမှ သူမဟာ ဘယ်အချိန်မှ နိုင်ငံအနှံရှုခင်းတွေကို ကြည့်ရှုခွင့်ရမလဲ မသိဘူးဆိုပြီး ပြောဆိုမိခဲ့ပါတယ်။

ထိုအခါသားအငယ်ဆုံးဖြစ်သူက မိခင်၏ ဆန္ဒကို သိရှိသွားခဲ့ပြီး ချက်ချင်းပင် ဆိုင်ကယ်ဖြင့် မိခင်ဖြစ်သူသွားလို့သည့် နေရာများကို လိုက်ပို့ရန် စီစဥ်ခဲ့ပါတယ်။ထို့နောက်တွင် မိခင်ဖြစ်သူကို နိုင်ငံအနှံ ၆ရက်တိတိကြာအောင် လိုက်ပို့ပေးခဲ့ပြီးပျော်ရွင်စေခဲ့တယ်လို့ သိရပါတယ်။